Wednesday, 9 March 2011

အန္တရယ်များလွန်းတဲအလုပ်


သေချင်ရင်စိန် မစားနဲ့  မြန်မာပြည်မှာ လေယျဉ်မောင်း ပါ။ လေယျဉ်မယ်လုပ်ပါလို့ ပြောရမလိုဖြစ်နေပြီ။
မြန်မာ ပြည်မှာလေယျဉ်မောင်းနေသူတွေ၊လေယျဉ်မယ်တွေကို ကျနော် တကယ်ကိုစိုးရိမ်ပါတယ်။ ခြီးလည်းခြီးကြူးပါတယ်။ နအဖလက်ထဲမှာ လေယျဉ်ပျံတွေကခနခန ပျက်ကျနေတယ်။ ပြင်ဆင်မှု ၊ ထိမ်းသိမ်းမှုတွေကလည်ညံတယ်။


လေယျဉ်မောင်းတာလေယျဉ်မယ်လုပ်တာ ခုလို ခေတ်ပျက်နေတဲ့မြန်မာ ပြည်မှာ အလုပ်ကောင်းတခုလို သဘောထားပြီ ဒီကလေးမလေးတွေလုပ်နေကြရပါတယ်။ အမျိုးကောင်းသမီးလေးတွေပါ။
သူတို့ ဟာ စွန့် စားမှု နှစ်ခုကိုနေစဉ်လုပ်နေကြရတယ်။
တခုက လေယျဉ်အစုတ်ကြီးတွေထက်တန်ဖိုးရှိတဲ့ အသက်ကိုရင်းနေရတယ်။
နောက်တခုက သူတို့ ဂုဏ်သိက္ခာ။  လေကြောင်းပိုင်ရှင်တွေက ရဲ နိင်ငံတကာအသိမှတ်ပြုထားတဲ့ ဂုဏ်သိက္ခာ( Reputation )က တခုမှမကောင်းဘူး။ ဒီ သက်ရောက်မှုက ဒီကလေးတွေပေါ် ဆိုးဝါးစွာ စွန်းထင်း  မှု( Negative Impact ) ရှိတယ်။

ဒါပေမဲ့ အသက်အန္တရယ်ကနီးလွန်းတယ်။အန္တရယ် (  Risk )  က များလွန်းတယ်။ သိပ်ဝါသနာပါတယ်။ ဒါမှမဟုတ် ဒီအလုပ်ကိုပဲ ကျွမ်းကျင်နေပြီဆိုရင်တော့ တခြားနိင်ငံက လေကြောင်းလိုင်းတွေမှာ အလုပ်ပြောင်းလဲလျောက်သင့်ကြတယ်။


အသံထက်မြန်တဲ့ ကွန်းကော့လေယျဉ်မဟုတ်ပါ။ လမ်းချော်လို့  ပလက်ဖေါင်းနဲ့ စောင့်မိပြီး လေယျဉ်ကော့သွား ခြင်းဖြစ်ပါတယ်။

ကျနော် ဘ၀မှာ တတိုင်းပြည်လုံးတုန် လှုပ်သွားတဲ့လေယျဉ်ပျက်ကြမှု ကိုကြုံဘူးတယ်။ ဒါကတော့ ကျနော်တို့ ငယ်ငယ်က ဖေါကာတစီးပျက်ကြတယ်။ လေယျဉ်ပျံနံပတ်ကို ကျနော်တော်တော်ကြီးတဲ့အထိမှတ်မိနေသေးတယ်။ ကျနော်တို့ မျိုးဆက်တွေ အားလုံး ဒီဖြစ်ရပ်ကိုသိကြပါတယ်။ လူတွေသေကြတယ်။ သေတဲ့အထဲမှာ လေယျဉ်မယ်တင်တင်လှိုင်ကိုတော့ မေ့လို့ မရဘူး။ ကျနော်တို့ အိမ်နဲ့ သိပ်မဝေးဘူး။  သူက တောင်ဥက္ကလာ ၁၆ ရပ်ကွက်မှာနေတယ်။

သူက တရုပ်ကပြား။ ထက်မြက်တယ်။လှတယ်။ ချောတယ်။  မိဘကိုလုပ်ကြွေးနေတာပါ။
လေယျဉ်က ရန်ကုန်နဲ့ မြိတ် ပြေးတဲ့လေယျဉ်။ စက်ချို့ ယွင်းပြီးပယ်လယ်ထဲပျက်ကျတယ်။ ပင်လယ်ထဲမှာလေယျဉ်ကမိနစ်အနည်းငယ်ပေါနေသေးတယ်။ လေယဉ်မယ်တင်တင်လှိုင်က သူကိုယ်လွတ်ရုံးပြီး သွားရင်ရသော်ငြားလည်း ခရီးသည်တွေကိုဦးစားပေးကယ်ထုတ်ခဲ့တယ်။ သူကတော့အချိန်မရတော့တဲ့အတွက် လေယျဉ်နဲ့ အတူ ပင်လယ်ကြမ်းပြင်မှာထာဝရအိပ်စက်ခဲ့ရတယ်။ သူရဲ့ သူရဲကောင်းပီသတဲ့ ဇတ်လမ်းက ကျနော်တို့ ငယ်စဉ်က ပုံပြင်တပုဒ်ပါ။ စစ်ဗိုလ်ချုပ်တွေရဲ့ သူရဲဘောကြောင်တဲ့စိတ်ဓါတ်အတိုင်း အရပ်သား ထဲက သူရဲကောင်းစိတ်ရှိတဲ့သူကို လူမှုထူးချွန်ဆု မပေးခဲ့ပါဘူး။ဒီအကြောင်း ကို ဆရာမောင်သောက စာပေဟောပြောပွဲတခုမှာ ပြောခဲ့ဘူးပါသေးတယ်။
 လေယျဉ်မယ်လေးလှိုင်ဆိုပြီ နာမည်ကြီးအဆိုတော် ဂျင်မီဂျက် (ခ) ကိုလားရှိုးကြီး တောင်ဂုဏ်ပြုသီချင်းလေး စပ်ဆိုပေးခဲ့တဲ့သီချင်းလေးနဲ့ပဲ သူကို ဂုဏ်ပြုနိင်ပါသေးတယ်။  ကျနော်တို့  ဒီမိုကရေစီရရင်တော့ဗျာ လူထုအစိုးရလက်ထက်မှာတော့ မင်္ဂလာဒုံလေယဉ်ကွင်းမှာ လေယျဉ်ကွင်း ကိုတင်တင်လှိုင် ရုပ်ထု တခုကိုတော့ ထားပေး လို့ ကျနော်မေတ္တာရပ်ခံပါတယ်။

သူအစ်ကို က ကျနော်တို့ နဲ့ ရင်းနှီးတယ်။ သူညီမ လေယဉ်မယ်တင်တင်လှိုင်ရဲ့ ကိုယ်လုံးပေါ်ဓါတ်ပုံလေးကို အမြဲတမ်း အိပ်ကပ်ထဲမှာ ထည့် ထားတယ်။ ကျနော်တို့ ကလေးတွေကို မကြာခနပြပြီ သူညီမလေးအကြောင်းကိုလွမ်းတသပြောနေတယ်။


ခုတော့သူရဲ့ သူရဲကောင်းပီသတဲ့ပုံပြင်ကို  လူတွေမေ့သွားပြီ။
အမေရိကန်ပြည်ထောင်စုနယူးယောက်မှာ တလောက လေယျဉ် စက်ချို့ ယွင်းတယ်။ လေယျဉ်မှုး ကမြစ်ထဲကိုထိုးဆင်းပြီးခရီသည်တွေမသေအောင် ကယ်နိင်တယ်။ သူကိုကွန်ကရက်က သူရဲကောင်းဆုချီးမြင့်တယ်။  ဘာကြောင့် မြန်မာနိင်ငံက ခေါင်းဆောင်ဆိုသူတွေဟာ စိတ်ဓါတ်ရေးရာအရ
သိပ်ကို လူစင်မမှီလောက်အောင် သိမ်ဖျင်းနိမ့်ကျနေပါသလဲ။  သူတို့  ငယ်စဉ်က  သူတို့မိဘတွေရဲ့ နိပ်စက်ညင်းပန်းမှုကိုခံခဲ့ကြရလို့ လား။ သိပ်ကို လူအောက်သူအောက် ကို ကျတဲ့ဘ၀တွေက ပေါက်ပွားလာလို့ လား။ စိတ်ပိုင်းဆိုင်ရာ မပြည့်ဝသူတွေလား စဉ်းစားစရာတွေပါ။ 
နောက်တက္ကသိုလ်ရောက်တော့  မြိတ်က သူငယ်ချင်းတယောက်ကိုပေါင်းမိတယ်။ သူက အရင်းနှီးဆုံးသူငယ်ချင်းဖြစ်လာတယ်။ ကျနော် တော်လှန်ရေးထဲ ကိုဆင်းတော့သူလည်းအတူပါလာတယ်။ သူမိဘနှစ်ပါးက ငယ်ငယ်ကထည်းကဆုံးသွားတယ်လို့ ပြောတယ်။  ဘယ်လိုဆုံးသွားသလဲမေးမိတော့ ကျနော်ခုနက ပြောတဲ့ ဖေါကာလေယျဉ်ပျံပျက်ကျတုံး က ပါသွားတယ်လို့ ဆိုတယ်။  တိုက်ဆိုင်မှုက ထူးဆန်းစရာပါ။

ကျနော်တို့ ကြီးလာတော့ အဆိုတော်စိန်လွင် တယောက် တွင်အော်တာ လေယျဉ်ပျက်ကျပြီးဆုံးတယ်။စိန်လွင် အသံကို ကျနော်တိသို့ ငယ်စဉ်က သိပ်ကြိုက်တယ်။ အသံသိပ်ကောင်းတယ်။အောင်မြင်ထင်ရှားတဲ့အဆိုတော်ပါ။ သူရဲ့ တောင်းရမ်းလက်ထပ်ယူပါမယ်ဆိုတဲ့သီချင်းကတော့  ဗျာ။  စိန်လွင်နဲ့ အဲလ်ခွန်းရီဆိုကြတာပါ   Kenny Roger  ရဲ့      Green   Green Grass of Home  ဆိုတဲ့သီချင်းပါ။ ပြောကြကြေးဆိုရင်တော့မူရင်းထက်တောင် ကောင်းသလိုဖြစ်နေတာကိုး။


သူများနိင်ငံတွေမှာဆိုရင် သူလို အောင်မြင်နေတဲ့အဆိုတော်တယောက်ဟာ လေယျဉ်မောင်အလုပ်ကို ဆက်လုပ်စရာမလိုတော့ပဘူး။ သူဘာကြောင့်ဒီအလုပ်ကိုဆက်လုပ်သလဲ။ မဆလခေတ်မှာ အဆိုတော်တွေဟာ ချမ်းသာသွားလောက်အောင်ဝင်ငွေမကောင်းလို့ လား။ ဒီအလုပ်ပေါ်မှာသူဝါသနာပါနေလို့ လား ကျနော်မသိပါ။ သူဆုံးသွားတဲ့အတွက် သမျှောမိတာပဲကျနော်သိတယ်။

၁၉၇၅-၇၆ လောက်ထင်တယ်။ တိုက်လေယျဉ်ငါးစီးဟာ ရှမ်းပြည်မှာ တောင်နဲ့ တိုက်ပြီ အကုန် သေတယ်။
စိန်အော်ဂစ်စတင်းကျောင်းက ရူပဗေဒ သင်တဲ့ ဆရာမ ဒေါ်တင်တင်ဝင်းယောက်ကျား ဗိုလ်မှုးလည်း ပါသွားတာပေါ့။ တကျောင်းလုံး စိတ်မကောင်းကြဘူး လို့  အမည်မဖေါ်လိုတဲ့စိန်အော်ဂစ်စတင်းကျောင်းသားဟောင်းတဦးက ဆိုပါတယ်။

၁၉၇၆ ခုနစ်လောက်မှာပဲ မင်္ဂလာဒုံလေယျဉ်ကွင်းက ဒါကိုတာ တစင်းဟာ တက်ပြီးမကြာဘူး ပျက်ကတယ်လေ။ လှော်ကားနာတင်ကျတာ။ မောင်းတာက ကပတိန် သန်းမောင်ရီ ။ လေယျဉ်မောင်တဲ့နေရာ သိပ်ကျွမ်းဆိုပဲ။ ၀ီကနဲ့ ဝီကနဲ့ ပေါ့။ သူနဲ့ အတူတဖွဲ့ လုံးသေတာ။

၁၉၉၆ခုနစ် နောက်ကျနော်တို့ မနပုလောတိုက်ပွဲတွေပြင်းထန်နေတုံးကတရုပ်က၀ယ်တဲ့တိုက်လေပျံတွေစသုံးတယ်။ ကျနော်တို့  နဲ့ ချတုံးက မကျဘူး။ သူတို့ ဘာသာသူတို့ ပျက်ကြတာ ၅ စီးလောက်ကုန်သွားတယ်။ ဖြစ်ပုံက ဗုံကြဲဖို့   အတက်မှာ လေယဉ်ပျံက ပြုတ်ကျတော့ အောက်က ရပ်ထားတဲ့လေယျဉ်ပျံတွေ ပါ ပျက်ကုန်တာဆိုပဲ။

အထင်ရှားဆုံးဖြစ်ရပ်ကတော့ တွင်း-၂  ဗခ-တင်ဦးဖြစ်ရပ်လေ။ အကြိမ်ကြိမ်သူများလုပ်ကြံတုံးကမသေဘူး
( ကျနော်ထင်တာကတော့ သန်းရွှေပဲလုပ်ကြံတာဖြစ်မယ်။ ) ဟယ်လီကော်ပတာပျက်ကြ မှာတဖွဲ့ လုံးမလကီယားကြတာမှတ်မိကြဦးမယ်ထင်တယ်။ ဟယ်လီကော်ပတာက သံလွင်မြစ်ထဲထိုးကြတယ်။
စိတ်ချမ်းသာဖို့ ကောင်းတာကတော့ စစ်မောင်ပါပါသွားတာ။ သူတို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် အကုသိုလ်တွေပေါ့ဗျာ။

ဒီလိုနိင်ငံတကာက လေယျဉ်တွေအစုတ်တွေ တစီးဝယ်တစီး အလကားစနစ် (   Buy One Get one Free)  တွေကို တင်သွင်းကြတဲ့သူတွေက တော့  ၀င်းဦးဆိုတဲ့သူကစတာ။ ၀င်းဦးဆိုတာက ဦးမိုးကျော် ရဲ့ သား ။ ဦးမိုးကျော်က လူကောင်းတော့မဟုတ်ဘူး ။ ပြည်ချစ်ခေတ်က လက်နက်ချ။ နောက်ဦးနေ၀င်းနဲ့ခမီးခမက်ဖြစ်လာတယ်။ သူသားတယောက်က ဦးနေ၀င်းသမီးကိုယူတယ်။


သေချာတာက ဒီလေကြောင်းလိုင်းတွေဟာ တိုင်းပြည်ပိုက်ဆံတွေကို ခိုးယူပြီးမတရားချမ်းသာလာတဲ့ သန်းရွှေမိသားစုက နောက်ကွယ်ကနေ ရှယ်ယာတွေပိုင်နေကြတယ်။   သူတို့ က ခတ်စုတ်စုတ်လေယဉ်တွေကို ဈေးပေါပေါနဲ့  ၀ယ်။ အမြတ်များများရဖို့ ရည်ရွယ်ချက်တခုပဲသူတို့ သိနေခြင်းဖြစ်တယ်။ သူတို့ ခေတ်မှာ လေယျဉ်တွေ ဟာ အခေါင်းပျံတွေအလားဖြစ်နေတယ်။ မကြာခနပျက်ကြတယ်။ လေယျဉ်ပျက်ကြတာသတင်းမဟုတ်တော့သလြို့ဖစ်လာတယ်။
ပိုဆိုးတာက နိင်ငံတကာက ပိတ်စို့ ဒဏ်ခတ်ထားတော့ သူတို့ လေယျဉ်တွေမှာ အသက်အာမခံတွေ မရှိဘူးဖြစ်နေတယ်။ သေဆုံးသွားတဲ့လေယျဉ်ဝန်ထမ်းတွေကိုသူတို့ ဘယ်လို အသက်အာမခံစနစ်တွေလုပ်ပေးထားလဲဆိုတာ ကျနော်မသိပါဘူး။


လေကြောင်းဈေးကွက်ကို လက်ဝါးကြီးအုပ်လုပ်ကိုင်နေတဲ့အတွက် ခရီးသည်ရော 
လေယျဉ်ဝန်းထမ်းတွေပါ ရွေးခြယ်ခွင့်မရှိ။ သူတို့ ကိုပဲ ဘုန်းရှင်ကံရှင် ကျေးဇူး ရှင်လို့ ထင်နေရတယ်။


လေယဉ်မောင်တွေမယ်တွေမှာ ဘာအခွင့်ရေးမရှိဘူး။ လေယျဉ်ထိမ်းသိမ်းမှုတွေကိုစနစ်တကျမရှိဘူး။
သူတို့ လေယဉ်တွေပျက်ကြတယ်။ လမ်းချောထွက်သွားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတိုင်း
 လူတွေ ၀မ်းသာတယ်။ ကျနော်လည်း ၀မ်းသာတယ်။ ဒါပေမဲ့   သေဆုံးရတဲ့ ဒဏ်ရာရသွားတယ်ဆိုတဲ့သူတွေအတွက် ရိုးသားတဲ့ဝန်ထမ်းတွေ အတွက် ကျနော်တို့ မပျော်ပါဘူး။
 စိတ်မကောင်းကြပါဘူး။  


မြန်မာ့လေကြောင်းနဲ့  ပုဂံ လေကြောင်းက ၀န်ထမ်းတွေလည်း  ပြည်သူတွေဘာကြောင့်မပျော်ဘူးဖြစ်နေတာကို သိနိင်ပါစေ။ ပြည်သူတွေနဲ့ အတူပူးပေါင်းပါ။


 မိုးသီး

9 comments :

Anonymous said...

တက်က သိုလ်အေးမောင်လား ပလေးဘွိုင်းသန်းနိုင်ရဲ့အကို စိန်လွင်လားဆိုတာတော့ သေချာလေ့လာသင့်ပါတယ်

mg said...

လေယာဉ်အကြောင်း လေလိုင်းအကြောင်း ဘယ်လောက်သိလို့ ဝေဖန်နေရတာလဲ။မြန်မာပြည်မှာ ခရီးသည်တင်လေယာဉ်ပျက်ကျလို့သေသွားကြတယ်ဆိုတာမရှိဘူး။လေယာဉ်ကွင်းမှာ လေယာဉ်ဘီးချောမှု မပြောပလောက်တဲ့အရာလောက်ပဲဖြစ်ဖူးခဲ့တာ။ခေတ်မှီတိုးတတ်နေသော နိုင်ငံကြီးတွေမှာ လေယာဉ်တွေ ခဏခဏ ပျက်ကျလို့သေနေတာတွေကို မသိချင်ယောင်ဆောင်မနေပါနဲ့။

လေလိုင်းအကြောင်း သိပ်သိသိပ်တတ်နေရင် ကိုယ်တိုင်ဝင်လုပ်ပါ။

mg said...

လေယာဉ်လမ်းချောတဲ့သတင်းကြားရရင် ၀မ်းသာတယ်ဆိုပဲ။ဘယ်လောက်အောက်တန်းကျ စိတ်ဓာတ်ကောက်ကျစ်ယုတ်ညံ့လည်းဆိုတာ စိတ်ထဲပါမဟုတ် စာထဲပါထည့်ရေးနေတာ တော်တော်ကျက်သရေတုန်းပါတယ်။ဘယ်လိုမိသားစု မျိုးရိုးက ပေါက်ဖွားလာတာလည်းမသိဘူး။

လေယာဉ်ဝန်ထမ်းတွေက ဘယ်လူထုကိုသွားပေါင်းပြီး ဘာလုပ်ရမှာလဲ။သူလည်းပြည်သူလူထုက သူတွေပဲ။သူ့အလုပ်သူတို့လုပ်နေတာပဲလေ။
ဘာတွေလျှောက်ပြီးပြောနေတာလဲ။

mg said...

မြန်မာပြည်မှာ လေယာဉ်လမ်းကြောင်းလေး တစ်ခါတစ်လေလေး လွဲချော်တာကို စာဖွဲ့နေသေးတယ်။
တိုးတတ်တဲ့နိုင်ငံကြီးတွေကိုယ်တိုင် ပျက်ကျ မတော်တဆဖြစ်မှုတွေ ခဏခဏများဖြစ်နေရင် ဘယ်လောက်များ ထိုင်ပြီးအပုပ်ချအုံးမလဲမသိဘူး။

ကိုယ်တိုင်လည်း နကန်းတစ်လုံးမှ လေလိုင်းအကြောင်းမသိပဲ ဝေဖန်နေတာ ရှက်လည်းမရှက်ဘူး။

Anonymous said...

လေယာဉ်မှူး အဆိုတော် စိန်လွင် ဟာ လေယာဉ်ပျက်ကျလို့ သေဆုံးခဲ့တာတော့ ကျိန်းသေပါတယ်။ MAI ကတော့ အသက်အာမခံကြေးရှိသလို လေယာဉ် အာမခံကြေးလဲ ရှိတယ်။ အသက်အာမခံ ကြေးက ဘယ်လောက်လဲဆိုတာတော့မသိဘူး ရန်ကုန်မြို့ပါတ်ရထားလို အသက်အာမခံကြေး ၁၅ ပြား ဘဲလားမသိဘူး။ တေဇရဲ့ ဘွတ်အဲ ပုဂံ ကတော့ ဘာအာမခံကြေးမှ မရှိပါဘူး။

Anonymous said...

လေယာဉ်မောင်၊ လေယာဉ်မယ် ဖြစ်ရင် သေပန်းပွင့်တာကနောက်မှ၊ လူပုံလယ်မှာ မျက်နှာပွင့်တာနဲ့အတူ လစာကောင်းကောင်းရတာက အခု... ဒီလိုမျိုးဖြစ်ဖို့ ဘယ်လောက်တောင်ကြိုးစားရသလဲဆိုတာလဲ မေးကြည့်လိုက်အုန်း... ကိုမိုးသီးလဲ အမှန်ကိုများများမြင်နိုင်ပါစေ... ဖြစ်ချင်တာတွေချည်းပဲ မပြောပါနဲ့... လက်ရှိဘာတွေဖြစ်နေလဲကို စပြီးကြည့်ပါအုန်း...

Anonymous said...

ငမောင် ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံတိုင်းမှာ လေယာဉ်တွေ ပျက်ကျနေတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ သူတို့ တိုင်းပြည်တွေမှာ လေယာဉ်အတက်အဆင်း ဇယားကို မင်းပြန်ကြည့်လိုက်အုန်း။ ပြည်တွင်းရော အပြည်ပြည်ဆိုင်ရာရော လေယာဉ်တွေ ဥဒဟို တက်ဆင်းနေကြတာ။ ငါတို့ တိုင်းပြည်မှာက တစ်နေ့နေလို့ ခရီးသည် လေယာဉ် ဘယ်နှစီးတက်ဆင်းနေလို့လဲ။ probability ကို တွက်ကြည့်ပြီးမှ ပြောပါ။ ပြီးတော့ သူတို့တိုင်းပြည်မှာ လေယာဉ်ပျက်ကျရင် အသက်အာမခံရှိတယ်။ အစိုးရက တလေးတစားနဲ့ တောင်းပန်ပီး လျှော်ကြေးပေးတယ်။ ငါတို့တိုင်းပြည်မှာ ဘယိတုန်းက ထိုက်သင့်သလောက် လျှော်ပေးဖူးလဲ။ ဒါပေမဲ့ ဒါပဲ စီးစရာရှိလို့ ဘုရားတရားတပြီး စီးနေကြရတာပဲလေ။ လေယာဉ်မောင် လေယာဉ်မယ်ဆိုတာကလည်း ပေါ်ပြူလာဖြစ်တယ် ဂိုက်ကျတယ်ထင်ပြီး လူအများက အထင်ကြီး အားကျနေကြတာ တကယ့်တကယ် လေယာဉ်ပျက်ကြပြီး သေမှာကျတော့ ထည့်မစဉ်းစားကြဘူး။ ရုရှားမှာ ကျဆုံးသွားတဲ့ မြန်မာလေသူရဲကောင်းနှစ်ယောက်ထဲက တယောက်အမေဆို ကြားကြားချင်း ဆေးရု့တောင် တင်လိုက်ရသတဲ့။ ထပ်တူထပ်မျှ ၀မ်းနည်းပါတယ်။ တိုင်းပြည်အတွက် တာဝန်ထမ်းရင်း ကျဆုံးသွားတာမို့ အလေးပြုပါတယ်။ သတင်းစာထဲမှာ သုံးတဲ့ ကွယ်လွန်ဆိုတာထက် တိုင်းပြည်အတွက် အသက်ပေးလှူသွားတယ်လို့ပဲ ရေးချင်တယ်။

Anonymous said...

စိတ်တွေ ဆင်းရဲလိုက်တာ. ဆင်းရဲတဲ့ အာဏာမရှိတဲ့ လူတန်းစားအတွက် ကယ်စရာ၊ လမ်းမမြင်လို့ စိတ်ဆင်းရဲရတာပါ။ ရဟတ်ယာဉ် ပျက်လို့ တောင်ပေါ်မှာ ထားခဲ့တဲ့လူကတော့ အချိန်ရရင်၊ အဆင်ပြေရင် ရဟတ်ယာဉ် သွားပြန်ယူကြမယ်။

ဆင်းရဲတဲ့လူကတော့ သူတို့ အသက်ဆုံးတာ၊ ဒုက္ခိတဖြစ်တာကို လျှော်ကြေးပေးပါလို့ ဘယ်သူ့ကို သွားတောင်းဆိုမလဲ။

မှတ်ချက်ရေးသူ ”မောင်” တရားမျှတစွာ စဉ်းစားပေးပါ။ တိုင်းပြည်နဲ့ လူမျိုး၊ ဆင်းရဲသားပြည်သူများရဲ့ လက်မဲ့ဖြစ်နေရတာ၊ မတရားတဲ့ အာဏာရှင် စံနစ်အောက်မှာ ဘာဆိုဘာမှ ပြောခွင့်မရှိပဲ လုပ်သမျှ ခံနေရတာတွေဟာ စံနစ်မှားယွင်းနေလို့ပါ။

ဒီစံနစ်ကြောင့် ငွေကို မဟုတ်တဲ့နေရာမှာ အရမ်းကာရော အသုံးချပေမဲ့၊ လိုအပ်တဲ့နေရာမှာ ပြည်သူကို အကာအကွယ် ပေးတဲ့ စံနစ်တခုတလေမှ မရှိတာလေးကို အလေးထား စဉ်းစားစေချင်ပါတယ်။

Anonymous said...

You spell out right Kane. Especially BIEs. The worst beggars of all.