၁- ၂၀၁၁ နဲ့  ၂၀၁၂ ဟာ ကမ္ဘာ့ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်လာမယ်။ အဓိကကတော့ လူတန်းစားကွာဟမှု လွတ်လပ်မှု ဆိတ်သုဉ်းမှုတွေကြောင့် တကမ္ဘာလုံးမှာ လူထုလှုပ်ရှားမှုကြီးတွေဖြစ်လာမယ်။
၂- ၁၉၄၅ ခုနစ်က ဒီမိုကရေစီက ဖက်ဆစ်နိင်ငံတွေကိုဖြိုချခဲ့တယ်။ ၁၉၈၈-၈၉ ခုနစ်က ဒီမိုကရေစီလှိုင်းတပိုးကြီးကကွန်မြူနစ်နိင်ငံတွေကိုဖြို ချခဲ့တယ်။
၃-၂၀၁၁ ခုနစ်ဟာ ဒီမိုကရေစီက ဘာသာရေး ကို အခြေခံထားတဲ့မူစလင်နိင်ငံတွေက အာဏာရှင်တွေကို ဖြို ချမယ်။
၎- ရုရှားနဲ့ တရုပ်ပြည်မှာပါ ဒီမိုကရေစီလှုပ်ရှားမှုတွေဆက်ဖြစ်လာမယ် ။
၅- အနောက်နိင်ငံတွေဖြစ်တဲ့ အမေရိကန် ၊ အင်္ဂလန် နဲ့  ဥရောပ နိင်ငံတွေ မှာလည်း လက်ဝါးကြီးအုပ်အရင်းရှင်တွေကို ဆန်ကျင်တဲ့ လူထုအခွင့်အရေးတောင်းဆိုတာတွေဆက်တိုက်ဖြစ်လာဦးမယ်။
- မှတ်ချက် -
၈၈-၈၉ ခုနစ်ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလှုပ်ရှားမှုကြီး ( ပညာရှင်တွေက ဂလိုဘယ်လိုက်ဇေးရှင်း လို့ သတ်မှတ်ခဲ့တယ်။ ) ၂၂ နစ်အကြာမှ လူထုအတွင်း ဒီမိုကရေစီမရှိသေးဘူး။ စားစာရမရှိဘူးဖြစ်လာတယ်။ ဒီမိုကရေစီမဖြစ်လာပဲအော်တိုကရေစီဖြစ်လာတယ်။ လူတန်းစားကွာဟမှုက အလွန်အမင်းကြီးမားလာတယ်။ အာရှ၊ မြောက်အမေရိက၊ အာဖရိက ၊ဥရောပ တွေမှာ ပိုက်ဆံရှိတဲ့သူနဲ့ မရှိတဲ့သူ၊ စားနိင်တဲ့သူနဲ့ မစားနိင်တဲ့သူ ၊ အလုပ်ကောင်းနဲ့ မကောင်း ကွာခြားမှုက သိပ်ကို ကွာဟမှုကြီးမားနေတယ်။ ဒါက တကမ္ဘာလုံးမှာဖြစ်နေတာ။ အာရှနဲ့ အာဖရိကက အခြေအနေတွေကပိုဆိုးတဲ့အတွက်လူထုတိုက်ပွဲတွေကအရင်ဖြစ်လာတာပါ။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးပျက်ကပ်က ဒီတိုက်ပွဲတွေကို မြန်မြန်ဆန်ဆန် ဖြစ်စေတာ။ ဂလိုဘယ်လိုက်ဇေးရှင်းက လှုပ်ရှားမှုတွေကိုမြန်မြန်ဆန်ဆန်ကူးစက်စေတာ။
ဒီမီးတော က်ကကြီးမယ်။ ငြိမ်းလို့ မရတဲ့မီးတောက်မီးလျှံ ဖြစ်တယ်။
( မိုးသီးဇွန် )
5 comments :
no 3 is nonsense. which of the leaders of current revolutionary arab countries based on religion?
Ben Ali and Mubarak and current Bahrain King are all largely secular and puppets of US. Especially Mubarak , who came to power to crack down religion based MB.
That does not mean current protests are islamic inspired. They are just protesting for democracy and their right. On the other hand, dictators are just power and money hungry. Religion dont play any parts in it.
ဗကသ၊ ရဲ့ အစောပိုင်း ခေတ်ဦး မှာ မင်းကြားဘူးမယ်၊ဖတ်မှတ်လေ့လာဘူးမယ်လို့င်ါထင်ပါတယ်။ ” ခွေး သ ရမ်း ကြီး လွှတ် နေ ပြီး” ဆိုတာပဲ။ အဲဒီအချိန်တုန်းကအများဆုံးခွေးက(၂)ကောင်တည်း။ဒီကနေ့ မင်းတို့ ရဲဘော်တို့ ရဲခေတ်အခါကာလယနေ့သမယမှာ တွေ့မြင်နေရတာက ခွေစုတ်၊ခွေးနာ၊ခွေးလှေခွေးလွှင့်၊စစ်ခွေးဝဲစား၊အတွင်းအပအတိုက်အခံနိုင်ငံရေးခွေးဝဲစား.....စသည်ဖြစ်အများကြီးတွေ့ရပါတယ်။ရဲဘော်ကိုယ်တိုင်လည်း(၁)ကောင်ဖြစ်နေမလားပဲ။
ကိုမိုးသီးကိုသဘောကျတာက၊ ဘယ်သူတွေဘာပြောပြော ကိုယ်မှန်တယ်ထင်တဲ့ ရပ်တည်မှုအတိုင်းပဲ ရေးသားဆဲပဲ။ အခုကိုမိုးသီးကို ၀ိုင်းပြီး (ဆဲ)နေတဲ့သူတွေက အစ်ကိုတို့လှုပ်ရှားခဲ့တုန်းက ဘယ်ချောင်ရောက်နေလဲမသိဘူး။ မှန်တဲ့ထင်တဲ့အတိုင်းရေးဗျာ။ ဆော်သာဆော်။ ကြိုက်တယ်။ ကိုမိုးသီးရဲ့အာဘော်တွေထဲမှာ (တောက်) ခေါက်သံတောင် ကြားမိသလိုလို
ကိုမိုးသီး ခန့် မှန်းချက်တွေက မှန်သလားမမေးနဲ့ ။ ဒါ့ကြောင့် အမြဲတမ်း ကိုမိုးသီးရဲ့ ခန့် မှန်းချက်တွေကို တလေးတစားနဲ့ အမြဲလေ့လာဖြစ်ပါတယ်။ အခု တရုတ်က အစိုးရဆန့် ကျင်ရေး စ နေပါပြီ။ မြန်မာပြည်မှာလည်း ဒေါ်လာဈေးနဲ့ ရွှေဈေးတွေ ခုန်တက်နေပါပြီ။ ပြည်သူတွေလည်း ဈေးတွေကြီးလို့ ဒုက်ခတွေ ပင်လယ်ဝေနေကြပါပြီ။ ဘာလုပ်သင့်သလဲ ဆိုတာကိုလည်း သဘောထား ရေးစေချင်ပါတယ်။
ကိုမိုးသီးကို အမြဲလေးစား ဂုဏ်ယူလျှက်ပါ။
If not now or never!!! The time is now and you can only win if you fight. The waves of revolution in the world are coming out to all directions. Let ride it out. Here are the reasons:
There is clearly a crack in the army and give them a chance to stand up for the people of Burma. All fightings at the border, Daw Su is out and can lead the people and all those oil rich countries going down one by one, the oil price will no longer be under US control that means only up, the world food prices are already up and Burmese people will be hurt economically sooner or later. I think it is no better time than this. Unite and fight and don't forget to organize the army this time. We will win.
Post a Comment