Thursday 3 March 2011
အောင်သိန်းလင်းကို ဖမ်းဟုသတင်းထွက်
ရန်ကုန်မြို့ တော်ဝန်ဟောင်း အောင်သိန်းလင်း ကို ဖမ်းဆီးထား တယ်လို့  နေပြည်တော်သတင်းပြန့်နေပါတယ်။ 
အောင်သိန်းလင်း ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာသန်းရွှေ အာဏာတည်မြဲရေးအတွက်အစွမ်းကုန် ကြိုးပန်းပေးခဲ့ရသော်လည်း ရွေးကောက်ပွဲပြီးအာဏာခွဲဝေချိန်မှာသန်းရွှေက နေရာ ကောင်းမပေးပဲ ချောင်ထိုးထားတဲ့အတွက် သန်းရွှေကို စိတ်ကောက်ပြီး ကတုံးကတိုက်လုပ်မိခဲ့တာပြောမိခဲ့တာတွေရှိတယ်။ သန်းရွှေ အတွင်းစည်းကနေ ကန် ထုတ်ခံရတဲ့အတွက် သူက စိတ်နာနေသူဖြစ်ပါတယ်။  တင်အေး၊မြင်အောင့် တို့ နဲ့  ၀င်ရိုးတန်းဖွဲ့ မိတယ်လို့ သိရတယ်။  ဒီအတွက် သန်းရွှေ အဖွဲ့ ရဲ့ စောင့်ကြည့်ခြင်းကိုခံရသူဖြစ်လာပါတယ်။ 
နောက်အကြီးဆုံးအမှားကိုသူကျူးလွန်မိတာတခုကတော့ သူဟာ အိန္ဒာကျော်ဇင်မင်္ဂလာဆောင်မှာသူနဲ့ သူမိန်းမဟာ တက်ရောက်ခဲ့တယ်။ ဒါကလည်း သန်း ရွှေမိသားစုရဲ့ အမြက်သိုခြင်းကိုခံခဲ့ရတယ်လို့ ဆိုပါတယ်။  ရုပ်ရှင်မင်းသမီး အိန္ဒကျော်ဇင်ရဲ့ မင်္ဂလာဆောင်ဟာလည်း လူပြောစရာဖြစ်ခဲ့တယ်။ အဓိကကတော့ လူထုတွေငတ်မွတ်ခေါင်းပါးနေချိန်မှာ မင်္ဂလာဆောင် ၆ ပွဲကို သန်းရွေသမီးနဲ့ အပြိုင်သာအောင်ဂုဏ်တုဂုဏ်ပြိုင်လုပ်ခဲ့တဲ့ အတွက်လူအများကဲရဲ့ ပြစ်တင်ခြင်းကိုခံနေရပါတယ်။  ဒီမင်္ဂလာဆောင်မှာ အောင်သိန်းလင်းမိန်းမ ခင်ဆန်းနွယ်ကလည်း စိန်တွေညွတ်အောင်ဝတ်ပြီ ချီးမြင့်ခဲ့တာက သန်းရွှေ အတွင်းစည်းကလူတွေ မျက်စိစပါးမွေးဆူးစေခဲ့တယ်လို့  ဆိုပါတယ်။အဓိကကတော့
တပ်ချုပ်ကြီး မိသားစုက မနာလိုဖြစ်နေတာပါလို့  အောင်သိန်းလင်းမိန်းမ ကလည်း ပြန်လည် ထိုးနက်ပါတယ်။
ဘာပဲဖြစ်ဖြစ် နအဖ ထိပ်သီးအတွင်း  မှာ အကျိုးစီးပွား ခွဲဝေပုံ မညီမျှမှုတွေက အက်ကွဲကြောင်းရာပေးနေပြီဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးမှုတွေ၊ ခေါ်ယူမေးမြန်းမှုတွေ၊ တာဝန်မှာရပ်ဆိုင်းတာတွေအားလုံးကို  လူထုကိုတရားဝင်အသိပေးမှုမရှိခဲ့ပါဘူး။ ခိုင်လုံတဲ့သတင်းရပ်ကွက်အဆိုအရတော့ အောင်သိန်းလင်းကို နေပြည်တော်မှာခေါ်ယူမေးမြန်နေတယ်။ တချို့ က ဖမ်းလိုက်ပြီ၊ သူရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်သိမ်းဆည်းဖို့ စရင်းပြုစုနေပြီလို့ ဆိုပါတယ်။ 
8 comments :
Anonymous said...
moe thee you know this information from whom?or not are you aung thein lins son?jajajaja XD ..
you so funny kid make in forum look like as baby.jajaja
Anonymous said...
လာပြန်ပြီ ကောလဟာလ။
ခင်ဗျားတို့ကို ကိုကျော်ဆန်းက နောက်ဆိုရင် ကော်မရှင်ပေးပြီး သတင်းလိမ်တွေ ဖြန့်ခိုင်းတော့မယ်။
Anonymous said...
ကိုမိုးသီး...
နောက်တစ်ခါသတင်းမှန်ရေးရင်တောင်၊ လူမယုံပဲဖြစ်လိမ့်မယ်။
Anonymous said...
ကော်မရှင်က ခုလည်းပေးနေတာပဲဟာကို။
Anonymous said...
ဝင်မပြောချင်ပါဘူး..ကိုးလိုးကန့်လန့်တွေ့နေရလို့..
အပေါ်က လေယာဉ်အတူတူစီးတဲ့ကောင်ရော..
ကျော်ဆန်းဘောဆွဲတွေရော..နအဖ လစေ့တွေရော..
မယုံရင်လာမဖတ်ရုံပဲရှိတာပေါ့ကွာ..
အခုဖြစ်နေပုံက..ကိုမိုးသီးရယ်..
နာလည်းနာတယ်..ကောင်းလည်းကောင်းတယ်..
နာကောင်းကြီးဆိုတာလိုဖြစ်နေပြီ..
Anonymous said...
ဟုတ်..ဟုတ်..မဟုတ်ဟုတ်ကွာ..သူတို့ကိုဖမ်းတယ်..ကွဲတယ်ဆိုတာကြားရင်..ကို..ကျေနပ်နေပြီ..
Anonymous said...
.ကိုမိုးသီးရယ်..
နာလည်းနာတယ်..ကောင်းလည်းကောင်းတယ်..
နာကောင်းကြီးဆိုတာလိုဖြစ်နေပြီ..
i like the way you write.
:-)
Anonymous said...
အပေါ်ကလူတွေ မဟုတ်ဘူးဆိုရင် အမှန်ကိုသိရအောင် ဖော်ထုတ်ပေးပါလား အကြောင်းကဖွင့်ပြောဘို့သင့်တော်တယ် ဆိုရင်