Monday, 27 December 2010

မဲလိမ်မဲခိုးခဲ့တဲ့ စစ်တပ်ပါတီ ဘာလဲ၊ ဘယ်လဲ

ယူနီဖောင်းချွတ်ကြရတော့မည့် စစ်ဗိုလ်ချုပ်ကြီးများ ၏ စစ်တပ်ပါတီ နှင့် စစ်သားနိုင်ငံရေး
"မြန်မာ စစ်ခေါင်းဆောင်တွေ ကို စကားပြောရတာဟာ သေနေတဲ့ မသာတွေ နဲ့ စကားပြောရသလိုပါပဲဗျာ။"
(လီကွမ်ယု- စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း)

(WFWW)

မဲလိမ်မဲခိုးခဲ့တဲ့ စစ်တပ်ပါတီ ဘာလဲ၊ ဘယ်လဲ။ အဖြေကတော့ ရှင်းနေပါပြီ။ လာမည့် ၂၀၁၀ နှစ်သစ်မှာ စစ်သားနိုင်ငံရေး၊ စစ်သားလွှတ်တော်၊ စစ်သားနိုင်ငံတော် တည်ဆောက်မှု အတွက် စနစ်တကျ ပြင်ဆင်နေကြပါပြီ။

စစ်တပ်က ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီ ဟာ မဲလိမ်မဲခိုး မှုတွေရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အပြီး တိုင်းပြည် အာဏာ တာဝန်ခွဲဝေယူရေး အစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက်မှ စတင်ပြီး နေပြည်တော်မှာ တံခါးပိတ် ကျင်းပလျက်ရှိကြောင်း သိရပါတယ်။

ဒီ တံခါးပိတ် အစည်းဝေးကနေ ဘယ်သူတွေကို အစိုးရ အဖွဲ့ မှာ တာဝန်ပေးမလဲ၊ အစိုးရ အဖွဲ့ ထက် အာဏာ ရှိတဲ့ အမျိုးသားလုံခြုံရေးကောင်စီ အဖွဲ့ မှာ ဘယ်သူတွေ တာဝန်ယူထား သလဲ၊ စစ်ခေါင်းဆောင်တပ်မှူးများ နှင့် ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အခွင့်အာဏာ တာဝန်ယူမှု တွေ ဘယ်လိုခွဲခြားထားမှုရှိတယ် ဆိုတာတွေကို စစ်တပ်ပါတီ မှ ကိုယ်စလှယ်များအားလုံး သိရှိစေရန် ကြိုတင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိနအဖ အစိုးရ မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဒု-၀န်ကြီး၊ ၀န်ကြီးတွေရဲ့ အနာဂတ်အခြေအနေတွေ နှင့် ပက်သက်ပြီး အစည်းအဝေး မတိုင်ခင် ရက်ပိုင်းကလည်း နအဖထိပ်ပိုင်း ခေါင်းဆောင်တချို့ ကြိုတင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ မဲလိမ်မဲခိုး မှုတွေရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အပြီး အသစ်ဖွဲ့စည်းမဲ့ အစိုးရအဖွဲ့ မှာ ယူနီဖောင်းချွတ်ခံကြရတော့မဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ အများအပြား ရှိနေကြောင်း နေပြည်တော်က လာတဲ့ သတင်းများအရလည်း သိရှိရပါတယ်။ ဘယ်ထိပ်တန်း ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ၊ တပ်မှူးအကြီးအကဲတွေ ယူနီဖောင်းချွတ်ကြရတော့မှာကို အတိအကျမသိရသေးပေမဲ့ ၊ ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ကတော့ စစ်တပ် မှာပဲ ယူနီဖောင်းဝတ်ပြီး အကြီးအကဲ ရာထူးတာဝန်များကို ဆက်လက် ထမ်းဆောင် သွားမှာဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်း က လာတဲ့ သတင်းများအရ သိရှိရပါတယ်။

နောက်ဆက်တွဲသတင်းထဲမှာ ပဲ စစ်တပ် က ယူနီဖောင်းချွတ်ခံကြရတော့မှာထိပ်တန်း စစ်ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ ရဲ့ မိသားစုဝင်တွေဟာရွှေဈေးကွက်မှာ ရွှေတွေ ကို လိုက်ဝယ်ယူမှုတွေကြောင့် ကမ္ဘာ့ ရွှေဈေး ကျလာ သော်လည်း မြန်မာ့ ရွှေဈေး တက်လာကြောင်း နှင့် မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင် များ အသင်းက ရွှေဈေးကွက် တည် ငြိမ်မှု ရှိနေ စေရန် သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီး နှင့် ပူးပေါင်း ဆောင် ရွက် နေကြောင်း မြန်မာ နိုင်ငံ ရွှေ လုပ်ငန်းရှင်များ အသင်း၏ အဋ္ဌမအ ကြိမ်မြောက် အသင်းသား စုံညီ အ စည်း အဝေးမှ သိရသည်။

အာဏာရှင်ဟောင်း ဦးနေ၀င်း က အနှစ် ၂၀ ကျော်အတွင်း မြန်မာပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနည်းဆုံး(LDC) အဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက် ပေးခဲ့သလို၊ သန်းရွှေ မောင်အေးဦးဆောင်ခဲ့တဲ့ နအဖ အာဏာရှင်စစ်အုပ်စု က လည်း အနှစ် ၂၀ အတောအတွင်း မှာ တိုင်းပြည်ကို အဘက်ဘက်က ကျရှုံးနေသောနိုင်ငံအဆင့် (Failed States ) အဖြစ်သို့ ရောက်ရှိလာအောင် လုပ်ပေးနိုင်ခဲ့ပြီးပါပြီ။ ၂၀၁၀ အပြီးတက်လာမဲ့ စစ်သားလွှတ်တော်နှင့် စစ်သားနိုင်ငံရေးသမား တွေကတော့ နောက်ထပ် အနှစ် ၂၀ မြန်မာပြည်ကို ( Black Hole) ချောက်ထဲကို တွန်းချကြတော့မှာပါ။

ဆက်၍သာ ကြည့်ရှု့ စောင့်မျှော်ကြပါ။

1 comment :

ဒေါ်ဖေါ said...

မဲကလည်း ခိုးလို့ကို မပြီးနိုင်တော့ဘူးနော်...။