Wednesday, 9 March 2011

မကောင်းဆိုးဝါးတွေပြေးအောင် တီးလိုက်ကြပါစို့ ။




အလွန်ကောင်းတဲ့နှဲကြီးလက်သံပါ။ မှုတ်တတ်တဲ့သူတွေ နည်းလာတယ်လို့သိရတယ် ။ နတ်ကနားဝိုင်းမှလို စိတ်လွ တ်ကိုယ်လွတ်တီးကြရင်ပိုကောင်းမယ်။ သူတို့ စစ်ဗိုလ်ချုပ်တွေကိုကြောက်ရတော့  ဒီလောက်လှတဲ့တေး သားဟာ ခံစားချက်ကိုဖယ်ပြီ  တီးနေကြရတယ်။ ဒီလောက်မင်္ဂလာရှိတဲ့တေးသားကိုတီးခတ်နေသူတွေဟာ ပြုံးနေရမယ်။ကြည်နှုးနေရမယ်လေ။
သူတို့ ညံနု တဲ့  ဒီခံစားချက် တွေဘယ်ကိုပျောက်သွားပြီလဲ။ ဒါဟာ သာမန် ပျောက်ဆုံးမှုတော့မဟုတ်ဘူး။
ဘာဖြစ်လို့ လဲဆိုတော့ ဒါဟာ အမျိုးသားရေခံစားချက်ဖြစ်နေလို့ ပဲ။
ခင်ဗျာတို့ ကျနော်တို့ အားလုံးရဲ့  မျိုးရိုးဗီဇ သတ်မှတ်ချက်တွေထဲအထိတောင်ဒီ တေးသားဟာ သင်္ကေတတခုအဖြစ် ထည့်သွင်းမွေးဖွားလာသူတွေ ပါ။ခုတော့ ဒီခံစားချက်ကို မြန်မာ့ ရိုးရာပညာရှင်တွေက ဖေါ်ထုတ်ခွင့်မရဖြစ်နေကြတယ်။ စိန် ကောင်း တပွင့်ကို ရွှေညံ နဲ့ ကွင်းဝက်ထားရသလိုတော့ဖြစ်နေတာပေါ့။

နအဖ လက်အောက်မှာ ဂီတသမားအားလုံး ( ရိုးရာရော၊ ခေတ်ပေါ်ရော ) ဟာ ခံစား ချက် (   Emotion )  ကိုတောင်မှာ လွတ်လွတ်လပ်လပ်ခံစားတီးမှုတ်လို့ မရတာကြာပြီလေ။   အီမိုးရှင်းကို ဖျက်ဆီးခံရတာ ပေါ့ဗျာ။  တခါတလေ မြန်မာ့ အသံက ခေတ်ပေါ်တီးဝိုင်းမှာ တီးခတ်နေတဲ့သူတွေက   ပိုင်ရှင်မရှိတဲ့အသုဘကို ရေခဲရေလောင်းထားတဲ့မျက်နှာတွေနဲ့  တီးနေကြရရှာသဗျ။
စိုင်းထီးဆိုင်စထရင်ဟောတယ်မှာ တီးခဲ့တီးဝိုင်းရဲ့ လက်သံကှိုလည်း နားထောင်မိပါတယ်။ တယောသမားတွေထည့်ထားတော့ တော်တော်စိတ်ဝင်စားမိတယ်။ ဒါပေမဲ့သူတို့  ခံစားချက် (  Emotion)  မပါပဲတီးနေကြရှာတယ်။
တယောလောက် စူးတဲ့သံဟာ တယောပဲရှိတယ်။  King of the music  လို့ တောင် ပူဆော်ပသရတာကိုး။ မြည်ပါပေတယ်။ ဒါပေမဲ့ အဲ့ဒီတီးဝိုင်းက တယောသမားတွေရဲ့ လက်သံဟာ ။ တချက်မှ ထွက်မလာဘူး။
သရုပ်ပျက်လို့  နအဖ က ကင်ပွန်းတပ်မှာကြောက်ရ၊ ပါမစ်ပိတ်မှာကြောက်ရ၊ ဟိုကြောက်ရဒီကြောက်ရနဲ့ ကြောက်ကြောက်နဲ့ တီးလိုက်ကြတော့  ဘာရုပ်မှမထွက်တော့ဘူးပေါ့။ ကြာတော့ဒါက ယဉ်ကျေးမှုလြို့ဖစ်ပြီ
ဂီတာဆိုတာ၊ မြန်မာ့ဆိုင်းဝိုင်းဆိုတာ အိန္ဒေတခွဲသာ နဲ့ တီးရတယ်လို့ လူတွေကထင်လာကြတယ်။ ဘယ်နှဲ့
ဂီတပါစိုမှ။ တီးကြစမ်းပါဗျာ။

ကျူပ်ဒို့ က ဂီတာကိုနားထောင်တယ်။ ပန်းချီကားတချက်ကိုကြည့်တယ်။ ပန်းပုတခုကိုပွတ်သပ်ကြည့်တယ်ဆိုတာ တီးနေတဲ့သူ ဆွဲနေတဲ့သူ တီးနေတဲ့သူ ရဲ့ ခံစားချက်ကို သိခြင်တာ။ ကြည့်ခြင်တာ။ သူ့ ရဲ့  မာန ကို ဦး ညွတ်ခြင်တာ။လွင်တီးခေါင်လိုြ့ဖစ်နေတဲ့ နှလုံးသားကို မဟာမြိုင်တောကြီးကိုပို့ ပေးလို့ ကျေးဇူတင်ရသလိုတင်ခြင်တာ။

ဘာကြောင့်မြ၀တီမင်းကြီး ရဲ ဆိုလိုတွေကသိပ်ကောင်းနေတာလဲ ။
ဘာကြောင့် စိန်စတင်းလက်သံ၊ စိန်ဗိုလ်တင့်ရဲ့ လက်သံ ကို ထပ်ခါထပ်ခါနားထောင်ခြင်တာလဲ ။
ဘာကြောင့် စန္ဒယား ချစ်ဆွေရဲ့ လက်သံကို လူတွေ တန်ဖိုးထား နေကြသလဲ။
ဘာကြောင့်ကိုတင်ရီရဲ့  ကျေးလက် ဂီတ (   Folk Songs )   တွေကို နှစ်သက်နေတာလဲ။
ဘာကြောင့် မိုးကျော်ရဲ့ ဂစ်တာ ဆိုလိုတွေကို နိင်ငံခြားသာတွေ နိင်ငံခြားသားတွေကိုဂုဏ်ယူပြီပြနိင်တာလဲ။
ဘာကြောင့် ပတ်ကနီနီ (   Paganini ) ရဲ့   Craprice တွေကို ဘယ်သူတီးတီးနားစွင့်မိတာလဲ
ဘာကြောင့်    vivialid ရဲ့  လေးရာသီ တေးသား တွေကိုလူတွေထပ်ခါတလည်တီးနေကြသလဲ
ဘာကြောင့်   Bach ရဲ့    Chaconne  ကို မရိုး နိင်အောင်တီးနေကြသလဲ

ဘာကြောင့် Mozart , Beethoven တေးသားတွေကို ၁၀နစ်သားလေးတယောက်ကတီးရင်လည်းနားထောင်မိတာလဲ ။


အဖြေက တခုတည်းပါပဲ။  ခံစားချက်ကို တွေ့ ရလို့ ပါ။ မြင်ရလို့ ပါ။ ကူးလူးခံစားမိလို့ ပါ။
ခံစားချက် -   Emotion  ဟာ ဘာလဲလို့ သိခြင်ကြ၊ခံစားခြင်ကြတာပါ။
ဂီတဆိုတာခံစားချက်ကို အမြင့်ဆုံးဖေါ်ထုတ်ကြတာ။ ခံစားချက်ကို
ဖယ်ထုတ်လိုက်မှတော့ ဂီတ သေပြီပေါ့။

ဘာကြောင့် ဒီလောက်ဆိုးသွမ်းယုတ်မာတဲ့အာဏာရှင်ကို လူတွေမတော်လှန်ရဲလောက်အောင်  တုန်လှုပ်ခြောက်ခြားနေကြသလဲ။  ဘာကြောင့်  ဒီနေ့ မြန်မာပြည်က  အသက် ၁၈ နစ်ကနေ ၄၀ အောက်လူငယ်တွေဟာ တုံနိဘာတွေဖြစ်နေကြသလဲ။

အဖြေကရှင်းပါတယ်။  ခံစားချက်ကို  မထုတ်ဖေါ်ရဲဘူးဖြစ်နေကြတာပါ။
  ရုရှားကဗျာဆရာကြီး မယာကော့ဖ်စကီး ပြောသလို လူယျဉ်ကျေးတွေက မေတ္တာကို တယောပေါ်တင်ကြ၊ ကျူပ်ဒို့ လို အရိုင်းအစိုင်းတွေက ဗုံပေါ်ကိုတင်ပြီးနှက်ကြတယ်။

ယျဉ်ကျေးတဲ့သူရိုင်းတဲ့သူဘယ်သူပဲဖြစ်ဖြစ်။ ခံစားချက်တွေကို အရိုင်းအစိုင်းတွေလို ထုတ်ကြပါစို့ ။
မကောင်းဆိုးဝါးတွေပြေးအောင် တီးလိုက်ကြပါစို့ ။


မိုးသီး





2 comments :

Anonymous said...

မကောင်းဆိုးဝါး မိုးသီးကိုတော့ တိုင်းပြည်က နှင်ထုတ်လိုက်တာ အခုထိ အပြင်မှာ တစ်အီအီနဲ့အော်နေတုန်း။မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာမနေရတာ ဖီးအောက်တယ်ကွာ။



ဒိန်းဒေါင်

Anonymous said...

Bravo Ko Moe Thee.
I cursed you almost every time i read your posts. But I like this post much. I couldn't agree with you any more.