Sunday 20 February 2011

ရခိုင်သူ/သားများအားလုံးသို့


ရခိုင်သူ/သားများအားလုံးသို့

ကျွန်တော်ရို့ ရခိုင်သူ/သားများအတွက် အမျိုးသားနေ့ သတ်မှတ် နိုင်ရေးအတွက်ရခိုင်သူ/သား များ ဇာသူမဆို ဇာနိန့်ကို ရခိုင်အမျိုးသားနိန့်အဖြစ်သတ်မှတ် ကတ်ပါဖို့လဲဆိုရယ် အကြံပြုမူများအား ပေးပို့ကြပါရန်လေးစားစွာဖြင့် ရခိုင်တစ်မျိုးသားလုံးကိုယ်စား ကျွန်တော်ရို့ ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ က နှိးဆောလိုက်ရပါရယ်။ မွန် လူမျိုးတွင် (မွန်အမျိုးသားနေ့ဆိုတာကတော့ ဟံသာဝတီ မွန်တိုင်းပြည် ထူထောင်ခဲ့တဲ့နေ့ကို အစွဲပြုပြီး မွန်ခေါင်းဆောင် တွေက လွန်ခဲ့တဲ့ (၆၄)နှစ်ကစပြီး သတ်မှတ်ကျင်းပခဲ့တာ ဖြစ်ပါတယ်) မွန်လူမျိုးများကဲ့သို့
ကျွန်တော်ရို့ ရခိုင်လူမျိုးများအတွက် ရခိုင်အမျိုးသားနေ့ ကိုဇာနိန့်သတ်မှတ်ပြီးကေ လုပ်ကတ်ဖို့လဲဆိုစွာကို ရခိုင်သူ/သားများ ထံသို့ ထပ်ဆင့်အကြံတောင်းခံအပ်ပါသည်။ e-mail များအား ဤ e-mail  သို့ပေးပို့ကြပါရန်။



ကျေးဇူးတင်ပါရယ်
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

5 comments :

Anonymous said...

ထူထောင်ကြဟေ့။တစ်ပြည်နယ် တစ်နိုင်ငံ။ကရင်နိုင်ငံ မွန်နိုင်ငံ ကချင်နိုင်ငံ ရှမ်းနိုင်ငံ ဗမာနိုင်ငံ။ကောင်းလေစွ ကောင်းလေစွ။ဗမာပြည်ကြီး ဆိုဗီယက်လို အစိတ်စိတ်အမွှာမွှာကွဲသွားလည်း အေးတာပဲ။

Anonymous said...

ဘုရားတွေဖျက်နေတာတော.ဘာမှမလုပ်ဘဲကြည်.နေကြ ပြီးတော......

Anonymous said...

မဟုတ်တဲ.နေရာမှာသိတ်တော်တယ်။ဘုရားဖျက်တာကြမကာကွယ်။

Anonymous said...

Do you all help each other rather than wanting a special day?

ချိန်တန်ပြီ said...

ဖြစ်သင့်တာကို ဖြစ်အောင်ကြိုးစားနေတာကို ဘာကြောင့် အမြင်စောင်းရတာလဲ ... အပေါ်မှာ မှတ်ချက်ပေးထားတာကို လေ့လာကြည့်ရင် အမြင်စောင်းစွာနှင့် ဝေဖန်ထားတာတွေ့ရပါတယ်... ဘုရားတွေဖျက်နေတာကို ကန့်ကွက်ထားလို့ လမ်းအူကြောင်း ပြောင်းလဲခဲ့ပါပြီ... ဒီလို ကိုယ့်ဗမာတိုင်းရင်းသားအချင်းချင်းတောင် သတ်ဖြတ်နေတဲ့ အစိုးရခေတ်မှာ တခြားတိုင်းရင်းသားတွေ အတွက် နေရာဆိုတာ မရှိပါဘူး... အခုအုပ်ချုပ်နေတဲ့ စစ်အစိုးရကြားမှာကို တခြားတိုင်းရင်းသားကို မဆိုထားဘိ... ဗမာတိုင်းရင်းသားထဲမှာမှ သူတို့ ယုံကြည်နိုင်လောက်တဲ့ သူတွေကို ရွေးပြီးခန့်ထားကြတာကို သတိပြုမိကြမှာပါ... ဒါဟာလည်း လူမျိုးရေးခွဲခြားခံရတာပါပဲ... ရခိုင်တွေရဲ့ ခံစားချက်ကို ဗမာတွေနားလည်ပေးနိုင်ဖို့ အရမ်းလိုအပ်ပါတယ်... အဲဒီလိုပဲ တခြားတိုင်းရင်းသားတွေကလည်း ကိုယ်တို့အချင်းချင်းတွေရဲ့ ခံစားချက်တွေ လိုအပ်ချက်တွေကို နားလည်မှုပေးနိုင်ရင် အစိတ်စိတ်အမွှာမွှာကွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... အစိတ်စိတ်အမွှာမွှာကွဲတယ်ဆိုတာ ကွဲအောင် မတော်မတရားလုပ်နေတဲ့သူတွေနဲ့သာဆိုင်ပါတယ်... ၀င်ပြီးခံစားပေးကြပါ... နားလည်ပေးကြပါ... ကိုယ်ချင်းစာပေးကြပါ... ငါဘို့ဆိုတာချည်းပဲ မတွေးကြပါနဲ့... အခွင့်အရေးပေးကြပါ... အဲဒီလိုသာ လုပ်မပေးနိုင်ရင် ဒီနေ့မကွဲလဲ နောင်တချိန်ကွဲမှာပါပဲ...