ရန်ကုန်(မြန်မာ)-မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အနောက်နိုင်ငံတွေ၏ စီးပွားရေးပိတ်ဆို့ မှုဟာ သာမန်ပြည်သူတွေကို မထိခိုက်ပဲ ဗိုလ်ချုပ်များ၏ အကျိုးစီးပွား ကိုသာ ထိခိုက်ကြောင်းနဲ့  စီးပွားရေးပိတ်ဆို့ မှု ကို ဖယ်ရှားဖို့  စောလွန်းကြောင်း ပြောလိုက်ပါသည်။လွန်ခဲ့သောသတင်းပတ်တွေမှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်က သူမရဲ့ နှစ်ရှည်လများ ထောက်ခံလာတဲ့ စီးပွားရေးပိတ်ဆို့ မှု ကို ပြန်ဆန်းစစ်ရန် ဖြစ်လာပါတယ်။သူမ၏ ပါတီက ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာလေးမျုက်နှာရှိတဲ့ စာတန်းက သူမရဲ့ ရပ်တည်မှုနဲ့  စီးပွားရေးပိတ်ဆို့ မှုကို ရုပ်သိမ်းခိုင်းတဲ့ ပထမဆုံးစာတန်း ဖြစ်ခဲ့ပါတယ်။
သူမ လွတ်မြောက်ပြီမကြာခင်မှာဘဲ စစ်အစိုးရကို ပိတ်မှုများကို ရပ်ဆိုင်းစေချင်စိတ် ရှိတတယ်လို့  ပြောဆိုခဲ့ပါတယ်။ ဒေါ်စုရဲ့သဘောထားက စီးပွားရေးပိတ်ဆို့ ထားကြတဲ့ အနောက်နိုင်ငံတွေကိုလည်း စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပါတယ်။
ဒီစာတန်း ဟာ စီးပွားရေးပိတ်ဆို့ မှုကြောင့် မြန်မာပြည်သူတွေ ပိုပြီးတော့ ဆင်းရဲတွင်းနက်စေတယ်လို့  ပြောဆိုနေတဲ့ စစ်အစိုးရကို ဒေါသဖြစ်စေ ခဲ့ပါတယ်။စစ်အစိုးရဟာ နိုဝင်ဘာလမှာ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပေမဲ့လဲ အာဏာသိမ်းစစ်အုပ်စုရဲ့ အာဏာကို ခိုင်မာအောင်လုပ်ဆောင်မှုလို့  ဝေဖန်ခံနေရပါတယ်။
ဒီစာတမ်းထုတ်ပြန်မှုနဲ့  နေပြည်တော်မှာ သမ္မတဦးသိန်းစိန် ရွှေးကောက်တင်မြှောက်ခံရတဲ့ အချိန်နဲ့  ထူးထူးခြားခြား တိုက်ဆိုင်နေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ တုံးက ပါလီမန်က ဦးသိန်းစိန်ကို သမ္မတအဖြစ် ခန့် အပ်ခဲ့ခြင်းဟာ စစ်တပ်ရဲ့ အာဏာ ကို ဆက်လက်ထိန်းသိမ်းထား လိုမှုရဲ့ အထင်ခြားဆုံး ဥပမာတခုဖြစ် ခဲ့ပါတယ်။
မကြာသေးခင်ကပဲ စီးပွားရေးပိတ်ဆို့ မှုကို ဖယ်ရှားဖို့  တောင်းဆိုသံတွေထွက်ပေါ်လာသော်ငြား NLD ပါတီ၏ စစ်တမ်းများနှင့် စီးပွားရေးပညာရှင်များ၏ ကောက်ချက်များအရ စီးပွားရေးပိတ်ဆို့ မှုဟာ သာမန်ပြည်သူတွေကို အကြီးအကျယ်ထိခိုက်မှု မရှိဘူးလို့  စာတန်းထဲ တွင် ဖော်ပြထားပါတယ်။
ပစ်မှတ်ထား ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ မှုတွေဟာ အခြေခံတရားမျှတမှုနဲ့  လူ့ အခွင့်အရေးချိုးဖောက်တဲ့ အာဏာရှင် အစိုးရကို သတိပေးတဲ့ လုပ်ဆောင်မှုတခု ဖြစ်ပြီး မြန်မာပြည်ရဲ့ စီးပွားရေး အကျပ်အတည်းဟာ စစ်အစိုးရရဲ့  မှားယွင်းတဲ့ ပေါ်လစီ တွေ ကြောင့်သာဖြစ်တယ်လို့  စစ်တမ်းက ဖော်ပြထားပါတယ်။
၁၉၈၈တွင် လူထုအုံကြွမှုကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲအပြီးမှာ အမေရိကန်ပြည်ထောင်စုက စတင် စီးပွားရေးပိတ်ဆို့ မှု ရင်နှီးမြုပ်နှံမှုပိတ်ဆို့ မှုများကို လုပ်ဆောင်ခဲ့ပါတယ်။
NLD ပါတီကနေပြီး အမေရိကန်၊ အင်္ဂလန် နှင့် သြစတေးလျတို့ နှင့် ဒီမိုကရေစီအရေး လူ့ အခွင့်အရေးနှင့် ကောင်းမွန်တဲ့ စီးပွားရေး ၀င်းကျင်ဖြစ်လာဖို့  စီးပွားရေးပိတ်ဆို့ မှုကို ဘယ်လိုဘယ်အခြေအနေမျိုးနှင့် လုပ်ဆောင်သင့်တယ်ဆိုတာ စဉ်းစားဖို့ တောင်းဆိုထားပါတယ်။ NLD ပါတီဟာ နှစ်ပေါင်း၂၀အတွင်းမှာ ပထမဦးဆုံးဖြစ်တဲ့ နိုဝင်ဘာလ ရွှေးကောက်ပွဲကို သပိတ်မှောက်ထားပြီးတော့ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့  ပြောဆိုထားပါတယ်။ NLD ပါတီဟာ ၁၉၉၀ ရွှေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အခုအချိန်အထိ စစ်တပ်က အာဏာလွဲပေးဖို့  ငြင်းဆိုခံထားရဆဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည့်ဟာ ၂၁နှစ်အတွင်းမှာ ၁၅ကြိမ်တိုင်တိုင် နေအိမ်အကျယ်ချုပ်ခံထားရပြီး နိုဝင်ဘာရွှေးကောက်ပွဲပြီး မကြာသေးခင်မှာဘဲ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက မြန်မာဒီမိုကရေစီအရေးထားပြီးတော့ ပြုပြင်ပြောင်းလဲရေးကိ မတွေ့ ရသေးတဲ့အတွက် မြန်မာဒီမိုကရေစီအရေးကို ကူညီတဲ့နိုင်ငံများကိုး စီးပွားရေးပိတ်ဆို့ မှုကို ဆက်လက်ထားရှိပေးဖို့  ပိုပြီးသင့်တော်ပါတယ်လို့  သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
(အောင်ကောင်း)

4 comments :
http://padaukmyay.blogspot.com/2011/02/blog-post_1690.html
မနေနိုင်လို့ဝင်ပြောရပါတယ်... စီးပွားရေးပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေကို ဘာကြောင့်မထိခိုက်ဘူးလို့ ပြောနိုင်ရတာလဲ ... တိတိကျကျပြောရရင် မြန်မာနိုင်ငံရဲ့ အလွန့်အလွန်နည်းပါးနေပြီဖြစ်သော အလယ်အလတ်တန်းစားလူတွေနှင့် အလွန်များပြားနေသော အောက်ခြေလူတန်းစားတွေရဲ့ ယခုရုန်းကန်နေရသော ဘ၀တွေကို သေသေချာချာလေ့လာပြီးပြီလား... ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်... သူမရဲ့ တိုင်းပြည်အပေါ် ယခုထက်ထိစွန့်လွှတ်အနစ်နာခံမှုတွေ၊ သားတကွဲ လင်တကွဲနဲ့ မြန်မာပြည်သူတွေအတွက် စတေးနေတာနဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာတွေကို... ဒါပေမယ့် အခုလို ပြည်သူတွေကို မထိခိုက်ဘူးဆိုတာကိုတော့ လုံးဝလက်မခံဘူး ပြောရပါမယ်... အခုလို စီးပွားရေးပိတ်ဆို့လေ ကုန်ဈေးနှုန်းတွေတက်ပြီး လူချမ်းသာတွေ ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လူတွေက စီးပွားရေးလုပ်ပိုင်ခွင့်တွေရတာကြောင့် ချမ်းသာပြီးရင်း ချမ်းသာရင်းဖြစ်နေရပါတယ်... ကျွန်တော်နဲ့ ပတ်သက်တဲ့ သူငယ်ချင်းတွေဆိုရင် တနေ့ကို မုန့်ဖိုး (၁) သိန်းရပါတယ်... သူတို့မိဘတွေက ဆန် ဆီ အချိုမှုန့် ဘိလပ်မြေတို့လို မသုံးမဖြစ်တဲ့ ပစ္စည်းတွေကို ရောင်းနေကြတဲ့သူတွေပါ... ချမ်းသာတဲ့သူတွေကလည်း အဲဒီလို ချမ်းသာသလို ဆင်းရဲတဲ့သူတွေကလည်း တနေ့ကို လက်လုပ်လက်စာ တနေ့ကို (၃၀၀၀) နဲ့ အလုပ်လုပ်ရပါတယ်... အဲဒါက ပန်းရံခေါင်းပါ... လစာစားတွေဆိုရင် တလကို ၄ - ၅ သောင်းနဲ့ လုပ်ကိုင်နေကြရပါတယ်... အဲဒီကွာခြားချက်ကဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်ကို စီးပွားရေးပိတ်ဆို့တာကြောင့် တိုင်းပြည်စီးပွားရေးကျပ်တည်းပြီး မသုံးမဖြစ်ကုန်ပစ္စည်းတွေ အဆမတန်ဈေးကြီးမြင့်လာပါတယ်... ဒါကြောင့် လူတန်းစာ ကွာခြားမှုတွေဖြစ်လာပါတယ်... ကျွန်တော်တို့ မြန်မာနိုင်ငံအပြောင်းအလဲ အတွက် တခြားနည်းလမ်းမရှိကြတော့ဘူးလားလို့ မေးချင်ပါတယ်... ဒီစီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမပြောင်းလဲ နိုင်သေးပါဘူး... အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ပေမယ့် အိမ်နီးချင်းနိုင်ငံတွေကနေ ကုန်ပစ္စည်းဝင်ရောက်မှုတွေ ဒုနဲ့ဒေးပါ... နောက်ပြီး မြန်မာနိုင်ငံကို ထောက်ပံ့နေကြတဲ့ အာရှရဲ့ အင်အားကြီးနိုင်ငံတွေလည်းရှိပါတယ်... အဲဒီလို ၀င်ပေါက်တွေရှိနေတဲ့ အတွက် အနောက်နိုင်ငံတွေက စီးပွာရေး ပိတ်ဆို့မှု ဘယ်လောက်ပင် လုပ်လုပ် စစ်အစိုးရက အေးအေးပါပဲ... စိတ်ကသိကအောင့် ဖြစ်ရုံကလွဲပြီး ဘာမှ မဖြစ်ပါဘူး... ဒါကြောင့် စီးပွားရေး ပိတ်ဆို့မှုကို ရှောင်ရှားပြီး တခြားနည်းလမ်းတွေနဲ့ ဒီစစ်အစိုးရကို မတွန်းလှန်ကြတော့ဘူး... ရသေ့စိတ်ဖြေလုပ်ရပ်နဲ့ပဲ ရှေ့ဆက်ကြတော့မှာလား... ဒီလို မဖြစ်ညစ်ကျယ် လုပ်ရပ်တွေနဲ့ပဲ ရှေ့ဆက်တိုးနေရင် နောက်ဆိုရင် မြန်မာပြည်သူတွေဟာ ဘယ်ပါတီကို အားကိုးလို့ အားကိုးရမှန်းမသိ စစ်အစိုးရရဲ့လုပ်ရပ်ကိုလည်း မကျေနပ်နဲ့ ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ စဉ်းစားကြည့်လို့မရသေးပါဘူး... စစ်အစိုးရနဲ့ NLD တို့ရဲ့ ရင်ဆိုင်တိုက်ပွဲ ကြာလာတာနဲ့အမျှ လူတွေရဲ့ NLD အပေါ်မျှော်လင့်ချက်တွေလည်း တဖြည်းဖြည်း နည်းပါးလာပြီ ဖြစ်ပါကြောင်း ... နောက်တချက်က မြန်မာနိုင်ငံမှာ NLD ထက်ကောင်းတဲ့ ပါတီ မပေါ်ပေါက်သေးတဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးသားဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်နေသည့်အတွက် မြန်မာပြည်သူလူထုက NLD အား ထောက်ခံနေကြခြင်းသာဖြစ်ပါတော့တယ် ခင်ဗျာ....
စီးပွားရေးပိတ်ဆို့မှုလောက်နဲ့ မကျေနပ်ပဲ တကယ်ထိရောက်မည့် တခြား နည်းလမ်းများဖြင့် စစ်အစိုးရ ပြုတ်ကျအောင် ပြုလုပ်ရန်မသင့်ပါသလောဟု NLD အားမေးချင်ပါသည်။ တိုင်းပြည်အပြောင်းအလဲ ဖြစ်ရန် NLD ဦးမဆောင်ရဲပါသလား။ NLD သာ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ဖြင့် ဦးဆောင်မည်ဆိုပါက မြန်မာပြည်သူလူထုတရပ်လုံးနီးပါး NLD ၏နောက်တွင်ရှိပါသည်။ ဒီစစ်အစိုးရကို လက်ဝါးဖြန့်တောင်းလို့ ရမည်တော့မဟုတ်ပါ။ ထိုအချက်ကတော့ သေချာပါသည်။
လက်ဝါးဖြန့် တောင်းရအောင်
မင်းအဖေတွေမှာမဟုတ်တာ
စောက်သုံးမကျတဲ့ ဒိမိုတွေ
Post a Comment