Friday, 11 February 2011

မူဘာရပ် မနှုတ်ထွက် - အီဂျစ် လူထု တိုက်ပွဲ အရှိန်အဟုန်မြင့်တက် လာ ( အောင်ကောင်း)



(အောင်ကောင်း)  
အီဂျစ်သမတ မူဘာရပ်က သူရာထူးကဆင်းမပေးဘူးလို့  နိင်ငံ ပိုင်တီဗွီကနေ မိန့် ခွန်းပြောခဲတယ်။ သူမိန့် ခွန်းက ပြည်သူတွေကိုဒေါသပုန်ထစေခဲ့ပါတယ်။ လှုပ်ရှားမှုကို အ ရှိန်အဟုန်ဆက်လက်မြင့်တက်လာမဲ့အနေထားရှိလာပါတယ်။ မနေ့ က မူဘာရပ်နှုတ်ထွက်တော့မယ်လို လူထုကြားမှာကောလဟာလ တွေထွက်ပေါခဲ့ပါသေးတယ်။    ဒီလိုထွက်ပေါ်ရတာကတော့ စစ်ဦးစီးချုပ်က လူထုကို ခင်ဗျားတို့ တောင်းဆိုချက်တွေ ဒီနေ့  ရပါလိမ့်မယ်လို့  ပြောခဲ့တဲ့အပေါ်မှာဆန္ဒပြလူထုက မျော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းက အနောက်နိင်ငံ သတင်းဌာနတွေကလည်းမူဘာရပ်ဟာ အသာတကြည်နှုတ်ထွက်ပေးမယ်လို့  ယူဆခဲ့ကြတာဖြစ်ပါတယ်။  

ဒါကြောင့် မနေ့ က သတင်းတွေမှာဆိုရင် အီဂျစ်ဝန်ကြီးချုပ် အာမက်ရှာဖစ်ရှ်က သမ္မတမူဘာရက်သည် ရာထူးမှ နှုတ်ထွက်ပေးတော့မှာဖြစ်ပြီး တိုင်းပြည်အခြေအနေတွေကို မကြာခင်မှာပြောင်းလဲတော့မှာဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။စစ်တပ်အနေနဲ့  ဆန္ဒပြပွဲတွေရဲ့တောင်းဆိုချက်တွေ တုံ့ ပြန်ဖို့  ကြေငြာချက်တစောင် ထုတ်ပြန်ဖို့ ရှိတယ်လို့  (Satellite TV) က ပြောပါတယ်။ စစ်တပ်၏ အဆင့်မြင့်ကောင်စီက အစည်းအဝေးထိုင် ဆုံးဖြတ်နေဆဲဖြစ်ပါတယ်။

ဒီမိုကရေအရေး ဆန္ဒပြတောင်းဆိုသူများက ကိုင်ရိုလွှတ်တော်အနီးမှာ ဆန္ဒပြစခန်းတခု ထပ်မံဖွင့်လှစ်ထားပြီး အဓိကနေရာဖြစ်တဲ့ တီဟီရာကွင်းပြင်မှာ ဆက်လက်စုရုံးဆန္ဒပြဆဲဖြစ်ပါတယ်။သောကြာနေ့ မှာ ဆန္ဒပြခေါင်းဆောင်များက လမ်းပေါ်မှာ နောက်ထက်ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာဖို့  စီစဉ်နေကြပြီး ဆန္ဒပြသူများကတော့ သေဆုံးသွားသူ ၃၀၀ ကျော် အတွက် ရည်စူးပြီး ဘာသာရေးသူရဲခေါင်းများနေ့ တွင် နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားဋ္ဌာနများသို့  ချီတက်ရန် စီစဉ်ထားကြပါသည်။

ဝါရှင်တန်က မူဘာရက်ကို ရာထူးက နှုတ်ထွက်ပေးရန် ဖိအားပေးခဲ့သော်လည်း အစ္စရေးနှင့် ၁.၅ဘီလီယံ ဒေါ်လာအကူအညီပေးရေး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးနောက် မူဘာရက်အပေါ် ဖိအားပေးမှုများကို ရပ်ဆိုင်းခဲ့ပါသည်

No comments :