ကမ္ဘာလုံးဆိုင်ရာ မဟာပြောင်းလဲမှုဖြစ်စဉ်
( Great Global Transfiguration )
နိင်ငံအတော်များများ အစိုးရတွေကိုဆန်ကျင်လှုပ်ရှားမှုတွေဖြစ်လာတယ်။ ဒါဟာ ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့  သက်ရောက်မှုတွေဖြစ်တယ်။ ဒီစီးပွားပျက်ကပ်ကြောင့်လူတန်းစားကွာဟ မှု က သိပ်ကို ကြီးမားသွားတယ်။ အနည်းတက အနည်းစုက ပဲအဆင်ပြေနေတယ်။ လူတန်းစားကွာဟမှု ကိုနည်းပညာတွေက တဆင့်မြင်ခွင့်ရလာကြလို့ ပဲ ဖြစ်တယ် ။
ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာပေါက်ကွဲမှု ဖြစ်စဉ် (Great Explosion) ဖြစ်လာမယ်။ ဒါက ကမ္ဘာလုံးဆိုင်ရာ မဟာပြောင်းလဲမှုဖြစ်စဉ် (Great Global Transfiguration ) ကိုဦးတည်လာလိမ့်မယ်။
ဒီပြောင်းလဲမှု မဟာဖြစ်စဉ်တရားမှာ မြန်မာပြည်ကို ချန်မထားပါဘူး။ ၁၉၃၈ ကမ္ဘာစီးပွားပျက်ကပ်တုံးကလည်း မြန်မာပြည်ကိုရိုက်ခတ်ခဲ့တယ်။ ၁၉၄၀ ၀န်ကျင်း ကမ္ဘာ့ကိုလိုနီ လွတ်လပ်ရေးကြိုးပန်းမှုမှာမြန်မာပြည်ဟာ ပါဝင်ခဲ့တယ်။ ၁၉၈၉ ကမ္ဘာ့ အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုမှာလည်း မြန်မာပြည်က ရှေ့ ဆုံးနေပါဝင်ခဲ့တယ်။ ၂၀၁၀ ဒုတိယအကြော့
အာဏာရှင်ဆန်ကျင်ရေး ဒီမိုကရေစီဆန်ကျင်ရေးလှုပ်ရှားမှုမှာမြန်မာ ပြည်ဟာအရှိန် ရနေပြီးသားဖြစ်နေတယ်။ မြန်မာ ပြည်ကအစိတ်အပိုင်းတခုဖြစ်နေတယ်။ ဒီလှုပ်ရှားမှုက မြန်မာ ပြည်ကိုဂယက်ရိုက်မှာပဲဖြစ်တယ်။
ဒီင်္လှုပ်ရှားမှုကြီဟာ အလွန်မြန်ပြီ အလွန်ပြင်းထန်တဲ့ပေါက်ကွဲမှုကြီုးဖြစ်လာမှာသေချာနေပါတယ်။
ဒါဟာ ဘယ်သူကြောင့်မှမဟုတ်ဘူး အာဏာရှင်တွေကြောင့်ပဲဖြစ်တယ်။
(မိုးသီးဇွန် )
No comments :
Post a Comment