ယီမင် နိင်ငံမှာလည်းလူထုလှုပ်ရှားမှုတွေဖြစ်နေတယ်။ အောက်မှာ လူထုတိုက်ပွဲအခြေအနေကိုတင်ပြပေးလိုက်ပါတယ်။
ရက်စွဲ။ ။ ဖေဖော်ဝါရီလ (၂၂) ရက်၊ ၂၀၁၁ ခုနှစ်။ အဂါင်္နေ့
ရေမင် နိုင်ငံမှာ သမ္မတAli Abdullah Saleh ရဲ့ အာဏာရှင် ဘက်တော်သားတွေက ဓားမြောင်တွေ၊ နံပါတ်တုတ်တွေ ကိုင်ဆောင်ပြီး မြို့တော် Sanaa မှာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အဂါင်္နေ့မှာ တိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေကြောင့် လူငါးဦး ဒဏ်ရာရခဲ့ကြောင်း AFP သတင်းထောက်က ပြောကြားခဲ့ပါတယ်။

ကျောင်းသားတထောင်ကျော်ဟာ Sanaa တက္ကသိုလ်အနီးမှာရှိတဲ့ Al-Huriya (Liberty) ရင်ပြင်မှာ စုဝေးပြီး အာဏာရှင်သမ္မတ နှုတ်ထွက်ပေးရေးတောင်းဆိုတဲ့ ကင်ပိန်းကို ပြုလုပ်ခဲ့ကြပါတယ်။ တစတစနဲ့ လူအင်အား လေးထောင်ကျော်အထိ ကြီးထွားလာချိန်မှာ အာဏာရှင်ဘက်တော်သားတွေက ဓားမြောင်တွေ၊ နံပါတ်တုတ်တွေနဲ့ လူထုကြီးကို တိုက်ခိုက်ခဲ့ပါတယ်။ ရဲတွေရောက်လာပြီး လူစုမခွဲခင် အချိန်မှာ ကျောင်းသားငါးယောက် ဒဏ်ရာရခဲ့ပါတယ်။ တောင်ပိုင်းဒေသကAden မြို့ အနီးပတ်ဝန်းကျင်မှာလဲ ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူလူထုကြီးက အာဏာရှင်သမ္မတ နှုတ်ထွက်ပေးရေးကို တောင်းဆိုနေကြပါတယ်။
Sheikh Osman, Al-Tawahi နဲ့ Mualla ဒေသတွေမှာ လုံခြုံရေးတွေက လူစုခွဲပေးဖို့ သတိပေး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး၊ ထိခိုက်သေဆုံးမှုတွေ မရှိကြောင်း မျက်မြင်သက်သေများက ဆိုကြပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေရဲ့ သတင်းပို့ချက်တွေပေါ်မှာ အခြေခံတဲ့ AFP ထိခိုက်သေဆုံးမှုစာရင်းအရ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ကစပြီး ဒီကနေ့အချိန်ထိ သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး၊ မြို့တော် Adenမှာ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကတော့ ဒီထက် ပိုများနိုင်ဖွယ်ရာ ရှိပါတယ်။

အာဏာရှင်သတင်းမီဒီယာများမှာတော့ သေဆုံးသူ လေးဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ရေမင် ကို (၃၂) နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင် Saleh က လူထုလှုပ်ရှားမှုများကြောင့် နှုတ်ထွက်သွားမှာ မဟုတ်ကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး၊ အတိုက်အခံတွေက ဆန္ဒပြပွဲကို လှုံ့ဆော်သွေးထိုးနေတာဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
KMMM- Free Burma Federation -FBF
No comments :
Post a Comment