Thursday, 17 February 2011

ကျမသိတဲ့ ဂျာမဏီ နိင်ငံ ( ရိုဘီနာ တင်ပြသည်။ )

ကျမသိတဲ့ ဂျာမဏီ နိင်ငံ ( ရိုဘီနာ တင်ပြသည်။ )

ကျမ ယခင်ကသိကျွမ်းကျင်ခဲ့သောဂျာမဏီနိုင်ငံသည်၊ ဟစ်တလာ၏ဖက်ဆစ်နာဇီများက၊ ဂျာမဏီမှဂျူးနှင့် နိုင်ငံခြား သားသန်းပေါင်းဝရောက်ခဲ့ရသော ဂျာမဏီသာဖြစ်သည်။ ယခုခေတ္တအခွင့်အရေးကြုံခိုက်၊ ကိုယ် တိုင်တွေ့ မြင်လေ့လာခွင့်ရသောအချိန်၊ ယနေ့ ဂျာမဏီသည်၊ ကျမသိခဲ့သောဂျာမဏီမဟုတ်တော့ဘဲ၊ တရားမျှ တ၍ လူအ ခွင့်ရေးကိုလေးစားတန်ဘိုးထားသော၊ ဒီမိုကရေ စီကို ကျင့် သုံးသော၊ ခေတ် မှီတိုးတက်သော ဂျာမ ဏီ ဖြစ်နေ ပါတော့သည်။ ထို့ ကြောင့်စစ်ပြီးခေတ် ဂျာမဏီနိုင်ငံ ပြန်လည်ထူထောင်ပုံကိုလေ့လာဖြစ်ပါတော့ သည်။
ဟစ်တလာ၏ ကမ္ဘာကိုကြီးစိုးမည့် မဟာဂျာမဏီ နိုင်ငံထူထောင်ရေး မဟာစီမံကိန်းကြီးသည်၊ ၁၉၄၅ ခု နှစ်မေ လ (၈) ရက်နေ့ ၌လုံးဝ ပျက်သုန်းခဲ့ရသည်၊ စစ်ပြီးကာလနှစ်များကို ဂျာမန်များက ` Jahr Null ` သုံည နှစ်များ ဟုခေါ်ကြသည်၊ စစ်ကြောင့် ဂျာမန်မြို့ ကြီးများ လုံးဝကြေမွပျက်စီးခဲ့သည်။ ဖရန်းဖက် `Frankfurt` တမြို့ တည်း ပင် အိမ်ခြေ ၁၇၇၀၀ (၇၀) ရာနှုန်း၊ ဟန်းဘတ်မြို့ `Hamburg` မြို့ သည် ၆၀% ၊ ရူးလ်ဒေသ `Ruhrgebiet` ၌ ၈၀% ၊ ပျက်စီးခဲ့သည်။

ဂျာမဏီနိုင်ငံမြစ်ကြီးများပေါ်ရှိစစ်ရေးအရ မဟာဗျုဟာကျသော တံတားကြီးများအားလုံးသည်လည်း၊ ဟစ်တ လာ အမိန့် နှင့် အားလုံးဖောက်ခွဲခဲ့၍ ပျက်စီးခဲ့ရသည်၊ ဂျာမန် ၁၀ သန်းမှာတိုင်းမဲ့ပြည်မဲ့ဘ၀၊ ဒုက္ခသည် ဘ၀ သို့ ရောက်ခဲ့ရသည်၊ အမျိုးသား သုံးသန်းခွဲမှာ ဗုံးတိုက်ရိုက်ထိမှန်သေဆုံးခဲ့သည်၊ နှစ် သန်းကျော်မှာ စစ်သုံးပန် အဖြစ်အဖမ်းခံခဲ့ရသည်။သက်ကြီးရွယ်အိုနှင့်အမျိုးသမီး တသန်းခွဲ မှာ သေဆုံးခဲ့သည်၊ဂျာမန်အမျိုးသား အမျိုး သမီး သုံးသန်းခန့် မှာအကျဉ်စခန်းများ၌ စွဲချက်အမျိုးမျိုးနှင့်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ စစ်ပြီးကာလ၌ ခရီးသွား လာရေး၊ သယ်ယူပို့ ဆောင်ရေးအတွက်ယာဉ်များမရှိ ၊ စာတိုက်သတင်းစာမရှိ ၊ စာသင်ကျောင်းများ၊တက္ကသိုလ်
ပြဇာတ်ရုံနှင့်အခြားလူမှုရေးဆိုင်ရာ၊အဆောက်အအုံများ ၊ လုံးဝမရှိတော့ပေ၊ အချုပ်ဆိုသော် စစ်ကြောင့်ဂျာမန် တနိုင်ငံလုံး ပြာပုံဘ၀ ရောက်ခဲ့ရသည်။ မည်သို့ ဆိုစေ ပြာပုံဘ၀မှ ကမ္ဘာထိပ်သီးနိုင်ငံအဖြစ်သို့  တိုင်းပြည်ကိုနှစ် အနည်းငယ်အတွင်းပြန်လည်ထူထောင်နိုင်ကြသည်မှာ အံ့သြလောက်ပေသည်။

စစ်ပြီးနောက်ဂျာမဏီသည်၊ အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီဟူ၍နိုင်ငံနှစ်နိုင်ငံဖြစ်လာခဲ့သည် အရှေ့ဂျမဏီ သည်ဆိုရှယ်လစ်စံနစ်ကျင့်သုံးပြီးနောက်၊ အနောက်ဂျာမဏီသည်ဖက်ဒရယ်စံနစ်၊ ဒီမိုကရေစီစံနစ်ကိုကျင့် သုံးခဲ့ သည်။ ယခင်ကအရှေ့ဘာလင်သည် ၊ အရှေ့ဂျာမဏီ၏မြို့ တော်ဖြစ်ပြီး၊ အနောက်ဂျာမဏီ၏မြို့ တော်မှာ ဘွန်းဖြစ် သည်။ဂျာမန်နှစ်နိုင်ငံလုံးမှ ခေါင်းဆောင်များသည်တနေ့ပြန်လည်ပေါင်း စည်းကြလိမ့်မည်ဟုမျှော်မှန်းခဲ့ကြ သည်။ အနောက်ဂျာမဏီ၏ ၀န်ကြီးချုပ် အာဒါနာဝါသည်လည်း ၊ နှစ်နိုင်ငံပေါင်း စည်းရေးကိုလိုလား သည်။
သို့ သော်လွတ်လပ်၍တရားဥပဒေစိုးမိုးသော၊ လူ့အခွင့်ရေးကိုလေးစားတန်ဖိုးထားသောဖက်ဒရယ် ဂျာမဏီ နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံတော်အဖြစ်သာပေါင်းစည်းလိုခဲ့သည်၊ အရှေ့ဂျာမဏီက အရင်းရှင်၊ အထူးသဖြင့် အမေရိ ကန် လွမ်းမိုးမှုကင်းသော၊ ဆိုရှယ်လစ်နိုင်ငံတော်အဖြစ်ပေါင်းစည်းလိုခဲ့သည်၊ ၁၉၉၀ ခုနှစ်၌ နှစ်နိုင်ငံပြန် လည်ပေါင်းစည်းသောအခါ၊ လွတ်၏ လပ်၍ တရားမျှတသော၊ လူအခွင့်ရေးကိုလေးစားသော၊ ဖက်ဒရယ်စံနစ်၊ ဒီမိုကရေစီစံနစ်က ၊ ဆို၇ှယ်လစ်စံနစ်ကိုအောင်ပွဲခံခဲ့သည်။ ၁၉၄၉ မှစ၍ အနောက် ဂျာမဏီ နိုင်ငံကိုဖက် ဒ ရယ်စံနစ်နှင့်အုပ်ချုပ်ခဲ့သည်၊ လွတ်လပ်၍တရား မျှတသော၊ လူ့အခွင့်ရေး ကိုလေးစားတန်ဘိုးထားသောပါတီ စုံစံနစ်ဖြစ်ပြီး ၊ လူထုကရွှေးချယ်သောပါတီက တိုင်းပြည်ကိုအုပ်ချုပ်သည်။ ၀န်ကြီးချုပ် သည်အာဏာအရှိ ဆုံးဖြစ်သော်လည်း၊ ပြည်နယ်အစိုးရများသည်၊ မိမိတို့၏ ပြည်နယ်များကို၊ ဖက်ဒရယ်ဖွဲ့စည်းပုံဘောင်အတွင်း မှအုပ်ချုပ်ခွင့်ရှိသည်။ စစ်ပြီးနောက် ၀န် ကြီး ချုပ်မှတပ် မတော် ပြန်လည်ဖွဲ့ စည်းရန်လုပ်ဆောင်ရာတွင် ဂျာမန်လူထုအများစုသည်။ စစ်တပ်ပြန်လည်ခေါင်းထောင်လာမည်ကို စိုးရိမ်ပြီးဆန့်ကျင်ဆန္ဒပြခဲ့သည်။ သို့ သော်ဝန်ကြီးချုပ်မှ၊ တပ်မတော် မရှိက တနေ့ ဂျာမဏီသည် ကွန်မြူနစ် ဆိုဗီယက်၏ ပြည်နယ်တခုဖြစ်သွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်နိုင်ငံတော်ကိုကာကွယ်ဘို့ မရှိမဖြစ်လိုအပ်ကြောင်းအဆိုသည် ပါလီ မန်တွင်အနိုင်ရကာ နောက်ဆုံးတပ်မတော်ပြန်လည်ဖွဲ့ စည်းနိုင်ခဲ့သည်။
ပြန်လည်ဖွဲ့ စည်းသောတပ်မတော်သည်၊ ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ တပ်မတော်ဖြစ်သည်။ မည်သည့်နိုင်ငံ ရေးပါတီ၏ သြဇာခံမဟုတ်ဘဲ နိုင်ငံရေးတွင်ဝင်ရောက်စွက်ဖက်ချယ်လှယ်ခြင်းမရှိသော၊ နိုင် ငံတော်ဝန်ကြီးချုပ်နှင့်ကာကွယ်ရေး ၀န်ကြီးချုပ်၏ အမိန့်အတိုင်း တပ်မတော်တာဝန်ကိုထမ်းဆောင်သောတပ် မတော်ဖြစ်သည်၊ စစ်ပြီးဂျာမန်တပ်မတော်သည်၊ နိုင်ငံတကာ စစ်ပွဲများ၌ပါဝင်ခွင့်မရှိ၊ စစ်နိုင်သောမဟာ မိတ်နိုင် ငံများမှပိတ်ပင်ခဲ့သည်၊ (ကိုစိုဘို အရေးအခင်း ၌ နေတိုးတပ်များနှင့်အတူပါဝင်တိုက် ခိုက်ခြင်းမှစစ်ပြီးနောက် နိုင် ငံတကာစစ်ပွဲ၌ပထမဆုံးအကြိမ်ပါဝင်ရခြင်းဖြစ်သည်) ဂျာမဏီအနှံ မဟာဗျူဟာကျသည့်
မြို့ များ၌ အမေရိကန်အင်္ဂလိပ်နှင့်မဟာမိတ်တပ်များ အခိုင်အမာစခန်းချနေသည်မှာ ယနေ့ တိုင်ပင်ဖြစ်သည်။
သုံညနှစ်များမှတိုင်းပြည်ကိုပြန်လည်ထူထောင်ရာ၌ အစပိုင်းနှစ်များတွင် အမျိုးသမီး၊ခလေး၊သက်ကြီးရွယ်အို များသည်၊ အုတ်ကျိုးအုတ်ပဲ့တချပ်ခြင်းကောက်၍ မိမိတို့ ယာယီနေဘို့ အိမ်များဆောက်ကာ၊တဦးခြင်း၊ တယော က်ခြင်း၊ တမိသားစုခြင်း၏ဘ၀ ကိုပြန်လည်ထူထောင်ရေးမှ၊ တနိုင်ငံလုံးတမျိုးသားလုံး၏ ဘ၀ပြန်လည် ထူထော င်ရေးကိုပင်ပမ်းခက်ခဲစွာလုံးပန်းခဲ့ကြရသည်။ သို့ သော်စစ်ကြီးမဖြစ်ခင်ကပင်စက်မှုတိုးတက်သော နိုင်ငံဖြစ်ခဲ့၍ ကဏ္ဍအသီးသီး၌ ကျွမ်းကျင်သူအသိပညာ၊ အတက်ပညာရှင်များ လုံလုံ လောက်လောက်ရှိနေခြင်း၊ အမေရိကန် ၏ မာရှယ်စီမံကိန်းအတွက်ထောက်ပံ့ငွေနှင့်အရင်းရှင်နိုင်ငံကြီးများမှ လာရောက်ရင်းနှီးမှု ကြောင့်၏၊ စီးပွားရေး လျှင်မြန်စွာတိုးတက်ခဲ့သည်။
စစ်ပြီးခေတ်၌အမေရိကန်သည် ဥရောပ၌ စက်မှုပစ္စည်း ထုတ်လုပ်ရေးတွင်ထိပ်ဆုံးဖြစ်ခဲ့သည်။ ၁၉၄၆ အစပိုင်း၌ အမေရိကန်သမ္မတသစ်ထရူးမင်း မှဥရောပတွင်ဆိုဗီယက်လွမ်းမိုးမှုမှ ကာကွယ်ရန်ဆုံးဖြတ်ခဲ့သည်၊ အမေရိ ကန်ထောက်ခံသော ချန်ကေရှိတ်အစိုးရကို တရုပ်ကွန်မြူနစ်များမှ (၁၉၄၈-၄၉) အနိုင်ရပြီးနောက်၊ အမေရိကန် မှကွန်မြုနစ်စံနစ် မပြန့် ပွားရေးအတွက် စီမံကိန်းကြီး များချမှတ်လုပ်ဆောင်ခဲ့ပါသည်။ အမေရိကန်၏ ရည်ရွယ် ချက်မှာ၊ စီးပွားရေးဖွံဖြိုးတိုးတက်လာသည်နှင့် အမျှအနောက်ဥရောပရှိပြည်သူများ၏ ဘ၀မှာဘက်စုံဖွံဖြိုးလာ မည်၊ ကွန်မြူနစ်စံနစ်လွမ်းမိုးမှုကိုကာကွယ်နိုင်မည်ဖြစ်သည်၊ ၄င်းကိုအကောင်အထည်ဖော်ရာ၌ အနောက် ဥရောပ အထူးသဖြင့်ဂျာမဏီ၌ ရင်းနှီး၍ ပိုမို တိုး တက်အောင်ဆောင်ရွက် ခဲ့သည်။

ယုံကြည်စိတ်ချစံနစ်ကျသောဘဏ်လုပ်ငန်းများကိုအသက်သွင်းခဲ့သည်၊ စစ်ပြီးခေတ်အင်အားကြီးမားသော ဂျာ မန်ဘဏ် ကြီးများမှာ -Deutsche Bank , Dresdner Bank , Commerz Bank တို့ ဖြစ်သည်။ ဤ ဘဏ်များမှ ဓါတု ၊ ဆေးဝါး၊မော်တော်ယာဉ် စက်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ခြင်း၊ အီလက်ထရောနစ်၊လျှပ်စစ်ပစ္စည်း နှင့် သဘောင်္ဆောက်လုပ်ခြင်း တို့ ၌ရင်းနှီးခဲ့ကြသည်။
အရှေ့အာရှ(ကိုရီးယား) တရုပ်နှင့်အရှေတောင်အာရှ၌ စစ်ပွဲသစ်များ ပေါ်ပေါက်ခဲ့၍ ၁၉၅၁ ခုနှစ်မှစ၍ အမေရိ ကန်အင်္ဂလိပ်နှင့်ပြင်သစ်တို့ သည် လက်နက်ထုတ်လုပ်မှုကို အဓိကထား ထုတ်လုပ်ကြသဖြင့်၊ အခြားစက်မှုလူ သုံးကုန်ပစ္စည်း ထုတ်လုပ်မှုကျဆင်းခဲ့သည်၊ ဤသို့ ဖြစ်လာခြင်းသည် ဂျာမန်စီးပွားရေးပြန်လည်ကောင်းမွန်ရေး အတွက် အကြောင်းများဖြစ်လာခဲ့သည်။ ဂျာမန်သည် မရှိမဖြစ်လိုအပ်သော စက်မှုလူသုံးကုန်ပစ္စည်းများကိုထုတ် လုပ်ရောင်းချနိုင်ခဲ့သည်။
၁၉၅၀ မှ ၁၉၅၄ ခုနှစ်အတွင်းနှစ်စဉ်ကုန်ထုတ်စွမ်းအား တသန်းခွဲတိုးတက်ခဲ့ပြီး အလုပ်လက်မဲ့နှုန်းသည်လည်း ၊ စစ်ပြီးကာလ ၁.၅ သန်းမှ ၅ သိန်းသို့ ကျဆင်းခဲ့သည်။ ၁၉၅၃ ခုနှစ်၌ လိုငွေ ၃ ကုဋေ ဖြစ်ခဲ့ရာမှ ၁၉၅၄ ၌ စက်မှု ထုတ်လုပ်မှုအားလုံး ၊ အသားတင် ၂.၆ ကုဋေ ဖြစ်လာခဲ့သည်၊ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်၏ အရံငွေကြေး ပမာ ဏ သည် ၁၁ ကုဋေသို့ ပင်ရောက်ရှိခဲ့သည်။ စစ်နိုင်သောတိုင်းပြည် များထက်ပင်စီးပွားရေးတိုးတက်ကောင်းမွန် ခဲ့သည်။
စစ်ပြီးနောက် အမေရိကန်၏ (General Motors) သည်ဂျာမဏီ၌ငွေမြောက်များစွာရင်းနှီးခဲ့ပါသည်၊ ဂျမန်ရှိကြီး မားသောစက်မှုလုပ်ငန်း ၂၀၀ အနက် ၁၀၇ ခုမှာ အမေရိကန်မှဖြစ်သည်၊ စစ်ရှုံးနိုင်ငံဖြစ်သောကြောင့် အမေရိ ကန်၏လွမ်းမိုးမှု၊ အမေရိကန်၏ ငွေကြေးထောက်ပံ့မှုကိုယူကာ၊ စက်မှုကဏ္ဍ တိုးတက်အောင်လုပ်ဆောင်ရာ၌ အခြေအနေအရ အမေရိကန်သြဇာခံဖြစ်နေသော်လည်း ၊ တနေ့မည်သူ့ သြဇာမှမခံဘဲ၊ နောက်ဆုံး အမေရိကန် ထက်ပါသာပြီး၊ ဥရောပသာမက ကမ္ဘာ့ ထိပ်သီးစီးပွားရေးနိုင်ငံဖြစ်လာအောင် စူးစမ်းတည်ထွင်မှုများကိုလုပ် ဆောင်ခဲ့ကြသည်၊ ဓါတုနှင့်စက်မှုလုပ်ငန်း၏အဓိကလုပ်ငန်းရှင်ကြီး သုံးခုမှာ Bayer,Hoechst နှင့် BASF တို့ ဖြစ် သည်၊ စစ်ပြီးခေတ်လုပ်ငန်းစတင်ချိန်မှ ငါး နှစ်အတွင်း ကုန်ထုတ်စွမ်းအား ၃၄% မှ၄၉.၄% အထိတိုး တက် လာခဲ့ကြသည်။
ခေတ်မှီအသုံးဝင်သော လူသုံးစက်မှုပစ္စည်းများ ထုတ်လုပ်ရာမှနိုင်ငံတကာဖြစ်ပွားနေသောစစ်များကို အကြောင်းပြ၍လက်နက်ထုတ်လုပ်ရောင်းချမှုကို လုပ်ကိုင်ရာမှဂျာမဏီ၏ စီးပွားရေးသည်၊ ကမ္ဘာ့ထိပ်သီး စီးပွားရေးနိုင်ငံဖြစ်လာစေပါသည်။
အမေ၇ိကန်သည် လက်နက်ထုတ်လုပ်ပြီးစစ်မြေပြင်၌ အသုံးပြုချိန်တွင်ဂျာမဏီသည် လက်နက်မျိုးစုံထုတ်ပြီးနိုင် ငံတကာသို့ရောင်းချခဲ့သည်။ နိုင်ငံတကာ၌ လက်နက်စက်ရုံများဆောက်ပေးခဲ့သည်၊ မြန်မာနိုင်ငံ၌လည်း လက် နက် စက်ရုံကို Fritz Werner လက်နက်စက်ရုံမှ ဆောက်လုပ်ပေးခဲ့သည်။ နိုင်ငံတကာလက်နက်ထုတ်လုပ်ေ ရာင်း ချရေး၌ အဓိဖြစ်သော သံမဏိ လုပ်ငန်း ရှင်ကြီးများမှာ Krupp Mannesmann နှင့် Rheinstahl တို့ ဖြစ် သည်၊ ဂျာမဏီသည် ကမ္ဘာ၌ စတုတ္တ မြောက်လက်နက်ထုတ်လုပ်ရောင်းချသောနိုင်ငံဖြစ်သည်။
၁၉၇၃ ၌ Thyssen နှင့် Rheinstahl နှစ်ဖွဲ့ ပေါင်းကာအဓိကလက်နက် ထုတ်လုပ်သောအဖွဲ့ ကြီးဖြစ်လာသည်။
Krupp သူဌေး Alfried Krupp von Bohlen သည် စစ်ပြီးနောက်အဖမ်းခံရသည်။ ဘယ်သောအခါမှလက်နက် ထုတ်လုပ်ခြင်းကို မပြုပါဟု ကတိဝန်ခံချက်နှင့် ၁၉၅၁ ခုနှစ်၌ မဟာမိတ်များ၏ အကျဉ်းစခန်းမှလွတ်မြောက်ခဲ့ခြ င်းဖြစ်သည်။ စစ်အကျဉ်းထောင်
မှလွက်ပြီးမကြာမှီ လက်နက်ထုတ်လုပ်ခဲ့ပြန်သည်။ Krupp,Rheinstahl,Rheinmetall,Krauss Maffei, Vereinigte Flugwerke,Daimler-Benz,Messerschmitt Bölkow
Bohm,AEG, Siemens,Flick,Quandt အစရှိသော ဂျာမန်လက်နက်လုပ်ငန်းရှင်ကြီးများ မှလက်နက်ထုတ် လုပ်မှု နှစ်စဉ်ကုဋေ

သန်းရာပေါင်းများစွာလည်းရရှိခဲ့ကြသည်။ ၁၉၆၀ နှစ်ကုန်ပိုင်းမှစ၍ ဓါတုစက်မှုနှင့်သံမဏိလုပ်ငန်းတို့ မှာလည်း၊ ကမ္ဘာ့  အဆင့်မှီတိုးတက်အောင်မြင်လာခဲ့ကြသည်။ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ပြည်သူပြည်သားများ ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စအ၀၀ကို စံနစ်တကျ နှစ်တိုနှစ်ရှည်စီမံကိန်းများ ချမှတ်အကောင်အ ထည်ဖော်လာနိုင်ခဲ့သည်၊ ယခုအခါဂျာမဏီ၏လူမှုရေးစံနစ်သည်၊ အကောင်းဆုံး ထဲ၌ပါဝင်နေပြီး၊ အလုပ်လက် မဲ့ ဂျာမန်နိုင်ငံသားများသာမက၊ နိုင်ငံခြားသားများအတွက်ပါ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ခဲ့ကြ သည်၊ လူသားချင်းစာနာထောက်ထားသော ၊အကူအညီအထောက်အပံ့များ အများဆုံးပေးအပ်သော နိုင်ငံများ အနက်မှတနိုင်ငံဖြစ်လာခဲ့ပါသည်။

ဂျာမဏီနိုင်ငံသည် သုံညနှစ် များမှပြည့်စုံကြွယ်ဝသော နှစ်များသို့ ရောက်လာပြီးကမ္ဘာ့  ထိပ်သီး နိုင်ငံတနိုင် ငံဖြစ် လာခဲ့သည်။
မြန်မာနိုင်ငံ၌လည်းစစ်အာဏာရှင်စံနစ်နှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းကာ၊ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး၊ လက်တွဲညီစွာဖြင့် ခေတ်မှီတိုးတက်၍ သာယာဝပြောသော မြန်မာပြည်သစ်ကြီးကို စတင်တည်ဆောက်နိုင် မည့်နေ့ ရက်ကိုမျှော်မှန်းမိပါသည်။

Robina

No comments :