နအဖ က စစ်မှုမထမ်းမနေရ အမိန့် ထုတ်ပြန်လာမှုကြောင့် လူလတ်တန်းစာ ပညာတတ်များ စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ ရှိအနုပညာအသိုင်းအ၀ိုင်းမှ မင်းသားမင်သမီးများ အဆိုတော်များ နှင့် အမေရိကန်ပြည်တောင်စုရောက် Green Card ကိုင်ဆောင်ထားသော မြန်မာ နိင်ငံသား ( မြန်မာ ပစ်စပို့ ကိုဆက်လက်ကိုင်နေသောသူများ) အချို့  လည်း စိုးရိမ်ပူပန် နေကြကြောင်း သိရပါတယ်။
အဆိုပါဥပဒေအရ အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုထမ်းရန် ဆင့်ခေါ်ပါက ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။ မြန်မာစစ်တပ် အကြောင်း ကို ကျွမ်းကျင်သူတဦး ကတော့ ဒီဌာန ကိုကိုင်တဲ့သူတွေတော့ စားပေါက် ဖြစ်ဦးမှာပေါ့ဟုဆိုပါတယ်။ သူအဆိုအရ စစ်မှုမထမ်းလိုသူများ ငွေထိုးမှု၊လဘ်ပေးမှု များ လည်း ဖြစ်ပေါ်လာနိင်လို့ ဟုဆိုပါတယ်။

စစ်မှုမထမ်းမနေရဥပဒေကို ပြန်ဌာန်း လာတဲ့ အကြောင်းကတော့ မြန်မာ စစ်တပ်အတွင်း စစ်သားများ
နည်းလာသောကြောင့်ဖြစ်ပါတယ်။ ၁၉၉၀ ၀န်းကျင် ခန့် က ၄ သိန်းခွဲခန့် ရှိခဲ့သောစစ်တပ်မှာ ယုခုအခါတွင်
တသိန်းခန့် သာ ကျန်ရှိပါတော့တယ်။ စစ်တပ်အတွင်း အရာရှိများ၊ လက်နက်များ အများအပြားရှိသောလည်း
စစ်သားနည်းလာတဲ့ပြသာကိုရင်ဆိုင်နေရပါတယ်။ စစ်သားအများစုမှာ အစုလိုက်အပြုံလိုက် နယ်စပ်ကို တပ်ကထွက်ပြေးနေကြပါတယ်။ စစ်သားများထွက်ပြေး ပြီ တဖက်နိင်ငံများ သို့  တရားမ၀င်အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြရခြင်းမှာ သတင်းမီဒီယာ ကွန်ယက်များ အားကောင်းလာမှု က အချက်တခုဖြစ်တယ် ။ သူတို့ ဘ၀ ထွက်ပေါက် ကို သူတို့  သွားနိင်ခွင့်သိလာကြလို့ ဖြစ်တယ် ဟု အမည်မဖေါ်လိုသော တပ်မတော်အရာရှိတဦး ကဆိုပါတယ်။
6 comments :
စောင့်ရူးကြီး ဘာလို့ ငါ့ကွန်မန်းကို မတင်ပေးတာလည်း
အမေရိကားမှာနေပီး green card ကိုင်ထားတဲ့ ဘယ်သောက်ငပေါတွေက စိုးရိမ်နေတာလဲ။ ဘယ်လိုနည်းနဲ့  ပဲ ကိုင်ထားထား စိုးရိမ်စရာရှိလို့ လား။ စကြောက်တွေပဲ။ စားတယ်။ နားမလည်တော့ဘူး။ ဒီပြည်သူနဲ့  ဒီအစိုးရပဲ တန် တန်တော့တယ် ဆိုတဲ့ အဓိပါယ်ရတဲ့ စကားပုံကိုတောင် မှန်တယ်ပြောရမလိုလို

မစိုးရိမ်ပါနဲ့  သူတို့ ကို ကိုယ်ပြန်ပစ်လို့ ရတယ် သူတို့ လက်နက်ကိုယ်ရမှာ ပေါ့ ။
http://myanmarexpress.blogspot.com/2011/01/blog-post_13.html
Post a Comment