Thursday 17 February 2011

"အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့လူထုအုံကြွမှုနဲ.မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ. "88"အရေအခင်း. နှိုင်းယှဉ်လေ့လာဆွေးနွေးပွဲ"


"အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့လူထုအုံကြွမှုနဲ.မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ . "88"အရေအခင်း. နှိုင်းယှဉ်လေ့လာဆွေးနွေးပွဲ"

နယူးယောက်တက္ကသိုလ် ဖေဖော်ဝါရီ ၁၃ ရက်
အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့ လူထုအုံကြွမှုကြီးလိုမျိုး မြန်မာနိုင်ငံမှာလည်း "88' က ဖြစ်ပေါ်ခဲ့တာကြောင့် နှိုင်းယှဉ်လေ့လာဒီဆွေးနွေးပွဲမှာ အီဂျစ်တော်လှန်ရေး စတင်ခဲ့တဲ့ လူငယ် ကျောင်းသား ခေါင်းဆောင်တွေရဲ .message နဲ့ မြန်မာ ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုနေတင်မြင့်က ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ အီဂျစ်တော်လှန်ရေး စတင်ခဲ့တဲ့ လူငယ် ကျောင်းသား ခေါင်းဆောင်တွေရဲ .message နဲ့ မြန်မာ ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုနေတင်မြင့်က ပြောပါတယ်။
“အချက် ၃ ချက်အဓိက ကျွန်တော်တို့ ဆွေးနွေးကြမယ်၊ ပြောဆိုကြမယ်ပေါ့။ ကျွန်တော်တို့ ၈၈ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ အဲဒီတုန်းက ဦးဆောင်ပြီးတော့ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အကြောင်း ကျွန်တော်( နေတင်မြင့်)ရယ်၊ နောက် ကိုမိုးသီးဇွန်ရယ် ဆွေးနွေးပြီးတော့ ၂၀၀၇ ကျွန်တော်တို့ သံဃာ့ အရေးအခင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာတော် ဦးပညာဇောတက ဆွေးနွေးမှာ ဖြစ်ပါတယ်။”
“အဲဒီလို ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ ၈၈ အရေးအခင်းနဲ့ အီဂျစ်နိုင်ငံရဲ့ လူထု အုံကြွမှုကို နှိုင်းယှဉ်ဖော်ပြမှာ ဖြစ်ပါတယ်။ ဘာကြောင့်၊ ဘယ်လိုကြောင့် အမြန်ဆုံး အောင်မြင်လာခဲ့သလဲ၊ နောက် ဘယ်လိုကြောင့်ကျွန်တော်တို နိုင်ငံ့ ကြန့်ကြာသွားသလဲ၊ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးကြီးသလဲ၊ အကျိုးသက်ရောက်မှု ရှိသလဲ စစ်တပ်ရဲ ရပ်တည်မှူအဓိက့အရေးကြီးပုံ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။”ဒါ့အပြင် နှစ်နိုင်ငံ လူထုအုံကြွမှုရဲ့ အားနည်းချက်၊ အားသာချက်တွေကို နှိုင်းယှဉ် လေ့လာ ပြောဆိုကြမှာ ဖြစ်တယ်လို့လည်း ကိုနေတင်မြင့်က ဆိုပါတယ်။
လက်ရှိ အီဂျစ်နိုင်ငံမှာ သမတ မူဘာရက် ရာထူးက နုတ်ထွက်သွားပြီး ကာကွယ်ရေးဝန်ကြီး ဦးဆောင်တဲ့ စစ်ကောင်စီက နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားပါတယ်။

14 comments :

Anonymous said...

သင်တို့ကိုယ်သင်တို့ဘာတွေအောက်မေ့နေသလဲ။ဘာမှပေးဆပ်မှုမရှိပဲလူတတ်တွေလုပ်ပြန်ပြီ။စောက်ရေးမပါတာတွေလျှောက်လုပ်ဦးမယ်။

Anonymous said...

Dear all,
Both side r still cheating the 8888.Anybody can answer my question?Why U Nay Win didnt allow the vote decision at Htuttaw when he propose the multi party or one party system?
According to the Htuttlaw rule,they have to do vote decision for this multi party or one party system.Why he didnt allow vote decision?

u Nay Win want to finish masala party because his 20 years plan failed and became ldc, he didnt want to get responsible person.That time country had just $30 million.He had no idea what to do next .1987,he talked, its time to change and asked advise but got no advise b/c everybody afraid him.
When country became LDC,he ordered U Aung Gyi to sepead the letters that all r cheating to him,thats why country became ldc.
U Nay Win is the father ,the founder of masala party but when country became ldc and his 20 years plan fialed and left just only $30 million,he wanted to change system.He wanted U Aung Gyi to run the country economy because he belive U Aung Gyi know how to run teashop.
If he allow vote decision,he can not do multi party system and can not put U Aung Gyi.He know if he aske the people directly,people will come out on the street and he can finish masala party.Thats why he said lets make the people decision.သမိုင်းဆိုတာလိမ်ညာလို့မရဘူး
He created 888 because he wanted to change the system.People r traped in his trick.
Can listen what U Nay Win said at htutttaw.
http://www.youtube.com/watch?v=Zp5UXCmH5gA

၁၉၈၇ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းသည် ရေဒီယိုမှတဆင့် တိုင်းပြည်သို့ မိန့်ခွန်းစကား ဆို၏။

၂၅ နှစ်တိုင်တိုင် အာဏာရယူထားခဲ့သည့် မဆလ ၏ လမ်းစဉ်တွင် ‘လုပ်ဟန်’ အမှားထက် ‘လမ်းစဉ်’ ကိုယ်၌ကပင်၊ ချို့ယွင်းမှားယွင်းမှုများ ရှိနေသည်ဟု ဆို၏။ ပြီးလျှင် ပြောင်းလဲနေသည့် အချိန်ကာလနှင့်အညီ ပြောင်းသင့်တာတွေကိုလည်း ပြောင်းလဲရပါမည်ဟု

ထိုစဉ်က မဆလ တွင်ရှိသည့် နိုင်ငံခြားငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂ဝ-၃ဝ မျှသာ လက်ကျန်ရှိ၏။ အကြွေးက နိုင်ငံစုစုပေါင်း ကုန်ထုတ်လုပ်မှု GDP ၏ ၅ဝ % ကျော်ရာမှ တိုး၍သာ မြင့်တက်၍နေသည်။ လူထုသည် အထွေထွေအကျပ်အတည်းကြီးအတွင်း၌ နစ်၍နေ၏။
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ဆရာစံခန်းမ၊ မဆလ ၏ အထူးအရေးပေါ် ပါတီညီလာခံအား ကျင်းပ၏။ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ညီလာခံတွင် အဖွင့်မိန့်ခွန်းပေး၏။
“မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများဟာ အစိုးရအဖွဲ့နဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို အယုံအကြည်ကင်းမဲ့နေတာ၊ ထိုရုန်းရင်းဆန်ခတ်တွင် ကိုယ်တိုင်ပါဝင်သူများနဲ့ နောက်မှ အားပေးသူများက ဖော်ပြလိုက်ပါတယ်။ တတိုင်းပြည်လုံး လူထုအနေနဲ့ ဒီအယုံအကြည် ကင်းမဲ့သူဘက်က အများစုလား၊ အနည်းစုလားဆိုတာ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။
တပါတီစနစ် (သို့မဟုတ်) ပါတီစုံစနစ်ဆိုတဲ့ စနစ်နှစ်ခုမှာ ဘယ်စနစ်ကို ရွေးပါသလဲလို့ တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပရင် ဆန်းစစ်မှု အဖြေပေါ်နိုင်မည်ဟု ယူဆတာကြောင့် တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပပေးရန် ညီလာခံသို့ တင်ပြပါတယ်”

i belive ,need to find out otherway for country.Another 888 will not come out unless the goverment allow.If the goverment allow,it will come out.This is my opinion.

Anonymous said...

Why 888 failed?
U Nay Win had plan to do election as soon as possible because he wanted to put U Aung Gyi to run the country economy.That time country had no leader come out.people will vote U Aung Gyi but his plan was blocked because of the master brain communist party .(U Nay Win "s election was not fair,need to make interm goverment and this goverment will make election to be fair.)If U Nay Win allowed interm goverment,he had to go to gallow.He didnt allowed.We need to give him outlet for his safety.If we followed his election,U Aung Gyi would get the power and u Nay Win let him run the country eco and he will rest.on the otherside,he need safety for his life.We can get 60% democracy.
To get the intermgoverment,people made the general strike 8888(communist party plan).
when general strike started,U Nay Win afraid because army will nolonger get salary and food.Before army guns turn to him,he ordered army to take power.

Anonymous said...

မြန်မာပြည်မှာ လုပ်လုပ်နေတဲ့ letter campaign တွေက ထိထိရောက်ရောက် အလုပ်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာတွေ မေးကြဦးလေ.. ပြီးတော့ တိုင်းသူပြည်သားတွေ လမ်းပေါ်ထွက်လာအောင် ဘယ်လိုနည်းနဲ့ အထိရောက်ဆုံး စည်းရုံးမူကို လုပ်ဆောင်သလဲ .. ဆိုတာ မေးကြဦး ...အခုတော့ ဘာမှ မဟုတ်တဲ့ 88 အကြောင်းပါအောင်ဆွဲထည့်ပြီး ကိုယ့်ဂုဏ်ကို ဖော်နေကြသေးတယ်.. စောက်ရှက်တွေ နဲ့ တကယ့်တိုင်းပြည်ကို ချစ်တဲ့စေတနာတွေလဲ လက်တွေ့ပြကြဦး ..

Anonymous said...

ဖိလစ်ပိုင်က people power
> လူထုတိုက်ပွဲနဲ့
> ဒီမိုကရေစီရခဲ့တာကို
> ပြောကြရင်၊ လူတွေက Corazon
> Aquino
> လူထုကိုဦးဆောင်ပြီး
> လမ်းပေါ်ထွက်ပြီးဆန္ဒပြနိုင်လို့
> နောက်ဆုံး စစ်တပ်က
> လူထုဘက်ပါလာတယ်လို့ပဲ
> မြင်ကြ တယ်။ တကယ်က
> စစ်ခေါင်းဆောင်တွေနဲ့
> ကာကွယ်ရေးဝန်ကြီးတို့
> ဒီလိုပါလာဘို့၊ Corazon Aquino
> နဲ့ အဲ့ဒီအချိန် က
> အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေ
> ဘာသာရေးခေါင်းဆောင်တွေ
>
> စီးပွားရေးခေါင်းဆောင်တွေ
> ပညာရှင်တွေ ပါကြတဲ့
> အဖွဲ့လေးတဖွဲ့နဲ့ ၊
> သမ္မတ မားကို့(စ်)
> နောက်ကွယ်မှာ
> လပေါင်းများစွာ
> ဘယ်လို ကြိတ်ပြီး
> စစ်ခေါင်းဆောင်
> တွေနဲ့
> ကြိုတင်အပေးအယူလုပ်
> စေ့စပ်ညှိနှိုင်းခဲ့ကြတယ်ဆိုတာတော့
> မမြင်ကြဘူး။ လူတွေ
> လမ်းပေါ်ထွက်ပြီး
> ဆန္ဒပြ ကြတဲ့နေ့မှာ
> ကာကွယ်ရေးဝန်ကြီးနဲ့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးFiedel
> Ramosတို့
> လူထုဘက်ကိုကူးပြောင်း
> လာဘို့၊
> လပေါင်းများစွာ Corazon Aquino
> တို့ဘက်က ကြိတ်ပြီး
> စည်းရုံးခဲ့တာပါ။
> ၁၉၉၀ ရွေးကောက်ပွဲမှာ
> အနိုင်ရ တော့၊
> အာဏာမလွှဲပဲနေတော့ န၀တ
> ဘက်ကနေ NLD ဘက်ကို
> ဒေါ်အောင်ဆန်းစုကြည်ဘက်ကို
> ကူးပြောင်းလာ မယ့်
> သူတယောက်မှ
> မရှိခဲ့တာကတော့
> အဲဒီလို
> ဖြိုခွဲဖဲ့ထုတ်စည်းရုံးတာ
> မလုပ်ခဲ့လို့ပဲ။
>

Anonymous said...

ko moe tee
why dont u put my comments for this topic?

Anonymous said...

Ko Moe Tee,
Thanks.u put my comment.
(I do not agree what u said but i accept u have the right to critize).This is the real democracy.

Anonymous said...

စစ်တပ်ရဲ ရပ်တည်မှူအဓိက့အရေးကြီးပုံ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
Stupid guy.Too late.After 20 years ,u know that army role.Can do nothing without army.Dont do politice.u r on the horse but u dont know it is male or female.

Anonymous said...

I see you as Hunger artist,don't be no forgotten hero.

Anonymous said...

၈၈ တုန်းက ဘယ်သူကများ.. စစ်တပ်ကို စည်းရုံးခဲ့ကြ သလဲ..စစ်တပ်မပါပဲ လုပ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့သူတွေရှိနေလို့..မြန်မာပြည် ရေတိမ် နစ်ခဲ့ရတာ.. စစ်ဆိုရင် ရေတောင်စစ်မသောက်ဘူးဆိုတဲ့ လူတွေနဲ့.. စစ်သားကိုအထင်သေးတဲ့သူတွေ သင်ခန်းစာ ယူပါ.

Anonymous said...

၈၈ တုန်းက ဘယ်သူကများ.. စစ်တပ်ကို စည်းရုံးခဲ့ကြ သလဲ..စစ်တပ်မပါပဲ လုပ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့သူတွေရှိနေလို့..မြန်မာပြည် ရေတိမ် နစ်ခဲ့ရတာ.
Forget about the people power.power come from gun.organize the army first,then try to put the people on the road.
This is the intervew with Daw Su during 8888
မေး ။ ။ လက်ရှိ အစိုးရဖယ်ပေးပြီး ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ ပေးဖို့ လူထုအုံကြွမှုကြီးက တောင်းဆိုနေပါတယ်။ သမ္မတ ဒေါက်တာမောင်မောင်က ဖယ်မပေးဘူးလို့ ပြောပါတယ်။ အဲဒီကိစ္စကို ဘယ်လိုလုပ်မလဲ။
ဖြေ ။ ။ ဖယ်မပေးရင် ဖယ်ပေးအောင် ပြည်သူလူထုက လုပ်ရမှာပေါ့။ ပြည်သူလူထုမှာအင်အားရှိနေပြီပဲ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒကိုပြောနေတာပဲ။ ကျနော်မေးတာက စစ်တပ်က အာဏာသိမ်းရင် တိုင်းပြည်ဘာဖြစ်မယ်ထင်သလဲ။ ပြည်တွင်းစစ်ဖြစ်သွားမယ်ထင်သလား။ သွေးချောင်းစီးသွားမယ်ထင်သလား။
ဖြေ ။ ။ သိမ်းတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုပုံမျိုးနဲ့ စစ်တပ်က အာဏာသိမ်းမှာလဲ။ လူထုဆန္ဒကို လိုက်လျောချင်လို့ သိမ်းမှာလား။ ဒါဆိုရင် ပြဿနာမဟုတ်ဘူး။ လူထု ဆန္ဒကို အတိုက်အခံ လုပ်ဖို့ သိမ်းမယ်ဆိုရင်တော့ သိပ်ကို ပြဿနာတက်သွားမယ်ထင်တယ်။ ဆရာကောမထင်ဘူးလား။

ရဲမာန် said...

ဖီလစ်ပင်းက Corazon
> Aquino က စစ်တပ်ကို ကြိတ်ပြီး စည်းရုံးခဲ့ လို့ အောင်မြင်တယ် ဆိုရင် ကျနော် တို့ ခေါင်းဆောင်က အဲဒါမျိုး ဘာလို့ မလုပ်တာလည်း?ယနေ့ ခေတ် စစ်အာဏာရှင်နဲ့ မတန်တဲ့ ဂန္ဒီ လမ်းစဉ် ကို ဆက်လက်ကျင့် သုံးနေလို့ တိုင်းပြည် ပြောင်းလည်းပါ့ မလား? လမ်းကြောင်း မပြောင်းတော့ဘူးလား? မလာဘူး ပြောနေတဲ့ စားပွဲဝိုင်းခေါ်နေတော့ စစ်အာဏာရှင် သက်ဆိုးရှည်အောင် လုပ်ပေးနေသလိုဖြစ်မနေဘူးလား? စဉ်းစားကြပါဦးပါ ပညာရှိတွေ လည်း မှားတတ်ကြပါတယ်။

Anonymous said...

့ သတ္တိကြောင် သူတွေ များလွန်းသည့် နိုင်ငံရေးလောကမှာ မအောင်မြင်တာ လည်း မဆန်းလှပါ၊
ဒေါ်အောင်ဆန်းစုကြည်တို့  ဦးဝင်းတင်တို့ ကို ဝေဖန်ရင်ပဲ အဝီစိရောက်တော့မလိုလို၊ မိုးကြိုးပစ်တော့မလိုလို ဖြစ်နေတာကတော့ ရယ်ဖွယ်ကောင်း လှပါသည်၊
မလိုအပ်သည့် အောက်တန်းကျသော အတွေးအခေါ်များကို စွန့် ပယ်သင့်ကြပါပြီ၊
ဆိတ်ဆိတ်နေထောင်တန်ဆိုပြီး ဝေဖန်ရေးကိုပြစ်ပယ်ကာ ဖောက်ပြန်နေကြသူများအတွက် နေရာမရှိတော့သည့် ခေတ်ကို ရောက်နေပါပြီ၊
ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး အတွက် ကိုယ့်ခေါင်းဆောင်တွေကို မဝေဖန်ကြရတော့ဘူးလား၊
အတွေးအခေါ် အောက်တန်း မကျသင့်ပါ၊ တိုင်းပြည်ကိုချစ်တဲ့လူတိုင်းမှာ တာဝန်ရှိသည်ဟု ခံယူထားရပါမည်၊
ယနေ့  မြန်မာ့ဒီမိုကရေစီရေး မအောင်မြင်ရသည်မှာ ကိုယ်ကျိုးကြည့် အချောင်သမားများ များလွန်းပြီး ဝေဖန်ရေးအားနည်းလွန်းသည့် အချက်သည် အဓိကအချက် တချက်ဖြစ်ပါသည်၊
I like this article.

Anonymous said...

ဖီလစ်ပင်းက Corazon
> Aquino က စစ်တပ်ကို ကြိတ်ပြီး စည်းရုံးခဲ့ လို့ အောင်မြင်တယ် ဆိုရင် ကျနော် တို့ ခေါင်းဆောင်က အဲဒါမျိုး ဘာလို့ မလုပ်တာလည်း?ယနေ့ ခေတ် စစ်အာဏာရှင်နဲ့ မတန်တဲ့ ဂန္ဒီ လမ်းစဉ် ကို ဆက်လက်ကျင့် သုံးနေလို့ တိုင်းပြည် ပြောင်းလည်းပါ့ မလား?
she will keep on doing nonviolent even next 100 years because she got many peace honours.She has to protect for this honours . Her father didnt want to be soldier but when it necessary for country,he holded the gun.