Sunday, 20 March 2011

နိုင်ငံစုံတပ်များက လစ်ဗျားလေကြောင်းကာကွယ်ရေးစနစ်ကို တိုက်ခိုက် ဖျက်ဆီး




-WFWW-

လစ်ဗျား ဝေဟင် ကို ထိမ်းချုပ်နိုင်ရန် နိုင်ငံစုံတပ်များက လစ်ဗျားလေကြောင်းကာကွယ်ရေးစနစ်ကို တိုက်ခိုက် ဖျက်ဆီး အပြီး၊ ပျက်စီးသွားခဲ့သော စစ်ရေးပစ်မှတ်များကို တွေ့ရှိရသည့် မြင်ကွင်းဖြစ်ပါတယ်။ လစ်ဗျားအာဏာရှင် ကဒါဗီရဲ့ တပ်များ ပြန်လည်ဆုတ်ခွာပေးဖို့၊ နှင့် လူသားချင်းစာနာသည့် အထောက်အပံ့ များ ပေးပို့နိုင်ရန် ဒုတိယအဆင့် စစ်ဆင်ရေးများပြုလုပ်ဖို့ နိုင်ငံစုံတပ်များ ပြင်ဆင်နေကြပါပြီ။ ယင်း ဒုတိယအဆင့် စစ်ဆင်ရေး မှာ နိုင်ငံစုံမှ တိုက်လေယာဉ် အစင်း ၁၀၀ ကျော်ဖြင့် ၂၄ နာရီလုံး လုံး လစ်ဗျားလေကြောင်းကို ထိမ်းချုပ်ထားမယ်လို့ သိရပါတယ်။ ပထမ အဆင့် စစ်ဆင်ရေး မှာ B2 (ဘီ ၂) ဗုံးကြဲလေယာဉ် ၄ စင်း လည်းပါဝင်ခဲ့ပြီး၊ တစင်းလျှင် ဗုံး ၁၆ လုံးစီ ဖြင့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်းသတင်းများတွင် ဖော်ပြထားပါသည်။

လူစိတ်မရှိတဲ့ အာဏာရှင်တွေ၊ နှစ်ပေါင်းများစွာ အာဏာချုပ်ကိုင်ပြီး အာဏာမလွှဲပေးချင်တော့တဲ့ အာဏာရှင်တွေ၊ လက်နက်အားကိုးပြီး တိုင်းပြည် ရှိ ပြည်သူတွေကို နည်းမျိုးစုံ အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာရှင်တွေ အတွက် ကတော့ သူတို့ အာဏာအတွက် တိုင်းပြည် နှင့်ပြည်သူက က ဓားစာခံဖြစ်ခဲ့ရလေပြီ။

အခုတော့ နှစ်ပေါင်း ၄၀ ကျော်ကြာ အာဏာထိမ်းချုပ်ခဲ့တဲ့ လစ်ဗျားအာဏာရှင် ကဒါဗီ ကြွက်တကောင်လို ပုန်းအောင်း နေရပါပြီ။ သူ နဲ့ သူ့မိသားစုဝင်များ ကို ပစ်မှတ်များအဖြစ် ထားလာတော့မှာမို့ နေ့စဉ်ပြောင်းရွေှ့ အိပ်နေရသလို၊ ဘယ်နေရာမှာ ရှိတယ်ဆိုတာကိုတောင် မထွက်ပြရဲတော့ပါဘူး။

2 comments :

Anonymous said...

Nay Shwe thwe aung will become the
second leader after than shwe. Is that right?. Like gadafi sons and daughter?.what happening ???.

Anonymous said...

ရှေ့မှာတကောင်ပြီးတကောင် မိုက်ကန်းတဲ့ကောင်တွေ ဘယ်လိုနိဂုံးချုပ်သွားတယ်ဆိုတာ မြင်နေတွေ့နေကြတာတောင် သင်ခန်းစာမယူနိုင်သေးဘဲ ဆက်မိုက်နေကြတယ်ဆိုရင်ဖြင့် သတင်းတွေသာနားစွင့်ထားကြပါလို့ဘဲပြောချင်တယ်ဗျာတရုတ်နဲ့မြန်မာအာဏာရှင်တွေလည်း တနေ့နေ့တော့ကျဆုံးဦးမှာပါ ကြည့်ထားကြနော် ခက်တာက အာရပ်ကုလားတွေကဗမာတွေထက် သတ္တိပိုကောင်းတယ်ဗျ ဗမာတွေကတော့ သိတဲ့အတိုင်းဘဲ အထင်ကရပုဂ္ဂိုလ်တယောက်ပြောသွားဖူးတာ သတိရမိတယ် ဘာတဲ့ များများသေရင်မြန်မြန်ရတယ် ဆိုလား အဲဒါမှန်မမှန် တူနီရှားအီဂျစ်လစ်ဗျားတို့ကသက်သေပြသွားတာဘဲ