နအဖ တပ်တွေဟာ ဝေါ်လေဘက်က အိုကရေ့ထ နဲ့ ကျောက်ခက်နေရာကတွေကို ဒီရက်ထဲမှာ အပြင်းအထန် ထိုးစစ် ဆင်တိုက်ခိုက်လာတာတွေရှိပြီး နအဖ စစ်တပ်ဘက်က အကျအဆုံးများစွာရှိနေပါတယ်။ ချောင့်ခက်နေရာကို ထိုးစစ် ဆင်လာတဲ့တပ်တွေကတော့ စကခ (၁၂) လက်အောက်က ခမရ (၅၄၆)၊ ခမရ (၅၄၈)၊ ခမရ (၅၄၉) နှင့် စကခ (၉) က ခမရ (၃၅၆)၊ ခမရ (၃၅၇) တပ်တွေဖြစ်ပြီး၊ ဝေါ်လေ အိုကရေ့ထ နေရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ နအဖ စစ်တပ် တပ်တွေကတော့ ခမရ (၄၀၁)၊ ခမရ (၄၀၃)၊ ခမရ (၅၈၆) နဲ့ ခမရ (၂၉၉) စတဲ့ တပ်တွေပဲ ဖြစ်ပါတယ်။
ဒီကနေ့မနက် ၇ နာရီဝန်ကျင်လောက်က နအဖဘက်က လက်နက်ကြီးတွေနဲ့ အစပျိုးပစ်ခတ်လာပြီး ၁၀ နာရီခွဲလောက် မှာတော့ မြေပြင်ကနေ ကျောက်ခက်အနီးက ဒီကေဘီအေ တပ်ဖွဲ့တွေ အသင့်နေရာယူပြင်ဆင်ထားတဲ့ တောင်ကုန်းတွေ ကို ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။ တိုက်ပွဲဟာ ညနေ ၃ နာရီလောက်မှာ နားသွားပြီး နအဖ ဘက်က အကျအဆုံးများ စွာနဲ့ ဖလူးဘက်ကို ဆုတ်ခွာသွားခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ဘက်က အသေ၊ ဒဏ်ရာ အားလုံးပေါင်း ၅၀ လောက်ရှိ နိုင်တယ်လို့ ဒီကေဘီကေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင် က အတည်ပြုပြောကြားပါတယ်။
အခု တိုက်ပွဲဖြစ်တဲ့ နေရာကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနေ့ကလည်း နအဖ တပ်တွေ လာရောက်တိုက်ခိုက်ပြီး အသေ၊ ဒဏ်ရာ အားလုံးပေါင်း ၁၀ လောက် ရရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဗိုလ်ဆန်းအောင်က ဆက်လက်ပြောပြပါ တယ်။ ဆက်လက်ပြီး အနီးအနား ဆက်စပ်ဒေသတွေက တိုက်ပွဲအခြေအနေတွေကို ဗိုလ်ဆန်းအောင် က ဆက်ပြောပြ ပါတယ်။
“မနေ့က ည ၈ နာရီခွဲလောက်မှာ ဝေါ်လေ အိုကရေ့ထနားက နအဖ ဗျူဟာကုန်းကို ကျနော်တို့ ဒီကေဘီအေ ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ နအဖ ဘက်က ဗိုလ်မှူးအဆင့် အပါ ၆ ဦး ဒဏ်ရာရတယ်။ အဲဒီလူနာတွေကို ဒီကနေ့ပဲ ထိုင်းနိုင်ငံထဲက သယ်သွားတယ် မြဝတီဘက်ကို။ အဲဒါက ဝေါ်လေမှာ ဖြစ်ခဲ့တာ”
ဆက်လက်ပြီး ဒီနေ့ သင်္ဃန်းညီနောင်နားက နအဖ ကားတန်းကို ဒီကေဘီအေ ဘက်က တိုက်ခိုက်ခဲ့တဲ့ သတင်းကိုလည်း ဆက်ပြောပြပါတယ်။
“ဟုတ်တယ် ဒီနေ့ မနက် ၈ နာရီ ၁၅ မိနစ်လောက် သင်္ဃန်းညီနောင်နားမှာ ကျနော်တို့ဘက် ဗိုလ်မှူးကျော်ပရို ဦးဆောင် ပြီ နအဖ ကားတန်းကို တိုက်ခိုက်လိုက်တယ်။ ကားတစီးချောက်ထဲထိုးကြတယ် နောက်တစီးက လမ်းဘေးမှာ ထိုးရပ်နေ တယ်။ ၆ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာထဲမှာ ဗိုလ်ကြီးအဆင့်ရှိတဲ တယောက်လည်းပါတယ်ကြား တယ်။ ကားနောက်လိုက်နဲ့ ကားမောင်းသူ အရပ်သားနှစ်ဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။” လို့ ပြောပြသွား တယ်။
အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီး နအဖ စစ်အုပ်စုကို ပြန်လည်တော်လှန်တိုက်ခိုက်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေကို နအဖ ဘက်က ကလေးစစ်သားတွေ၊ အကျဉ်းသားအထမ်းသမားတွေကိုအသုံးပြုပြီး သဲကြီးမဲကြီး အကျအဆုံးများစွာနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့နဲ့ ၂၈ ရက်နေ့အတွင်းမှာပဲ နအဖ ဘက်က စစ်သား ၁၂၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်။

www.naytthit.net မှ...
5 comments :
မဆိုးပါဘူး မျိုးချစ်တပ်မတော်သားတွေ ကျဆုံးတာပဲရေးတတ်ပြောတတ်လို့။KNU တွေခွေးပြေးဝက်ပြေးနဲ့စခန်းတွေကျရှုံးပေးလိုက်
ရတာတွေ သေကြေတာတွေတော့ တစ်ခါမှရေးတာမတွေ့ဘူးနော်။တော်ပါပေတယ် ဘာနဲ့တော်လည်းတော့မသိဘူး။
BBC ကိုတော့ တိုက်ပွဲသတင်းနဲပတ်သတ်ရင် တစ်ခါချီးကျူးရမယ် သူက အမှန်တိုင်းသတင်းဖော်ပြပေးလို့။
haha
ကေအန်ယူတွေ ကျဆုံးတဲ့သတင်းဖတ်ချင်ရင် မြန်မာ့အလင်း ကြေးမုံတို့မှာ သွားဖတ်ပေါ့ကွ။ ဒါလေးတောင် မသိဘူးလား။ ဖျင်းပါ့ကွာ။ ကလေးတောင်သိတယ် ဟား ဟား
ဘယ်သူသေသေ အားလုံးသေကုန်လည်းကောင်းတာပဲ။
၂ဘက်စလုံး အကုန်သေသွားရင် မြန်မာပြည်ငြိမ်းချမ်းပြီ။
ဘယ်ကောင်မှကောင်းတဲ.ကောင်တွေမဟုတ်ဘူး။အတူတူနဲ.အနူနူ တွေ ချီးပဲ။
မြန်မာပြည်ရဲ. ချီးထုတ်တွေ သေပစေ။ သေနတ်ကိုင်ထားမှာ.တော. ဘယ်ကောင်ကကောင်းတော.မှာလဲ။
ကရင် စစ်သားတွေသာ မင်းတို့ ပြောသလို သေကြကြေးဆိုရင် ကရင် စစ်သား ကုန်သွားတာ ကြာပြီပေါ့ ငတုံးတွေရ။ လူထောင်ကျော်လောက်ဘဲ ရှိတဲ့ ကရင် စစ်သားတွေ မသေဘဲ မင်းတို့ စစ်ခွေးတွေဘဲ သေလို့ တိုက်ပွဲက ဆက်ဖြစ်နေတာပေါ့။ နည်းနည်းပါးပါး ကိုယ့်ဦးနောက်နဲ့စဉ်းစားကြည့်ပါအုံးကွာ။ မင်းတို့ အခုလို မစဉ်းစားတတ်လို့ သန်းရွှေ ကြွေးတဲ့ ချီးကို ထောပါတ်ထင်ပြီး စားရတာ
ကရင် စစ်သားတွေမှာ သေနတ်ပြီးတဲ့သူတယောက်မှ မရှိပါဘူး...သူတို့လည်း သေနေကျတာပါပဲ...ဒါပေမယ့် ဒီဘလော့မှာတော့ ကရင်စစ်သားတွေ အကုန်သေနတ်ပြီးပါတယ် အသေအပျောက်စာရင်း မရှိပါဘူး...သူ့နယ်မြေလည်းဖြစ် နယ်မြေကျွမ်းကျင်တဲ့အပြင်သူ့နယ်မြေမှာ မိုင်းပေါင်းများစွာ ခြေချစရာနေရာမရှိအောင် ထောင်ထားတာလည်း ထည့်ပြောပါဦး ဆရာတို့...ချီးကိုချီးလို့မြင်တာ ကလေးတောင်မြင်တတ်တယ် တယောက်သောသူက သူ့စိတ်နဲ့နှိုင်းပြီး ချီးကို ထောပတ်ထင်ပြီး စားခဲ့ဖူးတယ်ထင်တယ်...ချီးကို ထောက်လို့မြင်ပြီး ပြောနေပါတယ်ခင်ဗျာ...။
Post a Comment