Tuesday 1 February 2011

အာဏာရှင် အဆုံးသတ်ရေး လူထုဆန္ဒပြမှုကြောင့် ဂျော်ဒန်ဘုရင် အစိုးရ တဖွဲ့လုံး ထုတ်ပြစ်


-မြတ်စိုး-
၀၂.၀၁.၂၀၁၁

ဂျော်ဒန်နိုင်ငံ မြို့ကြီးများရှိ လမ်းမများမှာ အာဏာရှင်အဆုံးသတ်ရေး လူထုဆန္ဒပြပွဲများကြောင့် ဂျော်ဒန်ဘုရင်က အစိုးရတဖွဲ့လုံးကိုနုတ်ထွက်ခိုင်းလိုက်ပြီး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အသက် ၆၃ နှစ်ရှိတဲ့ ၀န်ကြီးချုပ်ဟောင်း Marouf al-Bakhit ကို ၀န်ကြီးချုပ်အသစ် အဖြစ် ခန့်အပ်လိုက်ပါပြီ။ တိုင်းပြည်အတွင်း ရင်ဆိုင်နေရသော အစားအစာနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာ ၊ အလုပ်လက်မဲ့ပြဿနာ၊ ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သည့် စစ်တပ်အရာရှိများကို ရာထူးတိုးမြင့်မှုကြောင့် နိုင်ငံတကာနှင့် အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများ၏ ဖိအားပေးမှုခံနေရသည့်ပြဿနာများကို အမြန်ဆုံးဖြေရှင်းဖို့ အစိုးရသစ်ကို တာဝန်ပေးအပ်လိုက်ကြောင်း ကြားသိရပါသည်။

ဂျော်ဒန်ဘုရင်က တိုင်းပြည်အတွင်းရင်ဆိုင်နေရသော စီးပွားရေးပြဿနာများကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မလုပ်ပဲ၊ ဖြေရှင်းနိုင်လိမ့်မှာမဟုတ်ကြောင်း၊ အသစ်ခန့်အပ်လိုက်သည့် အစိုးရသစ်အနေဖြင့် ၊ ပြီးခဲ့သည့် အစိုးရ အဟောင်းများရဲ့ မှားယွင်းခဲ့မှုတွေကို ဆက်လက်မပြုလုပ်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ လွှတ်တော်ပြု ဥပဒေများ၊ ရွေးကောက်ပွဲဥပဒေများ၊ လွတ်လပ်စွာစုရုံး စည်းဝေးခွင့်များရှိအောင် အစိုးရသစ် အနေနဲ့ ဖန်တီးပေးဖို့ နှင့် ယင်းတို့ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းထားခဲ့တယ်။

ဂျော်ဒန် အတိုက်အခံ အဖွဲ့ အစည်းတွေကတော့ ၀န်ကြီးချုပ်ဟာ ဘုရင် က တိုက်ရိုက်ခန့်အပ်ခြင်းထက်၊ ပြည်သူက တင်မြောက်ထားသည့် လွှတ်တော် ကိုယ်စလှယ်များ က တိုက်ရိုက် ရွေးချယ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြောင်းလဲရမည်ဖြစ်ကြောင်း၊ တောင်းဆိုထားသည့် အချက်များကို မရရှိပါက အာဏာရှင် အဆုံးသတ်ရေး အတွက် ဆက်လက် ဆန္ဒပြမှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည့် စစ်တပ်အရာရှိများကို ရာထူးတိုးမြင့်နေမှုအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး၊ တရားမျှတမှုရှိစွာ တရားဥပဒေအရ စီရင်ပေးဖို့ တောင်းဆိုနေကြကြောင်းကြားသိရပါသည်။

ဂျော်ဒန်နိုင်ငံဟာ တနှစ် ၂ဘီလီယံလိုငွေပြနေပြီး၊ ကြွေးမီ ၁၅ ဘီလီယံ ကျော် တင်ရှိနေပါတယ်။ အလုပ်လက်မဲ့ ၁၂ ရာခိုင်နှုန်း ရှိနေပြီး၊ ၂၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု အောက်မှာနေနေကြရတယ်။ ပြည်သူများဟာ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်နေမှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။

12 comments :

Anonymous said...

If the islamic relagion learders get the power,more trouble for the world.they wnat to go back to stone age.
Nobody can prove where is god.i dont belive any god.human create god.God didnt creat the human.Killing the innocent people for the unseen god is idiot.

Anonymous said...

သူတို့နိုင်ငံမှာ လိုမျိုး ကျုပ်တို့မြန်မာနိုင်ငံမှာ လုပ်လို့မရဘူးဆိုတာ အဲဒီမေးတဲ့သူတွေ နားမလည်ဘူးထင်တယ်။ဗမာသေနတ်စာ မစားဖူးဘူးထင်တယ်။
Know ur enemy.Thats why...even it takes next 100 years,Saw Su will keep on doing nonviolent.

Anonymous said...

ပထမအမှားမှာ ကိုးဆယ်ရွေးကောက်ပွဲရလဒ်အတိုင်း စစ်အစိုးရ၏ ညစ်ပတ်မှုကို လက်မခံဘဲ မိမိတို့ဖာသာ အစိုးရဖွဲ့ရမည်ကို ကြောက်ပြီး မဖွဲ့ခဲ့ကြခြင်း၊
အတိုက်အခံနိုင်ငံရေးဖက်က ဘာကြောင့် မအောင်မြင်ရတာလဲ၊ ပြည်တွင်းကိုကြည့် လျှင် ဒေါ်စုဦးဆောင်သည့် အန်အယ်ဒီ ပါတီသည် သူတို့အသေဆုပ်ကိုင်ထားသည့် အနုနည်းနှင့် တိုက်သည့်တိုက်ပွဲ ပုံသဏ္ဌန်ပေါ်တွင် နည်းဗျူဟာအရ မှားယွင်းခဲ့ကြပါသည်၊
နောက်ဆုံးအမှားမှာ ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်လိုက်ပြီး နောက်တက်မည့် အစိုးရသစ်နှင့် ဆွေးနွေးချင်ပါသည်ဟု ရှေနောက်မညီသည့် ကမ်းလှမ်းချက်များ ရှိနေခြင်းတို့ပင် ဖြစ်ပါသည်၊ ပြီးသွားပြီ ဖြစ်သဖြင့်လည်း ပြင်လို့မရနိုင်တော့ပါ၊

ဒေါ်စုအနေနှင့် နောက်တက် စစ်ဦးစီးအစိုးရနှင့် တွေ့ဆုံဆွေးနွေး ချင်ပါသေးသည်ဆိုသည့် ယခုနောက်ဆုံးစကားမှာ တရားသံဝေဂ ယူစရာ ကောင်းလှပါသည်၊
ရှေးယခင်က ဗိုက်သန်းရွှေ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခွင့် တောင်းခဲ့သော်လည်း မရခဲ့ပါ၊

ယခုလည်း ရွှေမန်း သိန်းစိန် အစိုးရနှင့် တွေ့ဆုံခွင့်ကို ဆက်လက်ပြီးတောင်းနေရမည်သာ ဖြစ်နေပါတော့သည်၊
ဘယ်လောက်ကြာကြာတောင်းနိုင်ပါမည်နည်း၊ ခြောက်ဆယ်ကျော် ခုနှစ်ဆယ်အတွင်း အဖွားအို ဒေါ်စုအတွက် အချိန်ရှိနိုင်ပါအုန်းမည်လား၊
တွေးပြီး စိတ်မကောင်းဖြစ်ရပါသည်၊

နောက်ဆုံးအမှားမှာ ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်လိုက်ပြီး နောက်တက်မည့် အစိုးရသစ်နှင့် ဆွေးနွေးချင်ပါသည်ဟု ရှေနောက်မညီသည့် ကမ်းလှမ်းချက်များ ရှိနေခြင်းတို့ပင် ဖြစ်ပါသည်၊ ပြီးသွားပြီ ဖြစ်သဖြင့်လည်း ပြင်လို့မရနိုင်တော့ပါ၊

ဒေါ်စုအနေနှင့် နောက်တက် စစ်ဦးစီးအစိုးရနှင့် တွေ့ဆုံဆွေးနွေး ချင်ပါသေးသည်ဆိုသည့် ယခုနောက်ဆုံးစကားမှာ တရားသံဝေဂ ယူစရာ ကောင်းလှပါသည်၊
ရှေးယခင်က ဗိုက်သန်းရွှေ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခွင့် တောင်းခဲ့သော်လည်း မရခဲ့ပါ၊

ယခုလည်း ရွှေမန်း သိန်းစိန် အစိုးရနှင့် တွေ့ဆုံခွင့်ကို ဆက်လက်ပြီးတောင်းနေရမည်သာ ဖြစ်နေပါတော့သည်၊
ဘယ်လောက်ကြာကြာတောင်းနိုင်ပါမည်နည်း၊ ခြောက်ဆယ်ကျော် ခုနှစ်ဆယ်အတွင်း အဖွားအို ဒေါ်စုအတွက် အချိန်ရှိနိုင်ပါအုန်းမည်လား၊
တွေးပြီး စိတ်မကောင်းဖြစ်ရပါသည်၊

Always said...

သူတို့နိုင်ငံမှာလိုမျိုး ကျုပ်တို့နိုင်ငံမှာ လုပ်လို့မရဘူးဆိုတာ ဘာအတွက်ကြောင့်လဲ။ ဗမာသေနတ်စာ မစားဖူးဘူးထင်တယ် ပြောရအောင် အဲဒီပြောတဲ့သူက ကြံ့ဖွတ်၊ န၀တ၊ စစ်ခွေးဘဲ ဖြစ်ရမယ်။ တန်ဖိုးရှိတဲ့ ဘယ်အရာမဆို ထိုက်တန်တဲ့ ပေးဆပ်ရင်းနှီးမှုရှိမှ ရရှိနိုင်တယ်။ ကျုပ်တို့က ရင်းနှီးပေးဆပ်မှုတွေ မရှိခဲ့ဘဲ ဒီစကားမျိုးတွေ ပြောနေတာမဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှု သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၈၈ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ဘယ်သမိုင်းကမှမမှီခဲ့ဘူး။ အဲဒါကို မြန်မာပြည်ကသမိုင်းဆရာတွေ အသိဆုံးဘဲ။ သမိုင်းဆိုတာလိမ်ညာလို့မရဘူး။ ဘယ်ပါတီ၊ ဘယ်ခေါင်းဆောင်ကိုမှ အားကိုးမနေနဲ့။ ကိုယ်သာလျှင် ကံကြမ္မာရဲ့အရှင်သခင်ဘဲ။ ၈၈ ကျောင်းသားလှုပ်ရှားမှု သမိုင်းကြောင်းကို ပိုမိုသိရှိအောင်လေ့လာကြ။
စစ်အာဏာရှင်တွေ ကျဆုံးရမည်။

လေးစားစွာဖြင့်
တေဇသူရ

Anonymous said...

သမိုင်းဆိုတာလိမ်ညာလို့မရဘူး
Why U Nay Win didnt allow vote decision At htutttaw for multiparty system?
According to Htuttaw law,they have to decide by vote system for this one party or mulit party syatem.
U Nay Win talked directly to public...Lets make people decision whether they like one party or mulit party sestem?
Answer me, တေဇသူရ
just answer this question.Do not talk other topic if u have political view.

Anonymous said...

#Anonymous
"သမိုင်းဆိုတာလိမ်ညာလို့မရဘူး
Why U Nay Win didnt allow vote decision At htutttaw for multiparty system?
According to Htuttaw law,they have to decide by vote system for this one party or mulit party syatem.
U Nay Win talked directly to public...Lets make people decision whether they like one party or mulit party sestem?
Answer me, တေဇသူရ
just answer this question.Do not talk other topic if u have political view."

I have no idea what you are asking? Or what you are trying say? Or how it is related to တေဇသူရ was saying? Nay Win asked the country on T.V. So what? Just answer this question! :-P

Always said...

If you really want to know about 1988, you need to add and contact to tayzathura@gmail.com. If not, i can not answer your question. Because of, i do not know you.

Sincerely,
Tay Za Thura

Anonymous said...

Nay Win asked the country on T.V. So what
u Nay Win want to finish masala party because his 20 years plan failed and became ldc, he didnt want to get responsible person.That time country had just $30 million.He had no idea what to do next .1987,he talked its time to change but got no advise b/c everybody afraid him.
When country became LDC,he ordered U Aung Gyi to sepead the letters that all r cheating to him,thats why country became ldc.
U Nay Win is the father ,the founder of masala party but when country became ldc and his 20 years plan fialed,he wanted to change system.He wanted U Aung Gyi to run the country economy because he belive U Aung Gyi know how to run teashop.
If he allow vote decision,he can not do multi party system and can not put U Aung Gyi.He know if he aske the people directly,people will come out on the street and he can finish masala party.Thats why he said lets make the people decision.သမိုင်းဆိုတာလိမ်ညာလို့မရဘူး
He created 888 because he wanted to change the system.People r traped in his trick.
Can listen what U Nay Win said at htutttaw.
http://www.youtube.com/watch?v=Zp5UXCmH5gA

Anonymous said...

Let the world know what we discuss တေဇသူရ
Everybody can decide who is right or wroong.we can discuss here.
သမိုင်းဆိုတာလိမ်ညာလို့မရဘူး

* said...

စစ်အစိုးရကို ဖြုတ်ချနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမားတွေ အားလုံးပေါင်းပြီး "ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းကြောင်း ကမ္ဘာသိ ကြေညာပြီး၊ စင်ပြိုင် တပ်မတော် တည်ထောင် တိုက်ခိုက်ခြင်းပါပဲ။" "ဖက်ဆစ်တပ်မတော် ၊ သန်းရွှေ တပ်မတော်ကို ဖြိုခွဲနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါ။" "ဘက်ပြောင်းခိုလှုံပြီး သေနတ်ပြောင်းနောက်ပြန် လှည့်ပစ်ဖို့ အသင့်ရှိနေတဲ့ တပ်မတော်သားတွေ အများကြီးပါ။" "ကမ္ဘာသိ တရားဝင် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းပါ။"

Anonymous said...

we have to think why the world war 1 started and world 2 started.Dont think i was that war that time.
We have to think why 8888 happened.Dont think i was protested on the road
that time.why people come out on the street?

Anonymous said...

၁၉၈၇ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းသည် ရေဒီယိုမှတဆင့် တိုင်းပြည်သို့ မိန့်ခွန်းစကား ဆို၏။

၂၅ နှစ်တိုင်တိုင် အာဏာရယူထားခဲ့သည့် မဆလ ၏ လမ်းစဉ်တွင် ‘လုပ်ဟန်’ အမှားထက် ‘လမ်းစဉ်’ ကိုယ်၌ကပင်၊ ချို့ယွင်းမှားယွင်းမှုများ ရှိနေသည်ဟု ဆို၏။ ပြီးလျှင် ပြောင်းလဲနေသည့် အချိန်ကာလနှင့်အညီ ပြောင်းသင့်တာတွေကိုလည်း ပြောင်းလဲရပါမည်ဟု

ထိုစဉ်က မဆလ တွင်ရှိသည့် နိုင်ငံခြားငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂ဝ-၃ဝ မျှသာ လက်ကျန်ရှိ၏။ အကြွေးက နိုင်ငံစုစုပေါင်း ကုန်ထုတ်လုပ်မှု GDP ၏ ၅ဝ % ကျော်ရာမှ တိုး၍သာ မြင့်တက်၍နေသည်။ လူထုသည် အထွေထွေအကျပ်အတည်းကြီးအတွင်း၌ နစ်၍နေ၏။
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ဆရာစံခန်းမ၊ မဆလ ၏ အထူးအရေးပေါ် ပါတီညီလာခံအား ကျင်းပ၏။ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ညီလာခံတွင် အဖွင့်မိန့်ခွန်းပေး၏။
“မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများဟာ အစိုးရအဖွဲ့နဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို အယုံအကြည်ကင်းမဲ့နေတာ၊ ထိုရုန်းရင်းဆန်ခတ်တွင် ကိုယ်တိုင်ပါဝင်သူများနဲ့ နောက်မှ အားပေးသူများက ဖော်ပြလိုက်ပါတယ်။ တတိုင်းပြည်လုံး လူထုအနေနဲ့ ဒီအယုံအကြည် ကင်းမဲ့သူဘက်က အများစုလား၊ အနည်းစုလားဆိုတာ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။
တပါတီစနစ် (သို့မဟုတ်) ပါတီစုံစနစ်ဆိုတဲ့ စနစ်နှစ်ခုမှာ ဘယ်စနစ်ကို ရွေးပါသလဲလို့ တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပရင် ဆန်းစစ်မှု အဖြေပေါ်နိုင်မည်ဟု ယူဆတာကြောင့် တပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပပေးရန် ညီလာခံသို့ တင်ပြပါတယ်”