အာရပ်ကမ္ဘာ ရဲ့ သမိုင်းသစ်နေများ
အရှေ့ အလယ်ပိုင်း မှာတော့ လူထုလှုပ်ရှားမှုတွေအားရစရာကောင်းလောက်အောင်ဖြစ်ပေါ်လာနေပြီ။ အရှေ့ အလယ်ပိုင်နိင်ငံတွေက အာဏာရှင်တွေဟာ တယောက်ပြီးတယောက် လူထုက တွန်းလှန်ဖယ်ရှားနေတာတွေကိုခံနေကြရပြီ၊ တူနီရှား က နိင်ငံက စလိုက်တဲ့မီးစ လေး တခုက အာရပ်ကမ္ဘာကြီးကို မီး ဟုန်းဟုန်း ထတောက်စေခဲ့ပြီ။ ဟိုး မောရိုကိုကနေ အီရန်အထိ ။ မီးကတောက်လျောက်ကူးလာချေပြီ။ ဒါက နှစ်ပေါင် တထောင်လောက်အတွင်းမှာ ပထမဆုံး အကြိမ် လူထုအုံကြွမှုကြီး။ ငြိမ်းမရတဲ့မီးတောက်မီးလျှံကြီး။ မီးတောက်မီးလျှံ ကြီးအတွက် လောင်စာတွေကလဲ အသင့်ရှိနေတယ်။ ဒါတွေက
လွတ်လပ်မှုမရှိမှု၊ အုပ်ချုပ်တဲ့အစိုးရတွေရဲ့  ချစားမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှု၊ အလုပ်လက်မဲ့ လူငယ်ပညာတ်တွေအတွက် မျော်လင့်ချက်ကင်းမဲ့လာမှု ၊တဖက်မှာ ကမ္ဘာကြီးက ဆက်သွယ်ရေးနဲ့  အင်တာနက်နည်းပညာတွေ တိုးတက်လာမှု တွေက
လူထုအုံကြွမှုအတွက်လောင်စာတွေဖြစ်လာခဲ့တယ်။ ဒီတော့ လူထုအုံကြွမှုတွေဟာ တောမီးပမာ -
ဘာလဲကွလွတ်လပ်မှုဆိုတာ၊ လူထုအတွက် လွတ်လပ်မှုကမေးခွန်းထုတ်စရာ၊ သမိုင်းကြောင်းနဲ့ ချီပြီ ခံစားနေရတဲ့ခံစာချက် ကလည်းရှိနေတယ်။
လွတ်လပ်မှုမရှိမှု၊ အုပ်ချုပ်တဲ့အစိုးရတွေရဲ့  ချစားမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှု၊ အလုပ်လက်မဲ့ လူငယ်ပညာတ်တွေအတွက် မျော်လင့်ချက်ကင်းမဲ့လာမှု ၊တဖက်မှာ ကမ္ဘာကြီးက ဆက်သွယ်ရေးနဲ့  အင်တာနက်နည်းပညာတွေ တိုးတက်လာမှု တွေက
လူထုအုံကြွမှုအတွက်လောင်စာတွေဖြစ်လာခဲ့တယ်။ ဒီတော့ လူထုအုံကြွမှုတွေဟာ တောမီးပမာ -
ဘာလဲကွလွတ်လပ်မှုဆိုတာ၊ လူထုအတွက် လွတ်လပ်မှုကမေးခွန်းထုတ်စရာ၊ သမိုင်းကြောင်းနဲ့ ချီပြီ ခံစားနေရတဲ့ခံစာချက် ကလည်းရှိနေတယ်။
၁၁ ရာစုက နေစပြီ အာရပ်ကမ္ဘာ ဟာ နိင်ငံခြားသားတွေကပဲ လွမ်းမိုးထိမ်းချုပ်မှုကိုခံခဲ့ကြရတယ်။ မွန်ဂိုတွေ၊ ပါရှန်တွေ ၊တူရကီတွေ ရဲ့ ကျူးကျော်သိမ်းပိုက်မှုကိုခံခဲ့ရတယ်။ အော်တိုမန်အင်ပါရာ ( တူရကီ) တွေက ဆိုရင်ရာစုနှစ်ပေါင်းများစွာ ကိုလိုနီပြုကျင့်ထားတာကိုခံခဲ့ရတယ်။
၁၉ရာစုကြပြန်တော့ဥရောပသားတွေက တဖွဲဖွဲ ရောက်လာပြီ ဗိုလ်ကျစိုးမိုးတာကိုခံခဲ့ကြရပြန်ပါတယ်။ ဥရောပသားတွေက ပထမကမ္ဘာစစ် ( ၁၉၁၄-၁၈) အပြီး မှာ ဒီနေ့ကျနော်တို့ မြင်နေရတဲ့ အာရပ်ကမ္ဘာ နိင် ငံ ပထ၀ီမြေပုံနယ်နမိတ်တွေကို သူတို့ ဘာသာသူတို့ သတ်မှတ်ခဲ့တယ်။ နိင်ငံမြေပုံတွေကပုံမျကပန်းမကျ၊ ရာဇမတ်ကွက်တွေရိုက်ပြီး သူတို့ ပိုင်းယူရာက မြေပုံတွေ လို ဖြစ်လာရတယ်။
တခါ စစ်အေးတိုက်ပွဲ ကာလကြီး ( ၁၉၄၇-၁၉၈၉) ။ မဟာအင်အားကြီးနိင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့  ဆိုဗီယက်ရုရှားတို့  က ဒီဒေသထဲမှာရှိတဲ့နိင်ငံတွေကို ကိုယ်လူကိုယ်မွေးပြီး ဒေသအတွင်းမှာသြဇာတည်ထောင်ထားခဲ့ကြတယ်။ ငွေတွေကိုပုံအောထောက်ပံခဲ့ကြတယ်။ ၁၉၈၉ ခုနစ်မှာတော့ ဆိုဗီယက်ယူနီယံက ပြိုကြသွားတယ်။ အမေရိကန်ပြည်ထောင်စုတခုတည်း ပြိုင်ဖက်မရှိဗိုလ်ဖြစ်လာခဲ့တယ်။ ဒီတော့အာရပ်ကမ္ဘာက အရင်ကဆိုဗီယက်သြဇာခံ အာရပ်နိင်ငံတချို့ ဟာ အမေရိကန်နဲ့ အဆင်ပြေနိင်အောင်ကြိုးပန်းလာခဲ့ကြတယ်။ မောရိုကို၊ အီဂျစ်၊ ဆောဒီအာရေဗီယ တို့  လိုနိင်ငံတွေ။
၁၉၇၉ခုနစ်မှာ အမေရိကန် မဟာမိတ်ဖြစ်တဲ့အီရန်ကရှားဘုရင်ပြုတ်ကျ၊ ခိုမေနီဦးဆောင်တဲ့အီရန်ြုဖစ်လာတယ်။ ဘာသာရေးကိုအခြေခံ၊ ဒီမိုကရေစီအခွင့်ရေးတွေကိုမြေလှန်ပြစ်တယ်။ ဒေသအတွင်းမှာ ကိုယ်သြဇာကိုယ်ထူထောင်နိင်ရေးဆက်လက်ကြိုးပန်းခဲ့တယ်။ လှစ်ဟာသွားတဲ့ဆိုဗီယက်သြဇာကွက်လပ် ကိုဖြည့်နိင်အောင်ကြိုးပန်းနေတယ်။
ဒီဒေသအတွင်း မှာအမေရိကန်ရဲ့ သြဇာကို အမေရိကန် အခြေအနေပြောင်းလဲလာဖို့ အချက် သုံးခုဖြစ်လာတယ်။
တစ်- စက်တင်ဘာ နိင်းအလဲဗင်း ဖြစ်ရပ်၊ ဒီဒေသအတွင်း မှာ အမေရိကန် ဆန်ကျင်ရေးလှုပ်ရှားမှုတွေကြီးထွားလာတယ်။ ဒီလှုပ်ရှားမှုတွေကို အလ်ခိုင်ရီးဒါးတွေအတွက်လူသစ်စုဆောင်းပေးနေသလိုဖြစ်လာတယ်။
နှစ်- ဒီတော့ အမေရိကန်က သူသြဇာခံအာရပ်နိင်ငံတွေကို ဖိအားပေးလာခဲ့တယ်။ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့  အဆက်မပြတ်ဖိအားပေးမှုတွေလုပ်ခိုင်းလာတယ်။ ပြုပြင်ပြောင်လဲမှုမလုပ်လိုတဲ့ အုပ်ချုပ်ရေးမှာ အရေအသွေးမပြည့်မှီတဲ့ အာဏာရှင်တွေ၊ ဘုရင်တွေကို ထောက်ပံတာတွေကို ကို လျော့ချလာတယ်။
သုံး - အမေရိကန် ကိုယ်တိုင်က စီးပွားရေးအကြပ်ရိုက်မှုကြောင့်အရှေ့အလယ်ပိုင်းမှာသူ့ သြဇာကျဆင်းလာတယ်။ ဥပမာ- အိရတ်မှာ၊အာဖဂန်နစ်စတန်မှာ ချာလပတ်ရမ်းနေတယ်။ ဆူပါပါဝါကြီးဟာ အလွန်အမင်း ဟောဟဲလိုက်နေတယ်။ ခြေကုန်လက်ပန်းကျနေတယ်။
ဒီအချက်တွေကြောင့် အမေရိကန်ကိုယ်တိုင်က ဒီဒေသမှာအရင်ကလို လူတွင်ကျယ်လုပ်ဖို့  စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။ ဒီဒေသ နိင်ငံရေးကစားကွင်းမှာ သွက်လက်လှုပ်ရှား ကစားနိင်ဖို့  ခြေစွမ်းကလည်း အတော့ကို ကျဆင်းလာတယ်။
နှစ်ပေါင်းတထောင်ကျော်နိင်ငံတကာ ကိုလိုနီပြုခံခဲ့ရတဲ့ အာရပ် ကမ္ဘာမှာ ဒေသအတွင်း အုပ်ချုပ်သူတွေရှိခဲ့တယ်။ ဥပမာ- ဘုရင်၊ ဆူလတန်၊ ဗိုလ်ချုပ်၊သမတ စတာတွေ အများစုဟာ နိင်ငံခြားသားအုပ်ချုပ်သူတွေရဲ့ အလိုကျ ဖွဲ့ ကြိုးဆွဲခံတွေမျှသာဖြစ်ခဲ့တယ်။
ဒီ ရုပ်သေး အစိုးရတွေရဲ့ ပြသနာက တော့ သူတို့ ကိုကြိုးကိုင်ထားတဲ့ နိင်ငံခြားသာ ကိုလိုနီတွေနဲ့  စေ့စပ်ဆွေးနွေးတာ ကျွမ်းကျင်လိမ္မာကြသလောက် ၊ ကိုယ်ပြည်သူလူထုတွေနဲ့ ကြတော့ စေ့စပ်ဆွေးနွေးညှိနိင်မှုတွေမှာ နားကိုမလည်တာ၊ စိတ်ကို မ၀င်စားကြတာ။ ရေနံကနေဒလဟောဝင်နေတဲ့ငွေတွေနဲ့ အာဏာကိုယ်စီတည်ဆောက်နေကြတယ်။ နိင်ငံရေးကစားကွင်းမှာ ခွန်အားသုံးမှု န့ဲ့  လဘ်ပေးမှု ဆိုတဲ့ နည်းလမ်း နှစ်မျိုး ကိုပဲ တွင်တွင်သုံးနေခဲ့ကြတာပါ။
ဒီတော့ အာရပ်ကမ္ဘာမှာရှိတဲ့လူထုက နိင်ငံရေး မုန်းတိုင်းနှစ်ခုကြားမှာခေါင်းမဖေါ်နိင်ခဲ့ဘူး။ တခုက အစ္စလန် ဘာသာရေးအစွန်းရောက် ၀ါဒ ၊ ဒါက အစ္စလန်ဘာသာတခုတည်းသာ ကမ္ဘာကြီးမှာ လွမ်းမိုးလာလိမ့်မယ်ဆိုတဲ့ အယူဆတွေ၊တခြားဘာသာဝင်တွေရဲ့  လူအဖွဲ့ စည်းမှာကောင်းကျိုး ပြုမှု တွေကို ငြင်းပယ်တာတွေ၊ တခြားဘာသာဝင်တွေပေါ်မှာ အဆိုးမြင်တွေ၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ဖိနိပ်မှုထားမှုတွေ စတာတွေကိုအစ္စလန် အခြေခံဝါဒီတွေက စနစ်တကျအာရပ်ကမ္ဘာက လူထုကိုမှိုင်းတိုက်ခဲ့တယ်။
နောက်တခုက လောင်စာ ( Energy) ကိုပဲအာရုံစိုက်နေတဲ့ အမေရိကန် နိင်ငံခြားရေးဝါဒ။ အာရပ်ကမ္ဘာက အာဏာရှင်တွေ ဖယ်ရှား ဒီမိုကရေစီ နဲ့ လူအခွင့်အရေး တည်ဆောက်ပေးမှုကိုလုံးဝ ဥပေက္ခာပြုထားခြင်းဖြစ်တယ်။
ဒီနှစ်ခုစလုံးကို အာရပ်ကမ္ဘာက လူထုက စတင်လမ်းခွဲလိုက်တဲ့အခါမှာ အာရပ်ကမ္ဘာမှာသမိုင်းသစ်နေဟာစတင်လာတော့တာဖြစ်တယ်။ ဒီမိုကရေစီရေတောင်းဆိုတဲ့လူထုလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာတာဖြစ်တယ်။ ဒါကိုကြိုဆိုရမယ်။ ထောက်ခံကြရမယ်။
မိုးသီး
4 comments :
ဘာဖေါင့်တွေနဲ့ရေးတာလဲမသိဘူး ဖတ်လို့မရဘူးဗျ ....
ဘာဖေါင့်တွေနဲ့ရေးတာလည်း မသိဘူး ဖတ်လို့မရဘူးဗျ ...။
ဟုတ်တယ်ဗျ စာလုံးတွေ တခုခုမှားနေတယ်
ngar lo ma thar ano ni mat.nay yar da kar par dal.
Post a Comment