Tuesday, 22 February 2011

မိုမာကဒါဖီ (Moammar Gadhafi) သို့ မဟုတ် အာဇာနည် ဖြစ်ချင်နေတဲ့ ဗီလိန်


ဆယ်စုနစ်လေးခု ကျော်အရှေ့ ပိုင်းဒေသ ငြိမ်းချမ်းရေးကိုဖျက်ဆီးထားတဲ့  လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ က နိုင်ငံပိုင်း ရုပ်သံအစီအစဉ်ကနေ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူ နှင့် သူကိုလက်မခံ နိုင်တော့တဲ့  သံအမှု့ ထမ်းများ၊တပ်မတော်သားများ ၏ ဆန္ဒကို အာခံငြင်းဆန်ပြီး အရှက်မရှိ သူ ကိုယ်သူ အာဇာနည်အဖြစ် နိုင်ငံထဲက ထွက်မပြေးပဲ အသေခံမည်ဟုပြောဆိုခဲ့ ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး မိုမာ ကဒါဖီ (Moammar Gadhafi) ကို သတိပေးပြောဆိုတဲ့ အနေနဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နေတာကို သူ့အနေနဲ့ ဒေါသဖြစ်တယ်၊ ဒီသတ်ဖြတ်မှုတွေကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြောင်းခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း အခုလို ဆန္ဒပြသူတွေကို ပစ်ခတ် သတ်ဖြတ်နေတာကို လက်ခံနိုင်စရာ မရှိဘူး၊ ချက်ချင်း အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့ မိုမာ ကဒါဖီကို တောင်းဆိုလိုက်ပါတယ်။

ဂျာမဏီနိုင်ငံ ခေါင်းဆောင် အန်ဂလာ မာကဲး(Angela Merkel) ကတော့ ကဒါဖီအနေနဲ့  ကိုယ်ပြည်သူကို ပြန်ပြီးစစ်ကြေငြာနေတဲ့  အတွက် ဒါဏ်ခတ်ပိတ်ဆို့ မှု့ တွေလုပ်မယ်လို့ ပြောဆိုခဲ့ ပါတယ်။ မိုမာကဒါဖီ အနေနဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေကို အခုချိန်ထိ ပစ်ခတ် သတ်ဖြတ်ခံရလို့ သေဆုံးရသူ ဆန္ဒပြသူ ၂၃၃ ဦး ရှိပြီလို့ နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ပြောဆိုပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်၊ အိန္ဒိယ၊ မလေးရှားဆိုင်ရာ လစ်ဗျားသံအမတ်တွေက ရာထူးက နှုတ်ထွက်ကြပြီး ဆန္ဒပြ လစ်ဗျားပြည်သူတွေကို ပစ်ခတ်နှိမ်နင်းဖို့ လစ်ဗျားစစ်တပ်က လက်မခံလို့ အာဖရိက ကြေးစားစစ်သားတွေ ခေါ်ယူ အသုံးပြုနေတယ်လို့ ပြည်တွင်းကနေ သူ သတင်းရရှိကြောင်း ကုလသမဂ္ဂရဲ့ လစ်ဗျား ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် အီဘရာဟင်မ် တဘရှီက ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့ကတော့ ဆန္ဒပြသူတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ ပေးအပ်တဲ့ အမိန့်ကို မနာခံဘဲ လေသူရဲ ၂ ဦးဟာ တိုက်လေယာဉ် ၂ စီးကို မြေထဲပင်လယ်ထဲက မော်လ်တာကျွန်းနိုင်ငံကို ထိုးဆင်းလာခဲ့ပြီး ခိုလှုံခွင့် တောင်းခံထားပါတယ်။
အောင်ထွန်း (အော်စလို) 
မူရင်း -ရိုက်တာ၊ဗွီအိုအေ


No comments :