Sunday, 27 March 2011
ဆီရီယားကလူထုတိုက်ပွဲ- 25th March 2011 - SYRIA Al-Sunamein Clashes gunfire crowds shots protest.
ဆီရီးယားလူငယ်တွေတိုက်ပွဲဝင်နေပြီ- မြန်မာလူငယ်တွေ ဘာလုပ်နေကြသလဲ ။
၁၉၆၂ - မျိုးဆက်တွေသူရဲကောင်းပီသစွာတိုက်ပွဲဝင်ခဲ့ကြပြီးပြီ။
၁၉၇၀ - နှစ်လွန်ကျောင်းသား လူငယ်တွေ သတ္တိပြောင်ပြောင် တိုက်ပွဲဝင်ခဲ့ကြပြီ။
၁၉၈၈- မျိုးဆက်တွေ ကမ္ဘာတုန်အောင် တိုက်ပွဲဝင်ခဲ့ကြပြီ။
ဒီနေ့ လူငယ်တွေ- ၁၈နှစ် ၀န်းကျင်လူငယ်တွေ ဘာလုပ်နေကြသလဲ။
တိုက်ပွဲအလံက သင်တို့ရဲ့ လက်ထဲမှာ ရောက်နေပြီ။ အာရပ်လူငယ်တွေလို တိုက်ကြ- ခိုက်ကြ လော့။
at 13:38
Subscribe to:
Post Comments
(
Atom
)
6 comments :
ဘယ်လိုတိုက်ခိုက်မှာလဲ ဆိုတာ အရင်ပြောလေ ဦးနေ၀င်းလို ရှေ့ သို့ ရှေ့ သို အော်နေပြီး ဒါပေမဲ့ ရှေ့ မှာ ချောက်ပဲရှိရင် ဘယ်လိုလုပ်မလဲ
ဟုတ်ကဲ့.. ကျွန်တော်တို့ ဘာလုပ်နေလဲ.. ကိုမိုးသီးဘလော့ကို ဖတ်နေပါတယ်.. အကိုအင်တာနက်က အော်ပါ.. ကျွန်တော်တို့လဲ အင်တာနက်ကနေ စိတ်ဓါတ်တက်ကြွစွာ ဖတ်ပါမယ်..
ဟုတ်လိုက်လေ..ကိုမိုးသီးရာ...
အဒီပြောပေးမှ လူငယ်တွေသိတော့မှာ..
ဆက်ပြော..ဆက်ပြော..
ကိုမိုးသီးလို သတိပေးတဲ့လူရှိနေလို့တော်သေးတယ်...
ကျနော်မြင်တဲ့အမြင်ကို ပြောချင်ပါတယ်။ အဓိကကတော့ အတိုက်အခံလို့ပြောနေကြတဲ့သူတွေထဲမှာကို အတ္တသမားတွေ ပါနေတာက ပြည်သူတွေရဲ့ ယုံကြည်မှုကို လျော့ကျစေတဲ့အချက်တချက်ပါ။ ကိုမိုးသီးဘာတွေလုပ်ခဲ့လဲဆိုတာ ဒီနေ့လူငယ်တွေ မသိတဲ့အချက်တချက်ပါ။ ဒါက လူငယ်တွေကြားက အချင်းချင်းကြားမှာ ယုံကြည်မှုနည်းလာတဲ့အကြောင်းကြောင့်ပါ။ နောက်ဆုံးတချက်ကတော့ အခုပြောနေတဲ့ comment တွေကိုဖတ်ရတာ အားလုံးဟာ စစ်အစိုးရရဲ့ ရက်စက်မှုကို မျက်ဝါးထင်ထင် မြင်ခဲ့ ခံစားခဲ့ ခံစားနေရဆဲလူတွေဖြစ်တဲ့အတွက် အကြောက်တရားတွေများနေတဲ့သဘောပါ။ မိုးအုံ့လို့မှောင်တဲ့သဘောပါ။ ဒီလူတွေပြောတဲ့ထဲမှာ စစ်အစိုးရကို မတော်လှန်ဘူးလို့မပြောကြပါဘူး။ မဖြစ်နိုင်သေးဘူးလို့ပဲပြောတာပါ။ ကျနော့အမြင်အရလဲ ဒီလူတွေပြောတာ မှန်ပါတယ်။ အရှေ့အလယ်ပိုင်းအရေးမှာ တတိုင်းပြည်လုံး ပါဝင်နိုင်ပါတယ်။ ၈၈ အရေးအခင်းတုန်းကလိုပဲ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ရပ်သွားပါတယ်။ အခုအခြေအနေက ဝန်ထမ်းတွေက မကျေနပ်တောင်..... မသေချာနိုင်သေးတဲ့ အခြေအနေတခုမှာ ဒီဝန်ထမ်းတွေနေရာက မိသားစုတွေရဲ့ မျက်နှာကိုမြင်ကြည့်လိုက်ပါ။
ဒါဆိုဘာမှမလုပ်ပဲ လည်စင်းခံတော့မလားလို့ မေးစရာရှိပါတယ်။ ရိုးရိုးလေးပဲဖြေပါရစေ.. သံချောင်းတချောင်းနဲ့တော့ အုတ်နံရံဖြိုလို့မရသေးပါဘူး။ လူငယ်တွေကို ပါဝင်စေချင်တယ်ဆိုရင် လူငယ်တွေယုံကြည်နိုင်လောက်တဲ့ အခင်းအကျင်းမျိုး ဗျူဟာမျိုးရှိဖို့လိုပါတယ်။ အခုရေးနေတဲ့ လူငယ်တွေဟာ ရုရှားက ကျောင်းသားတွေဖြစ်ချင်ဖြစ်ပါမယ်။ ဒါပေမယ့် သူတို့ပြောတာတွေက အမြင်မတူတဲ့ဖက်ကပြောတာဖြစ်တဲ့အတွက် ကိုယ့်အားနည်းချက်တွေဖြစ်နေနိုင်ပါတယ်။ အဓိက ကတော့ တကယ် ဖြစ်ချင်တဲ့ဆန္ဒ လူငယ်တွေမှာရှိပြီးသားပါ။ အဲ့ဒီလူငယ်တွေကြားမှာ ခိုင်မာတဲ့ ယုံကြည်နိုင်လောက်တဲ့ ဆက်ဆံရေးမျိုးကို အရင်ဖန်တီးပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့လူငယ်တွေကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ဟာ ကိုမိုးသီးတို့လို ပတ်ဝန်းကျင် ခေတ်ကာလမဟုတ်လို့ပါပဲ။ နောက်ပြီး အတိုက်အခံတွေကြားထဲမှာလဲ ရိုးသားပြီးခိုင်ကြည်တဲ့ ဆုံးဖြတ်ချက်တခုရှိဖို့လိုပါတယ်။ အတိုက်အခံတွေအကြောင်းကတော့ ကိုမိုးသီးတို့ပိုသိမှာပါ။ စစ်အစိုးရကို ပြုတ်ကျစေချင်တယ်ဆိုရင် စစ်အစိုးရပြုတ်ကျနိုင်လောက်တဲ့ စည်းလုံးမှုရှိဖို့လိုပါတယ်။
စစ်အစိုးရကို ပြုတ်ကျစေချင်တယ်ဆိုရင် စစ်အစိုးရပြုတ်ကျနိုင်လောက်တဲ့ စည်းလုံးမှုရှိဖို့လိုပါတယ်။ အားလုံးဟာ အမေစုရဲ့ဦးဆောင်မှုအောက်ကနေ ညီညီညာညာ လိုက်ကြဖို့လိုပါတယ်။ အခုအမေစု ပြန်လွတ်လာကတည်းက တရက်ကလေးမှအနားမရပါဘူး။ သူဘာတွေလုပ်နေလဲဆိုတာ ကိုမိုးသီးတို့သိပါတယ်။ ရွှေဂုဏ်တိုင်မှာပြောခဲ့ပါတယ်။ ကျမဟာ တတ်နိုင်သမျှပြည်သူတွေ နာကျင်မှုအနည်းဆုံးနဲ့ ပန်းတိုင်ကိုအရောက်သွားနိုင်အောင်ကြိုးစားမယ်တဲ့။ ဒါပေမယ့် ပေးဆပ်မှုမရှိပဲ ရနိုင်တာ ဘာမှမရှိဘူးတဲ့။ လိုအပ်လာတဲ့အချိန်ကျရင်သာ အဆင်သင့်ဖြစ်အောင်အားမွေးထားတဲ့။ အခုကျတော့အရမ်းဆူနေနေကြတယ် အသံထွက်ရမယ့်အချိန်ကျတော့ မထွက်ပဲမနေနဲ့နော်တဲ့။ အမေစုဟာ ပြည်သူတွေအသံထွက်ရမယ့်အချိန်ကို ကောင်းကောင်းသိပါလိမ့်မယ်။ ကျနော် ကိုမိုးသီးကိုယုံပါတယ် ကိုမိုးသီးရဲ့စိတ်ဓါတ်ကိုလဲ လေးစားပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ တကယ်ရုန်းကုန်နေကြတဲ့ လက်တွေ့ရင်ဆိုင်နေကြတဲ့သူတွေကို ပိုယုံတယ်ဗျာ။ အထူးသဖြင့် အမေစုပေါ့ဗျာ။
Post a Comment