Wednesday, 19 January 2011

ကရင်ပြည်နယ်က ရဲ မှုး ကျော်ခိုင် ဦး လဘ်စားနေပုံများ

 
ကရင်ပြည်နယ်ရဲမှုးကြီး  သိန်း(၅၀၀)တန်နေအိမ်ဆောက် တံတားဂိတ်များ ကုန်သည်များနှင့်လိုင်စင်မဲ့ကားသွင်းသူများအချိုးကျငွေထည့်ဝင်ရကရင်ပြည်နယ်ရဲမှုးကြီးကျော်ခိုင်ဦးသည်မိသားစုနေထိုင်ရန်နေအိမ်မရှိသဖြင့်သိန်း(၅၀၀)တန်နေအိမ်တလုံးအား
ဘားအံတွင်ဆောက်လုပ်လျှက်ရှိရာသံလွင်တံတားဂိတ်မှသိန်း(၅၀) ဇာသပြင်တံတားဂိတ်မှသိန်း(၅၀) ဒုံသမိတံတား ဂိတ်မှ(၂၅)သိန်း၊ ဂျိုင်းတံတားဂိတ်မှသိန်း(၅၀)၊ တရားမ၀င်ကုန်ပစ္စည်းများသယ်ဆောင်နေသောကုန်သည်များဖြစ်သည့်ကိုမောင်မောင်၊ကိုကျော်ကျော်၊ကိုစိန်ဝင်း၊ကိုသောင်းဝင်းတို့မှသိန်း(၁၀၀)၊လိုင်စင်မဲ့ကားများသယ်ဆောင်နေကြသော
ကိုလင်းလင်း၊ မင်းမင်း၊ ကိုထွေး၊ ကိုသောင်းညွန့်တို့မှသိန်း(၁၀၀)ထည့်ဝင်ပေးရသည်ဟုသိရှိရပါသည်။
ကုန်သည်များထံငွေကောက်ခံရန်ရဲမှုးကြီး၏ညာလက်ရုံးဖြစ်သော ဒုရဲအုပ်ဝင်းနိင်မှတာဝန်ယူပြီး
လိုင်စင်မဲ့ကားသယ်ယူသူများထံမှငွေကောက်ခံရန်ရဲမှုးကြီး၏ဘယ်လက်ရုံးဖြစ်သူဒုရဲအုပ်လှစိုးမှတာဝန်ယူပေး
ရကြောင်းသိရှိရပါသည်။ကရင်ပြည်နယ်ရဲတပ်ဖွဲ့တွင်ရဲအုပ်လှစိုးနှင့်ရဲအုပ်ဝင်းနိင်တို့မှရဲအရာရှိများနှင့်ရဲတပ်သားများအားလုံး
ကြောက်ရွံနေကြရသည်ဟုလည်းရဲအရာရှိတဦးကပြောကြားပါသည်။
 
  ပေးပို့ သူ-  Gold Power )

No comments :