Monday, 28 February 2011

ကုလသမဂ္ဂလုံခြုံရေးကောင်စီက လစ်ဗျား အာဏာရှင် ကို အရေးယူရန်ဆုံးဖြတ်



-WFWW-

ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားသံအမတ် က အာဏာရှင် ကဒါဗီ အား လူသားများအပေါ် ရာဇ၀တ်မှုကျူးလွန်ခဲ့မှု အား အရေးယူရန် တောင်းဆိုခဲ့ပြီး နောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက လစ်ဗျား အာဏာရှင် ကို ခုံရုံးတင်ဖို့ စုံစမ်းစစ်ဆေးရန် ၁၅ မဲ ၀ မဲ ကန့်ကွက်မှုမရှိ တညီတညွတ် တည်း ဆုံးဖြတ်ချက်ချလိုက်ပါပြီ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအရ-

၁) အာဏာရှင် ကဒါဗီ မိသားစု၊အပေါင်းအပါ အပါအ၀င် လစ်ဗျားခေါင်းဆောင်များရဲ့ ငွေကြေးပစ္စည်းပိုင်ဆိုင်မှု၊ ခရီးသွားလာမှု တွေကို ထိန်းချုပ်ခြင်း၊
၂) လစ်ဗျားသို့ လက်နက်ရောင်းချမှု၊တင်ပို့မှု ကို ရပ်ဆိုင်းခြင်း
၃) လစ်ဗျားနိုင်ငံ အတွင်း လူသားများအပေါ် ရာဇ၀တ်မှုကျူးလွန်ခဲ့မှု အား စုံစမ်းအရေးယူရန် ဆုံးဖြတ်ခြင်းများပါဝင်ပါသည်။

တချိန်တည်းမှာပဲ အမေရိကန် နှင့် အခြား နိုင်ငံများက လစ်ဗျားနိုင်ငံအတွင်း လေကြောင်းမှ အင်အားသုံးပြီးလူသားများအပေါ် ရာဇ၀တ်မှု ဆက်လက် ကျူးလွန်ပါက NO FYL ZONE အဖြစ် အရေးယူမှုပြုလုပ်ရန် အသင့်အနေအထားမှာ ရှိနေကြာင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

နောက်ဆုံးရ သတင်းတွေအရ လစ်ဗျားအရှေ့ခြမ်းမှာ တရားရေးဝန်ကြီး ကို လူထု ခေါင်းဆောင် အဖြစ် ယာယီ တာဝန်ယူဖို့ အတိုက်အခံများက ဆုံးဖြတ်ချက်ချခဲ့ကြောင်း၊ လစ်ဗျားပြည်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး Gen. Ahmed el-Gatrani က ထရီပိုလီမှာရှိတဲ့ အာဏာရှင် ကဒါဗီ ကို အကာအကွယ်ပေးနေကြတဲ့ တပ်ဖွဲ့ဝင်တွေကို လူထုနဲ့ ပူးပေါင်းဖို့ ပန်ကြားခဲ့ပြီး၊ အာဏာရှင် ကဒါဗီ ဖြုတ်ချဖို့ လိုအပ်တဲ့ စစ်ရေးအကူအညီများ ပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဗိုလ်ချုပ်ကြီး Gen. Ahmed el-Gatrani က စစ်တပ်ကို လူထုနဲ့ ပူးပေါင်းဖို့ ပန်ကြားခဲ့ပြီးနောက် တင့်ကားများ၊ လေယာဉ်ပစ် အမြောက်များ၊ ဒုံးကျည် များ သယ်ဆောင်လာတဲ့ တပ်ဖွဲ့ဝင်များ ဟာ လူထုနဲ့ လာရောက် ပူးပေါင်းခဲ့ကြောင်း သိရှိရပါသည်။

No comments :