အသက် ၁၈ နှစ် ပြည့်ပြီသူတိုင်း စစ်မှုမထမ်း မနေ ရ အမိန့် ထုတ်ပြန်လာပါတယ်။ ဒီအမိန့် ကိုငြင်း ဆန်ရင် ထောင် ၅နှစ်ကျမယ်လို့ ဆိုတယ်။ ဘာကြောင့်ထုတ်ပြန်လာတာလဲ ။ စစ်တပ်ထဲမှာစစ်သားမရှိတော့ဘူး။ ဗိုလ်က များ ပြီး စစ်သားက မရှိတော့ဘူး။ လက်နက်တွေကတော့မျိုးစုံရှိတယ်။ စစ်သားတွေမရှိတော့လို့ ဖြစ်ပါတယ်။
အဓိက အကြောင်းအရင်း
ဘာကြောင့်စစ်သားတွေ မိခင်တပ်ရင်းတွေက ထွက်ပြေးနေကြတာလဲလို့ မေးရင်အဓိက ၃ ချက်ကြောင့်လို့ ဖြေရပါတယ်။ ဒါတွေကတော့ -
တစ်- လဘ် စားမှု
နှစ်- လဘ်စားမှု
သုံး- လဘ်စားမှု
တွေဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေ၊ တိုင်းမှုတွေ၊တပ်မှုတွေ ဟာ သူခိုးကြီးတွေဖြစ်တယ်။ သိပ်လာစားတယ်။
အောက်ခြေတပ်သားတွေက စားစာရမရှိအောင်ငတ်နေတယ်။ သူတို့ က ထားစာမရှိအောင်ဖြစ်နေတယ်။
ဒီကွာဟမှုက သိပ်ကိုကြီးထွားနေပြီ။
စစ်သားနှစ်သိန်းကျော်ထွက်ပြေးတယ်။
နအဖ စစ်တပ်ဖွဲ့ စည်းပုံအရ တပ်ရင်းတရင်းဟာ စစ်သာ ၇၇၇ ယောက်ရှိရမှာဖြစ်ပါတယ်။ တပ်ရင်းပေါင်း က ၅၀၀ ခန့် ရှိတယ်။ ဒါကြောင့် ၇၇၇ အမြောက် ၅၀၀ ဟာ တပ်သား ၃၈၈၅၀၀ ( လေးသိန်းနီးပါးရှိရမှာဖြစ်ပါတယ်။ ) ကျနော်တို့ မနပုလောစစ်ဆင်ရေးကာလမှာ တပ်ရင်းတရင်းဟာ ၆၀၀ ကနေ ၇၇၇ ယောက်ကြားမှာရှိပါတယ်။ ခုတော့ တပ်ရင်းတရင်းဟာစစ်သား ၆၀ ကနေ ၁၂၀ ခန့် ပဲရှိပါတော့တယ်။
ဒါကြောင့် တပ်ရင်ပေါင်း ၅၀၀ အတွက် ဟာ တပ်သား ၆သောင်းခန့် ပဲရှိပါတော့တယ်။ ပိုပိုသာသာ ရဲတွေကိုပါပေါင်းလိုက်ရင်း တော့ တသိန်း ၂သောင်း ခန့် ပဲရှိတော့တယ်လို့  ခန့် မှန်းနိင်ပါတယ်။
ဒီထဲမှာကလေးစစ်သား တွေလည်းပါတယ်။ တိုင်းရင်းသားတွေနဲ့ အပြစ်ခတ်ရပ်စဲထားကာလ ၁၂ နစ်ခန့် အတွင်းမှာ စစ်တပ်က တိုက်ရည်ခိုက်ရည်ကျဆင်းလာတယ်။ စိတ်ဓါတ်အလွန်အမင်းကျဆင်လာတယ်။
ခေါင်းဆောင်တပ်မှုတွေရဲ့ လပ်စားမှုချစားမှုတွေ က အဆိုးဝါးဆုံးဖြစ်လာတယ်။ ဥပမာ မြ၀တီမှာတာဝန်ကျတဲ့စစ်ဗျူုဟာမှုဟာ တနေကိုဒေါလာ ၂သောင်းဝင်ငွေရှိတယ်။ ဒီအချိန်မှာတပ်သားအများစုကငတ်နေတယ်။ စုတ်ပြတ်နေတယ်။ ဒီကေဘီအေ တပ်မှုး ဗိုလ်မှုစောလှဘွယ်က အောက်ခြေစစ်သားလေးတွေရဲ့ ဘ၀ကိုသူကိုယ်ချင်းစာတယ်။ သနားတယ်လို့ တောင်ထုတ်ပြောရတဲ့အထိပါ။
ထိုင်းနိင်ငံ အမျိုးသားလုံခြုံရေး က တာဝန်ရှိသူတဦးရဲ့ အဆိုရ ထိုင်းနိင်ငံထဲကို မြန်မာ စစ်သားတွေ တရားမ၀င်အလုပ်သမားတွေအဖြစ်နဲ့  တဖွဲဖွဲ ၀င်ရောက်နေတယ်။ အရင်ကသူတို့ ဆိုးရိမ်မိတယ်လို့ ဆိုတယ်။ နောက်မှသူတို သတိပြုမိလာတာကတော့ သူတို့ ဟာ စီးပွားရေးဒုက္ခကြောင့်တပ်ကနေ စွန့် လာသူတွေဖြစ်တယ်ဆိုတာကို ကောက်ချက်ချမိတယ်။ မြန်မာစစ်တပ်အင်အားဟာ ၄ သိန်းခွဲဆိုတာမဟုတ်တော့ဘူး ပုလိပ်တွေပါပေါင်း မှာ တသိန်း ကျော်ဟာအလွန်ဆုံးပဲလို့ သူကဆိုပါတယ်။
ဘန်ကောက်အခြေစိုက် အမေရိကန် သံရုံးမှာ စစ်သံအသိုင်းအ၀ိုင်းကလည်း ဒီအချက်ကို သတိပြုမိလာတယ်ဆိုတယ်။ စစ်တပ်အတွင်း Inward Explosion အတွင်းလှိုက်ပြိုခြင်းဖြစ်နေပြီလို့  ကောက်ချက်ချထား ပါတယ်။
၁၂ နစ်ကျော်အတွင်းမှာ စစ်သား ၂ သိန်းကျော်ထွက်ပြေးသွားခဲ့ပြီဆိုတာ ကောက်ချက်ချနိင်ပါတယ်။ မြန်မာ စစ်တပ်က တခြားနိင်ငံတကာတပ်ဖွဲ့တွေလို အာဏာသိမ်းတာတွေဖြစ်ဖို့ ထက် အောက်ခြေက ပြို ကျသွားမဲ့အနေထားက ပိုများနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။
ထိုင်းနိင်ငံ အမျိုးသားလုံခြုံရေး က တာဝန်ရှိသူတဦးရဲ့ အဆိုရ ထိုင်းနိင်ငံထဲကို မြန်မာ စစ်သားတွေ တရားမ၀င်အလုပ်သမားတွေအဖြစ်နဲ့  တဖွဲဖွဲ ၀င်ရောက်နေတယ်။ အရင်ကသူတို့ ဆိုးရိမ်မိတယ်လို့ ဆိုတယ်။ နောက်မှသူတို သတိပြုမိလာတာကတော့ သူတို့ ဟာ စီးပွားရေးဒုက္ခကြောင့်တပ်ကနေ စွန့် လာသူတွေဖြစ်တယ်ဆိုတာကို ကောက်ချက်ချမိတယ်။ မြန်မာစစ်တပ်အင်အားဟာ ၄ သိန်းခွဲဆိုတာမဟုတ်တော့ဘူး ပုလိပ်တွေပါပေါင်း မှာ တသိန်း ကျော်ဟာအလွန်ဆုံးပဲလို့ သူကဆိုပါတယ်။
ဘန်ကောက်အခြေစိုက် အမေရိကန် သံရုံးမှာ စစ်သံအသိုင်းအ၀ိုင်းကလည်း ဒီအချက်ကို သတိပြုမိလာတယ်ဆိုတယ်။ စစ်တပ်အတွင်း Inward Explosion အတွင်းလှိုက်ပြိုခြင်းဖြစ်နေပြီလို့  ကောက်ချက်ချထား ပါတယ်။
၁၂ နစ်ကျော်အတွင်းမှာ စစ်သား ၂ သိန်းကျော်ထွက်ပြေးသွားခဲ့ပြီဆိုတာ ကောက်ချက်ချနိင်ပါတယ်။ မြန်မာ စစ်တပ်က တခြားနိင်ငံတကာတပ်ဖွဲ့တွေလို အာဏာသိမ်းတာတွေဖြစ်ဖို့ ထက် အောက်ခြေက ပြို ကျသွားမဲ့အနေထားက ပိုများနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။
ထွက်ပြေးတဲ့စစ်သားအများစုက ကချင်ပြည်နယ်မြောက်ပိုင်းနဲ့  ကရင်ပြည်နယ်၊ ထိုင်းနိင်ငံတွေထဲကိုထွက်ပြေးလာကြပြီ ရရာအလုပ်တွေလုပ်ကိုင်စားသောက်နေကြတယ်လို့ သိရပါတယ်။ အများစုကနယ်စပ်ဒေသ တဖက်နိင်ငံတွေရှိတဲ့ စိုက်ခင်းတွေမှာ စိုက်ပျိးရေးအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေကြပါတယ်။ စစ်မှုမထမ်း အမိန့် ကိုထုတ်ပြန်လာတဲ့ ရည်ရွယ်ချက်ကတော့ စစ်သားလိုအပ်နေတယ်။ ၈၈ အာဏာသိမ်းတော့ပါတီတွေထောင်ကျတယ်။ ကျနော်တို့ လူဘောင်သစ်ပါတီမှာ လူတိုင်းစစ်မှုမထမ်းမနေရ ကျင့်သုံးမယ်လို့ ပေါလစီအနေနဲ့  ပါပါတယ်။ ဒါကို ဒီအချိန်က န၀တ က မကြိုက်ဘူုး။ ကျနော်တို ဒီမိုကရေစီရ ရရင် ဒီပေါလစီကိုကျင့်သုံဖို့  ထည့်တာကတော့ စစ်တပ်က အာဏာသိမ်းတာ၊ စစ်ဝါဒ ကြီးထွားလာမှုကို ထိမ်းညှိနိင်အောင်ရည်ရွယ်ချက်ပါ။
ဒီနေ့ နအဖ က ဒီအမိန့် ကိုထုတ်ပြန်လာတာကတော့ စစ်တပ်ဟာ စစ်အင်အား တသိန်းကျော်ပဲရှိတော့တယ်။ စစ်အင်းအားမလုံလောက်တော့ဘူး ။ စစ်ဆင်ရေးကြီးတွေ လုပ်လာရင်သူတို့ မှာအင်အားမရှိတော့ဘူး။
စိတ်ဓါတ်၊လူအင်အား ၊ လက်နက်၊ သင်တန်းတွေလုပ်နိင်မှသာအရေအသွေးကောင်းတဲ့တပ်မတော်ကိုတည်ဆောက်နိင်မယ်။ ဒီလိုလုပ်ဖို့  ငွေလိုတယ်။ ရေရည်လုပ်ငန်းဖြစ်တယ်။ လက်ရှိစစ်တပ် က ဒီအားနည်းချက်ကို ပြုပြင်ဖို့  အချိန်နှောင်းနေပြီ။
လဘ်စားမှုကိုတိုက်ဖျက် မှသာ သူတို့ တပ်ကိုပြန်လည်တည်ဆောက်နိင်မှာသာဖြစ်တယ်။ လူတိုင်း စစ်မှုမထမ်းမနေရ အမိန့်ပြဌာန်းလိုက်ရုံနဲ့ တပ်ကို တည်ဆောက်လို့ မရပါဘူး။
ဟန်ချက်ညီတိုက်ကြ ပါစို့  -
ကျနော်တို့ မြေအောက် ကွန်ယက်တွေက ရဲဘော်တွေကို စစ်ထဲ သွင်းပေးတဲ့နည်းစနစ်တွေကို ကျနော်တို့ ပြင်ဆင်ရမယ်။ လုပ်ရမယ်။
မြောက်ပိုင်း ကချင် နဲ့ ဝ ဖက်က စစ်ဆင်ရေး တွေလုပ်လာမယ်။ တောင်ပိုင်းက ကရင်၊ ရှမ်း၊ ကရိမ်နီ တို့ ကလည်း စစ်ဆင်ရေးတွေဟန်ချက်ညီလုပ်လာနိင်မယ်။ ပြည်တွင်းကလည် သံဃာ၊ ကျောင်းသား၊ ပြည်သူတွေရဲ လှုပ်ရှားမှုတွေကို ပြန်ဖေါထုတ်လာနိင်မယ်ဆိုရင်၂၀၁၁ ဟာ ကျနော်တို့ အတွက်ဖြစ်လာမယ်။
19 comments :
ပြည်တွင်းစစ်အတွက် ဥပဒေနဲ့ပေါ်တာဆွဲတာဘဲ ရှေ့တန်းမှာသေရမယ့်အတူတူ ခြေညောင်းမခံတော့ဘူး သင်တန်းမှာပဲ သင်းတို့ကိုပြန်တိုက်ရင်းသေလိုက်မယ် ကြံ့ဖွတ် ၂၄သန်းကဘယ်ယောက်သွားတာလဲ...သေကုန်ပြီလား
နောက်ဆုံးစာပိုဒ်ထဲကအတိုင်းလုပ်ကြမယ်....
i thank so,when the spdc attack to kyeik don and border line their force are too strong,for now they can show their force only in TV.to becoming people affraid them.
အောက်ဆုံးအပိုဒ်ထဲကအတိုင်းလုပ်ကြမယ်
ကြည်း၊ရေ၊လေ တပ်မတော်တွင်းကသူငယ်ချင်းရေ..........
ရဲရဲတောက်တိုက်စစ်ဆင်ကာနေ.......
.............................
................
စစ်မြေမှာအရိုးစုတွေကပုံ...............
Perfect. Now we will get free training, equipment, room and board
and a salary. Awesome!!!
Haha!! Too many Generals and no soldiers!!!!
I see that many young Burmese people will be leaving from the country because of the consequence of this law soon. Burmese labour force will be in tragic. It should be noted that what if all member of NLD and activists join the Burmese army.
Think about it!
This law is a confirmation that Burmese military is running out of soldiers and a sign of deterioration.
"ဒို့ ကျောင်းသားတွေ ညီရဲ့  လား ဟေ့ ထင်တာ ဘဲ ထင်တာဘဲ" ဆိုတာ ပြီးသင့်ပါပြီ အတ္တစွန့် ကြပါ
အထဲမှာ ဒေါ်စု (အားလုံးသိတယ်) ကဲ အပြင်မှာ ခေါင်းဆောင်ဘယ်သူလဲ?
ကျတော်တို့  စုစီးသင့် ပြီ
အောင်မြင်ဖို့အတွက်လမ်းပွင့်သွားတာပေါ့..သေနပ်ပြောင်းနောက်ကိုပြန်လှည့်ရတာပိုပြီးလွယ်ပါတယ်...လမ်းပေါ်မှာဆန္ဒပြရင်ခုခံစရာဘာလက်နက်မှမရှိဘူး..ခုသူသေ..ကိုယ်သေချလို့ရပြီကွ..ဒင်းတို့ကိုအမြစ်ဖြုတ်လို့ရတော့မယ်..ဟဟဟ
ကြိုက်တယ် စစ်မှု့ မထမ်းမနေ၇ ဆိုတဲ့အချက်ကလုပ်ပါလို့ အားပေးလိုက်ကြပါဒါမှလက်နက်ကိုင်ပြီးအနီးကပ်လုပ်ခွင့်၇မှာ..သူတို့ သေတွင်းသူတို့ တူးနေတာ..ကြိုဆိုနေပါတယ်လို့ .....
"""""ကြိုက်တယ် စစ်မှု့ မထမ်းမနေ၇ ဆိုတဲ့အချက်ကလုပ်ပါလို့ အားပေးလိုက်ကြပါဒါမှလက်နက်ကိုင်ပြီးအနီးကပ်လုပ်ခွင့်၇မှာ..သူတို့ သေတွင်းသူတို့ တူးနေတာ..ကြိုဆိုနေပါတယ်လို့ ....."""""
အပေါ်ကကော်မန့်ကိုရေးသွားတဲ့ ပုဂ္ဂိုလ်ရေ ခင်ဗျားဇရှိရင် တပ်ထဲကို ခုဝင်လိုက်ပါ...ခင်ဗျားလုပ်ချင်တဲ့ကိစ္စတွေက ခုဝင်လည်း စောက်ဖြစ်ရှိရင် လုပ်လို့ရပါတယ်ဗျာ...ခင်ဗျားလေလုံးထွားပုံက စောက်ဖြစ်ရှိမယ့်သူမဟုတ်ဘူးဆိုတာ သိသာလွန်းပါတယ်...စစ်မှု့ မထမ်းမနေရဆိုမှ ဘာလုပ်မယ်ညာလုပ်မယ် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ လေလှိုင်းထဲမှာ အခြောက်လို ကြိမ်းမနေပါနဲ့ဗျာ...ခုဝင်လိုက်ဗျို့ ခုဝင်လည်း လုပ်လို့ဖြစ်ပါတယ်ဗျ...ခင်ဗျားအဖြစ်ရှိလို့ ဗိုလ်ချုပ်တယောက်လောက်ကျသွားလည်း မနည်းဘူးလေ..ခင်ဗျားကို NLD အဖွဲ့အစည်းက ဒီလိုလုပ်ရင် သူရဲကောင်းမှတ်တမ်းဝင် ပေးမှာပါ..သူတို့ထဲမှာ ဒီလိုလုပ်ရဲတဲ့သူက ခပ်ရှားရှားလေ...ခက်တာက လေထုတိုက်ပွဲတွေ ခင်ဗျားတို့ဆီပါ ဓါတ်ကူးကုန်တာတော့ စိတ်မကောင်းစရာပဲ...။
I will volunteer to enlist DawPhaw!!!
its not that easy to join the army and fight them back, once you are under military command and you don't know who to trust, you are likely to be follow the order whether you like it or not. so things come worse for democratic group
တည်ငြိမ်ဖွံ့ဖြိုးနေတဲ့ နိုင်ငံကို အီရတ် အာဖဂန်လို ပြာပုံဖြစ်တာ မြင်ချင်တယ်ထင်တယ်။မင်းတို့ ဘယ်လိုပဲ တပ်မတော်ကို တိုက်ခိုက်တိုက်ခိုက် တပ်မတော်ကတော့ ပြည်သူ့တွက် စစ်မှန်တဲ့စိတ်ထားစေတနာကြောင့် အောင်ပွဲများနှင့်သာ နေမြဲနေလျှက်ပါ။
ဦးနှောက်မရှိတဲ့ မင်းတို့လို အကြမ်းဖက်စိတ်ဓာတ်တွေကြောင့် ဒို့နိုင်ငံဟာ လွတ်လပ်ရေးရကတည်းက ဖွံ့ဖြိုးမှုဟာ သူများတိုင်းပြည်နောက်ကောက်ကျနေရတာပဲ။တိုင်းပြည်နိမ့်ကျနေတာဟာ အစိုးရကြောင့်တစ်ခုတည်းမဟုတ်ဘူး မင်းတို့လို အကြမ်းဖက်သမားတွေရှိနေလို့ မဖွံ့ရသေးတာပဲ။နိုင်ငံတိုးတတ်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ကြိုးစားမယ်မရှိဘူး အာဏာကို ဘယ်လိုအကြမ်းဖက်ယူရမယ်ဆိုတဲ့ ကလိမ်ကကျစ်စိတ်ဓာတ်တွေပဲရှိနေတာ တော်တော်စိတ်ဓာတ်ယုတ်ညံ့တာပဲ။
တပ်မတော်မှာ အင်အားမရှိတော့ဘူးဆိုရင် စမ်းကြည့်လို့ရပါတယ်။ပြည်တွင်းစစ်မှာလည်း လေယာဉ်သုံးလို့ရတယ်။အကုန်ပြာဖြစ်ချင်ရင် စမ်းကြည့်လို့ရတယ်။မင်းတို့လေးစားနေတဲ့ ဒေါ်စုလည်း ဘာဖြစ်သွားမလည်း စောင့်ကြည့်။တပ်မတော်ကတော့ မင်းတို့ ဘီလူးစိုင်းတီးရင် ဘီလူးစိုင်းကပြီး ဖြေရှင်းရမှာပဲ။
တပ်မတော်သာ အာဏာစွန့် လိုက်ရင်တိုင်းပြည်ငြိမ်း ချမ်းသွားပါပြီ ပြည်တွင်းစစ်မှာလေယာဉ် မသုံးသင့် သလို ပြည်သူတွေကိုလည်း သေနတ်နဲ့  မပစ်သတ်သင့် ပါဘူး အဲလိုလုပ်တဲ့ သူတွေတချိန်မှာဝဋ်လည်ပါလိမ့် မယ် ဗုဒ္ဓဘာသာထွန်းကားတဲ့  မြန်မာနိုင်ငံပါ။ လူမိုက်စကားတော့ မပြောပါနဲ့  စစ်တပ်ကသေနတ်ကိုင်ပြီး မိုက်ရိုင်းနေတဲ့ ကောင် တွေကို သေနတ် ဘေးခဏ ဖယ်ခိုင်းကြည့်လိုက်ပါ အဲလိုကောင်တွေကို နှစ်ယောက်လောက် ပေးပြီး ထိုးမယ့် ကောင်တွေတပုံကြီးရှိပါတယ်
အပေါ်က နအဖစစ်သားကြီး နည်းနည်းပြောခွင့်ပြုနော်။ မြန်မာပြည်ကြီးဟာ အီရတ်လို အာဖဂန်လိုမဖြစ်ဘူးဆိုတာ ပြည်ပဒေသတွေမှာသာ ဖြစ်နေတာပါ။ နယ်စပ်ဒေသ တိုင်းရင်းသားဒေသတွေမှာ အီရတ် အာဖဂန်ထက် အဆပေါင်းများစွာ ဆိုးနေပါတယ်။ အီရတ် အာဖဂန်ကိုလည်း လေ့လာကြည့်လိုက်အုန်း။ တပ်မတော်က အောင်ပွဲနဲ့နေတာ ဆိုတာ ဘယ်နေရာမှာလဲ။ သေနတ်ချင်းယှဉ်ပစ်တဲ့ပွဲတော့ မဟုတ်လောက်ဘူးနော်။ လက်နက်မဲ့ပြည်သူတွေနဲ့ ဘုန်းကြီးတွေကို သတ်တဲ့ပွဲမှာပေါ့။
နေပါအုန်း မြန်မာပြည်ဟာ အကြမ်းဖက်သမားတွေကြောင့် မတိုးတက်ဘူးဆိုတာ ဘယ်သူ့ကို အကြမ်းဖက်တယ်ပြောနေတာတုန်း။ ပေတစ်ရာလမ်းမပေါ်မှာ ကျောင်းသား ပြည်သူ ရဟန်းတွေကို အမြက်းဖက်တဲ့သူတွေကြောင့် မတိုးတက်နေတာပါ။ ပြန်စဉ်းစားလိုက်ပါအုန်း။ မြန်မာပြည်မှာ အကြမ်းဖက်နေတာ လက်နက်ကိုင် နအဖစစ်တပ်ပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေဆိုတာ သူတို့လူမျိုးတွေကို ကာကွယ်နေတာ များပါတယ်။ ပြီးတော့ ဟုတ်လိုက်လေ။ နိုင်ငံတော်အာဏာကို အကြမ်းဖက်သိမ်းဖက်ထားတဲ့လူတွေကြောင့် မတိုးတက်တာ။ အဲတာတော့ ဟုတ်သဗျို့။ ၁၉၈၈ စက်တင်ဘာကတည်းက တိုင်းပြည်အာဏာကို အကြမ်ဖက် သိမ်းပိုက်လာတာ မြန်မာပြည်လည်း မြောင်းထဲရောက်တော့တာပဲနော်။
ပြည်တွင်းစစ်မှာ လေယာဉ်သုံးလို့ရတယ် အားလုံးပြာဖြစ်ကုန်မယ်ဆိုတဲ့ မင်းရဲ့ ခြိမ်းခြောက်သံကြောင့် ရှင်းသွားတယ်။ အကြမ်းဖက်သမားဆိုတာ မင်းတို့ အဖေသန်းရွှေနဲ့ မင်းကိုယ်တိုင်ပဲကိုးကွ။ ဟား ဟား ဟား
နိုင်ငံတိုးတတ်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ကြိုးစားမယ်မရှိဘူး
Yes. Army has been hijacked in one form or another by a handful of idiots since 1962. It has been 49 years!!!! And, these idiots still don't know how to develop the country??? But, they know how to make themselves and their cronies rich by selling out every possible piece of country and its natural resources.
Post a Comment