အပေးအယူ-
လူတယောက်ဆီက ကိုယ်ကတခုယူထားရင်။တခုကိုလည်းပြန်ပေးဖို့ သတိရနေပါ။ လူအဖွဲ့ စည်းက တခုယူထားရင်လည်းတခုပြန်ပေးဖို့ သတိရပါ။ မြန်မာ လူ့ အဖွဲ့ စည်းကျဆုံးစေတဲ့အကြောင်းအရင်းက လူတွေက လူ့  အဖွဲ့ စည်းက အယူတွေ ပဲရှိခဲ့တယ်။ အယူတွေများခဲ့တယ်။ လူ့ အဖွဲ့ စည်းကို ပြန်ပေးတာနည်းခဲ့တယ်။ ဒါက နစ်ပေါင်းထောင်နဲ့ ချီပြီ မြန်မာ နိင်ငံမှာ ဖြစ်လာခဲ့တာ။
ဒီတော့ မြန်မာ့လူ့ အဖွဲ့ စည်းက သင်ဘာယူထားသလဲ။ ကျောင်းတက်ခဲ့ဘူးသလား၊ ရေတခွက်သောက်ခဲ့ဘူးလား၊ ဆေးနီမှုန့် တထုတ်သောက်ခဲ့ဘူးလား၊ဒုက္ခသည်ဆိုပြီ လျောက်ခဲ့ဘူးသလား။
ပြန်ပေးပါ။ မြန်မာ့ပြည်ကို သင်ပြန်ပေးဆပ်ဖို့ မမေ့ ပါနဲ့ ။
အခုမြန်မာ့ လူအဖွဲ့ စည်းက ဘာတွေလိုခြင်နေသလဲ စာအုပ်တွေ၊စာကြည့်တိုက်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ပြဇတ်ရုံတွေ၊ ဈေးတွေ၊ ရုပ်ရှင်ရုံတွေ၊ လမ်းတွေ၊တံတားတွေ၊ ပညာသင်ဆုတွေ၊ အိမ်တွေ ၊ဈေးတွေ၊ ကမ်းနားက အပန်းဖြေစခန်းတွေ ၊ဖိုးဘွားစောင့်ရှောက်ရေးဌာနတွေ၊ လိုခြင်နေတယ်။ နေပြည်တော်တွေမဟုတ်ဘူး။ ထောင်တွေမဟုတ်ဘူး။ ဘုရားတွေ၊ ဗလီတွေ၊ ချာခ်ျတွေလည်း မဟုတ်ဘူး။
ဒါတွေကို နိင်ငံချမ်းသာလာရင်လုပ်ပါ။လူတွေ၀၀လင်လင်စားသောက်နိင်လာရင်လုပ်ပါ။ မလုပ်နဲ့ လို့ မပြောဘူး။
2 comments :
ရဲဘော်မိုးသီး ရန်သူကို ရောက်တဲ့နေရာကနေ ဝေဖန် တို က်ခိုက်တာ ကောင်းတဲ့အလုပ်ပါ အတွင်းရန်ကိုလည်းတိုက်ပါအုံး ရန်သူမောင်မောင်ကိစ်စ သိမှာပါ ဒါပေမဲ့ ခင်ဗျားတို့ဘာသံမှထွက်မလာတာတော့ အဲ လေးစားတယ်ဗျာ ရန်သူဟာရန်သူဘဲနော်
တိုင်းပြည်ငွေ တ၀က်ကို စစ်တပ်ကယူတယ်။ ကျန်တဲ့ ငွေရဲ့တ၀က်ကို ဘုရားတွေတည်တယ်။ဘုန်းကြီးတွေလှုတယ်။ ကလေးတွေအတွက်ဘာမှကို ပြန်ပေးစရာမရှိတော့ဘူး။
Post a Comment