-WFWW-
လစ်ဗျား အာဏာရှင် အဆုံးသတ်ရေးလူထုဆန္ဒပြပွဲ မှာ လူဦးရေ ၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဆန္ဒပြသူများက စစ်အခြေစိုက် တစ်ခု ကို သိမ်းပိုက်ခဲ့ကာ လက်နက် များ၊ တင့်ကားများ ယူဆောင် သွားခဲ့ကြောင်းသိရှိရ ပါသည်။ လစ်ဗျား အာဏာရှင် ကဒါဘီရဲ့ သားက အစိုးရ ရုပ်မြင်သံကြား ကနေ သူ့အဖေ ဟာ တိုင်ပြည်မှာပဲ ဆက်လက်ရှိနေသေးကြောင်း၊ အာဏာ ကို ဆက်လက်ထိမ်းချုပ်နိုင်ဖို့ နောက်ဆုံး လူသေ သည်အထိ တောင့်ခံသွားမည်ဖြစ်ကြောင်း ခုခံ ပြောဆိုသွားပါသည်။ တိုင်းပြည်အတွင်းနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းစစ် ဖြစ်လာနိုင်တယ် လို့လည်း သတိပေးပြောကြား သွားတယ်။ အာဏာရှင်ရဲ့ သားက တော့ တိုင်းပြည်ကြီးပြိုကွဲမှာမို့ ၊ သူတို့အနေနဲ့ အာဏာ ကို ဆက်လက်ထိမ်းချုပ်ရမှာဖြစ်ကြောင်း ပြောကြားသွားသလို၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပေးဖို့လည်း ဂတိပြု ထုတ်ဖော်ပြောကြားသွားပါတယ်။
ဆန္ဒပြသူများကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ရာမှာတော့ လစ်ဗျားစစ်တပ်ဟာ လူထု အုံကြွမှုကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်ထားတာမျိုး မပြင်ဆင်ထားခဲ့တဲ့အတွက် ပစ်ခတ်မိပါတယ်လို့ အာဏာရှင် ကဒါဗီရဲ့ သားက တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ရာမှာ ၀န်ခံသွားခဲ့ပါတယ်။
လစ်ဗျားဟာ အခု ၂၂ နိုင်ငံ ပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထားရတဲ့နိုင်ငံ ဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံမှာ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ လစ်ဗျားကိုယ်စားလှယ် Abdel Moniem el- Honey က ဒီနေ့ နှုတ်ထွက်လိုက်ပါတယ်။ သူက ဘာကြောင့် နုတ်ထွက်လည်းဆိုတာကို မေးမြန်းရမှာ တော့ အခုလို ပြောဆိုသွားပါတယ်။ "El-Honey expressed his refusal to kill unarmed protestors, saying "as a Libyan citizen, I condemn all these crimes which are close to the genocide acts."
လစ်ဗျားမှာ ဘာတွေဖြစ်လာ မလဲ ဆိုတာကတော့ ရက်အနည်းငယ်အတွင်းမြင်တွေ့ လာကြရတော့မှာပါ။ မျက်မြင်တစ်ဦးကတော့ မြို့တော် လမ်းမ များမှာ လူသေအလောင်းများပြည့်နေပြီး၊ ဆေးရုံများမှာ ဒဏ်ရာရသူများနဲ့ပြည့်နှပ်နေကြောင်း နိုင်ငံခြားသတင်းဌာနများကို ပြောပြသွား ပါသည်။ မြို့တော် ထရီပိုလီမှာ အာဏာရှင် ကဒါဗီကို ဆန့်ကျင်သူနဲ့ ထောက်ခံသူကြား အဓိကရုဏ်းတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်။
လစ်ဗျား အာဏာရှင် အဆုံးသတ်ရေးလူထုဆန္ဒပြပွဲဟာ မြို့ကြီးများဆီသို့ ဆက်လက်ကူးစက် နေပြီး၊ သေဆုံးမှုများစွာ ရှိခဲ့ကြောင်း ကြားသိရပါသည်။ အနှစ် ၄၀ ကျော် လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့ တဲ့ နိုင်ငံတကာမှာ အကြမ်းဖက်မှု ကို အားပေးခဲ့တဲ့ အာဏာရှင် ကဒါဗီ ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုများ နိုင်ငံတကာမြို့ကြီးများမှာလည်း ကျင်းပနေကြပါတယ်။
3 comments :
မြန်မာပြည်သူပြည်သားများထံသို့ အာရပ်နိုင်ငံအသီးသီးမှ ဒီမိုကရေစီလက်ဆောင်အဖြစ် ထမီများ၊ဂါဝန်များ၊ဘော်လီများ တစ်နိုင်ငံလုံးဝတ်ဆင်နိုင်ရန် လက်ဆောင်များပေးပို့လှူဒန်းကြပါသည်။ ဆော်ဒီနိုင်ငံကလည်းမြန်မာပြည်သူပြည်သားများ ထမီများ၊ဂါဝန်များ၊ဘော်လီများ ဝယ်ဝတ်နိုင်ရန် ဒေါ်လာ ၅၀၀၀၀လှူဒန်းပါသည်။
တို့ မြန်မာလူငယ်တွေက
ပိုပြီးသတ္တိကောင်းပါတယ်၊အာရပ်တွေက ဖြစ်လာရင်
ပြေးတတ်တာ ဂျေရုဆလင် စစ်ပွဲကိုကြည့်၊
ညီငယ်တို့ ရဲ့ စစ်ကျွန်ဘဝက လွတ်မြောက်ရေး
တိုက်ပွဲကို စကြဟေ့။
၈၈ မစခင်ထဲက နေဝင်းကို တော်လှန်ခဲ့တဲ့
ကိုကြီးကောင်းပါ၊
Army has split into two and Libra may fall into civil war.Anyway, army siding with the people, and all men demonstrating are brave.
In Burma we have brave men like Zarganar, Ashin Gabriya, Mon Ko Naing and others in Burmese prison .
Too bad we only have a handful.
Post a Comment