Thursday, 17 February 2011

သန်းရွှေပြေး ရန်ပြင်နေပြီ ( ကြားဖြတ်သတင်း )



အနောက်တိုင်းသံတမန် သတင်းရပ်ကွက်က လာသောသတင်းအရ   ဗိုလ်ချုပ် သန်းရွှေဟာ ပြေးရန် ပြင်နေပြီလို့ သိရတယ်။  တရုပ်ပြည်မှာ တစ်ဘီလီယံဒေါ်လာကျော်ထံအိမ်ကိုဝယ်ထားပြီဖြစ်တယ်။   ဒီအိမ်မှာသူမြေး မျောက်မူလဲက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။

ဒေါ်လာသန်းပေါင်းများစွာကို တရုပ်ဘဏ်များ သို့ ပြောင်းရွှေပြီးဖြစ်တယ်။  တရုပ်ပြည်က အိမ်ကိုဝယ်ယူမှု တွေ ရွေ့ ပြောင်းမှုတွေကို ဗခ- တင်အောင်မြင့်ဦးနဲ့  ခင်အောင်မြင့်တို့ က ဆောင်ရွက်ပေးခဲ့တာလို့ သိရတယ်။ အခြေအနေမဟန်ပါက ပြေးနိင်ရန် ဆောင်ရွက်နေတာ လို့  သိရတယ်။

နေပြည်တော် ရှိသူရဲ့  အိမ်ထဲက အကောင်းစာ ပရိဘောဂတွေကို တရုပ်ပြည်ကို ပြီးခဲ့တ အပတ်များကတည်းက စတင်ရွှေ့ ပြောင်း ခဲ့တယ်။   နေပြည်တော်ကသူအိမ်ကို မောင့်ပလဲစန့်  (   Mt. Pleasant )  လို့  သူတို့  စကားဝှက်နဲ့ ခေါ်ကြတယ်။ ဒီအိမ်က နေပြည်တော်က အိမ်က တောင်ကုန်းတခုပေါ်မှာတည်ဆောက်ထားတယ်။ ရောမခေတ် ကျောက်တိုင်ကြီးများနဲ့ တည်ဆောက်ခဲ့ပြီ ဥရောပမှ အကောင်းဆုံး ပရိဘောဂများကိုတပ်ဆင်အသုံးပြုခဲ့တဲ့အတွက် သန်း၇၀ ခန့် ကုန်ခဲ့တယ်လို့ သိရတယ်။   စစ်တပ်ထိပ်ပိုင်း အတွင်းမှာ နှစ်အုပ်ကွဲလျက်ရှိနေတယ်။  တရုပ်ပြည်က သန်းရွှေဝယ်ထားတဲ့အိမ်ကို ကျနော်တို့ ဓါတ်ပုံ ကို မကြာခင်တင်ဆက်ပေး နိင်အောင်ကြိုးပန်းနေပါတယ်။


စစ်တပ်အတွင်း ဖယိုဖယဲ အကွဲအကွဲ အပြားပြားဖြစ်နေသောငြားလည်း ပြည်တွင်းအခြေအနေက ငြိမ်သက်လျက်ရှိပါတယ်။  သန်းရွှေ မရှိရင်လည်း သန်းရွှေမြေး များကဆက်လက်အုပ်ချုပ် နိင်မည်ဆိုပါက  
မြန်မာပြည်သူများကလည်း တွန်းလှန် ကြတော့ မည့် အခြေအနေ မရှိကြကြောင်း အဆိုပါသံတမန် ရပ်ကွက်က ကောက်ချက်ချထားတယ်လို့ ဆိုပါတယ်။ 




3 comments :

Anonymous said...

လေးစားရတာ၊ကြည်ညိုရတာ၊ပြောသမျှယုံတာ၊မပြောခင်ထဲကကြိုတင်ထောက်ခံရတာ၊လုပ်သမျှခေါင်းငုံ့ ခံတတ်တာတွေက ကျနော်တို့ မှာ ခေါက်ရိုးကျိုးနေပြီ။
ကြိုင်ကြိုင်ဆက် အုပ်ချုပ်လဲရပါတယ်။
နောင်လာနောက်သားတွေက စစ်ကျွန်မျိုးဟေ့
တို့ ဗမာ လို့ အော်ရင် အဘတို့ ဦးတို့ 
ဆောက်သုံးမကျတာလို့ ဝန်ခံလိုက်ရင်တာဝန်ကျေရော။
ကဲ ဘယ်လောက် အဆင်ပြေလဲ ။
ရှက်တတ်ခြင်းမှ တာဝန်မဲ့သူတွေကို ငေါ့ရေးလိုက်တယ်ဗျို့ ။

Anonymous said...

တင်အေး လွှတ်တော်က ထွက်ပြီဆိုပြီး..ထင်ကြေးတွေ ပေးလိုက်ကြတာ.. ခုတော့ တင်အေးက ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ တဲ့... ဟီးဟီး ... ဒီတစ်ခါလည်း ငါတို့ ခံလိုက်ရပြန်ပြီ.. မြင့်အောင် တောင် ဘယ်လို ထုတ်သုံး အုံးမလဲ မသိဘူး..

Anonymous said...

If u want to get change,u have to do it ur self.
(Daw Su)