Thursday 17 February 2011

ဗိုလ်သန်းရွှေ ရဲ့ တပ်မတော်ကို ဖျက်ဆီးနေတဲ့အကြံများ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေ ဘာတွေကြံနေပြန်ပြီလဲ အရေးပေါ် ကာလ ထုတ်ပြန်ခြင်း စစ်အာဏာရှင်တွေဟာ ရွေးကောက်ပွဲမှ ပေါ်ထွက်လာတဲ့ ရလဒ်အပေါ် ပြည်တွင်း ပြည်ပကအသိ အမှတ် မပြုခဲ့တဲ့အတွက် စိုးရိမ်သောက ဗျာပါဒ ပွားများကာ ပူပင်မှု ကြီးထွားနေပြီး အရေးပေါ် ကာလအဖြစ် က က (ကြည်း) မှထုတ်ပြန် ကြေညာခဲ့ကြောင်း စစ်ရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သတင်းပေးပို့ လာပါတယ်။ သူတို့ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေကြောင့် ရွေးကောက်ပွဲဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မကျင်း ပနိုင်ခြင်း၊ မသမာမှု ကြိုတင်မဲများကြောင့် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ အပေါ် တရားစွဲဆိုခြင်းစ တဲ့ ပြဿနာများ ကြီးထွား ရှုပ်ထွေးနေပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တိုင်းနှင့် ပြည်နယ်လူငယ် များအား တွေ့ဆုံခဲ့တဲ့အပေါ် စိုးရိမ်နေကြသလို အီဂျစ်ကဲ့သို့ ဆန္ဒပြပွဲများ ဖြစ်လာမှာ မြင်နေတဲ့အတွက် ကက (ကြည်း) မှ NLD လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့် ခိုင်းနေပါတယ်။ တဖက်ကလည်း SSA ကို ဗဟိုပြုပြီး တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ မဟာမိတ်ဖွဲ့တဲ့အပေါ် စောင့်ကြည့်နေကာ အဲဒီအဖွဲ့ရဲ့ဗဟိုချက်ဖြစ်တဲ့ SSA အား လိုအပ်ရင်တိုက်ဖို့ ပြင်ဆင်ခိုင်းနေပါတယ်။

ပို၍ဆိုးတာက လွှတ်တော်အတွက်တပ်မတော်မှ ၂၅% သော ကိုယ်စားလှယ်အရာရှိများ ရွေးချယ်ရေးကိစ္စ မကျေ လည်မှုတွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ဖယ်ရှားတဲ့ကိစ္စတွေနဲ့ ဒုတိယ သမ္မတ အဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ သီဟသူရဦး တင်အောင်မြင့်ဦး ကိစ္စတို့အပေါ် မကျေလည်မှုတွေ၊ အရပ်သားဖြစ်နေတဲ့ ဦးတင်အောင်မြင့်ဦးကို စစ်တပ်က တင်သွင်းရာမှာ အကြုံးမ၀င်တာကြောင့် မကျေနပ်မှု ဖြစ်နေတာတွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား နေရာပေး ဦးစားပေးတဲ့အပေါ် တပ်တွင်း ထိပ်ပိုင်း အရာရှိကြီးများအကြား မကျေနပ် ချက်တွေ အသီးသီးဖြစ်ပေါ်လျှက်ရှိနေပါတယ်။

ယခုအခါတစ်နိုင်ငံလုံးကို အရေးပေါ်ကာလအဖြစ် ၂၀၁၁ ခုနှစ်ဇန္နဝါရီလ (၃၁) ရက် မှ ဇူလိုင်လ (၃၁) ရက်အထိ ကကကြည်းမှ လျှို့ဝှက်စာထုတ်ကာ သတ်မှတ်ထားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) လေးလပတ် အ စည်းအဝေး လုပ်နေဆဲမှာပင် ဇန္နဝါရီလ (၃၁) ရက်နေ့မှာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီးမြတ်ဟိန်းအား နေပြည်တော်သို့ ပြန်ခေါ်သွားခဲ့ပါတယ်။ လာမယ့်မတ်လ(၂၇) ရက်နေ့မှာ ကျင်းပမည့်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအတွက် လေ့ကျင့်ဖို့ ရောက်ရှိနေကြတဲ့ တပ် မတော် စစ်ကြောင်းများအားလုံး လေ့ကျင့်မှုများ ရပ်ဆိုင်းခိုင်းလိုက်ပြီး စစ်ကြောင်းများ အားလုံးကိုလည်း မိခင် တပ်များသို့ ပြန်ခိုင်းလိုက်လို့ တပ်မတော်သားများ အားလုံး အံ့ဩနေကြကြောင်း၊ တပ်အားလုံးကိုလည်း အ သင့် ပြင်ခိုင်းလိုက်ကြောင်း၊ တပ်မတော် စစ်ရေးပြ အခမ်းအနား မလုပ်ဖြစ်ပါက ရုပ်ပျက်ဆင်းပျက် ဖြစ်မည်ကို ဗိုလ်ချုပ်များက စိုးရိမ်ပူပန်ပြီး အကျဉ်းချုံးကာ ရပ်ကြည့်စစ်ကြောင်း အနေနဲ့အခမ်းအနား လုပ်ရန်ဆန္ဒရှိ ကြကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အစိုးရသစ်အဖွဲ့ ဖွဲ့စည်းပြီးပါက လွှဲပြောင်းပေးရမည်ဖြစ်ရာ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို မလွှဲပြောင်းသေးဘဲ အခြေ အနေကို တည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားနေကြောင်း သတင်းရရှိပါတယ်။

( မူရင်း - စည်းလုံးခြင်းရဲ့ အင်အား၊ အီးမေလ် မှ ရရှိ)
++++

3 comments :

Anonymous said...

နေတင်မြင့်က မဲဆောက်မှာကောင်မလေးတယောက်ကို လိမ်ညာပေါင်းသင်ပြီး တာဝန်မဲ့ထားခဲ့တာ ။မဲဆောက်က NLD ကဖေါက်ပြန်ရေးသမားတွေက ဖာထားဖုံးဖိထားတယ် ။ကိုယ်ကျင့်တရားမကောင်းပဲနိုင်ငံရေးမကောင်းဘူးမှတ် ထား ။ ကျဆုံးတတ်တယ် ။
ပဲခူးတိုင်းအနောက်ခြမ်း၈၈မျိုးဆက်ကျောင်းသား

Anonymous said...

Are u sure?. We thought he is pure activist and give respect to him.
If it is true, he also is the same as some men who are addicted in bad things(women, drugs). Now we are aware of them. WHAT A SHAME!!!!!!.

Anonymous said...

အဲဒီနေတင်မြင့်ဆိုတဲ့ကောင်ကို တွေ့ တဲ့နေရာမှာ ဓါးနဲ့ ထိုးပြမယ် ။ အော် အေး ပြောလိုက်ဦးမယ်ကွ။
နေတင်မြင့် မင်းကို ကိုမိုးသီးဇွန်က ၀င်ကာလဲ သူ့ ကိုပါ ထိုးမယ် အဲဒါမှတ်ထား ။ မင်း ကြောထားတာ မင်းအသိဆုံး ။ စောက်ပြောမဟုတ်ဘူး သတိနဲ့နေ ။
သိပ်ဝေးရင်တော့ သေနတ်စာပေါ့ကွာ ။ မင်း ကြောထားတာဘယ်မြို့ သူလဲဆိုတာမင်းသိပါတယ်။