Tuesday, 22 February 2011
ကုလသမဂ္ဂဆိုင်ရာ လစ်ဗျား သံတမန် အကြီးအကဲက အာဏာရှင် ကဒါဗီ ကို အမြန်ဆုံး ပြစ်ဒဏ်ခတ် အရေးယူဖို့ တောင်းဆို
-WFWW-
ကုလသမဂ္ဂဆိုင်ရာ လစ်ဗျား သံအမတ်က လစ်ဗျားအာဏာရှင် ကဒါဗီ နုတ်ထွက်ရန် တောင်းဆိုခဲ့ပြီး၊ လေတပ် တိုက်လေယာဉ်များ အသုံးပြုပြီး လူသားမဆန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ပိုက်ကြည့်မနေဖို့ တောင်းဆိုလိုက်ပါတယ်။ သူဟာ လစ်ဗျားပြည်သူတွေရဲ့ အာဏာရှင်အဆုံးသတ်ရေး လူထုလှုပ်ရှားမှု ကို အပြည့်အ၀ ထောက်ခံကြောင်း၊ လစ်ဗျားနိုင်ငံအတွင်း လေယာဉ်ပျံသန်းမှုကို ရပ်တန့်အောင် ( (NO FLY ZONE) ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာအစိုးရ များအနေဖြင့် လစ်ဗျားပြည်သူများကို အမြန်ဆုံး အကာအကွယ်ပေးဖို့ ကိုလည်းတောင်းဆိုလိုက်တယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံမေးမြန်းခန်းမှာ သူ့ရဲ့ အသေးစိတ်တောင်းဆို သွားမှုကို ဒီမှာ သွားရောက်ကြည့်ရှု့နိုင်ပါသည်။
Ibrahim Dabbashi's Press Conference
at 01:34
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment