Thursday 31 March 2011

သန်းရွှေခေတ်ကုန်ပြီ ပြဇတ်

အပြင်အဆင်- တာဝရိန် သာက  အလွန်ကြီးမားတဲ့အခန်းတခု၊ အီတလီလုပ် အဖြူရောင်ရွှေနာကွပ် မိုက်ကယ်အိန်ဂျဲလို အမျိုးစာစားပွဲကြီတလုံး ၊ သကြားမင်းကြီးအိုင်ဖုန်းနဲ့ အလုပ်ရှုပ်နေ၊ စားပွဲဘေးမလှမ်းမကမ်းမှာ အရက်ဘားတခု ကိုချထား။ မာတလိစ်က  အဲပယ်လ်ကွန်ပြူတာ
 အင်တာနက်က မြန်မာ့ သတင်းကိုဖတ်နေ။  

-  ကားလိပ်ကိုတင်-

သကြား -  မာတလိစ်ရေ ဘာထူးသေး လဲကွ။
မာတလိစ်- ထူးတယ်ဘော့စ်။ မြန်မာ ပြည်မှာပေါတာကြီးသန်းရွှေ ခေတ်ကုန်သွားပြီဗျ ။

သကြား- ဟေ ဟုတ်လား။  သေချာရဲ့ လားကွ။
မာတလိစ်- သေချာတယ်ဘော့စ်။

သကြား-  ဟုတ်မှလဲလုပ်ပါဦးကွ။ သူက နေ၀င်းလို နောက်ကနေ အာဏာကိုကြိုးကိုင်ထားပါဦးမယ်။  တချို့ မီဒီယာသမားတွေက သန်းရွှေ နောက်ကွယ်ကနေကိုင်ထားတယ်လို့ သုံးသပ်နေကြပါလား။

မာတလိစ်- စစ်တပ်နိင်ငံရေး အကွက်တွေကိုနားမလည်လို့  ပေါက်ကရတွေသုံးသပ်နေကြတာပါ ဘော့စ်ရဲ့ ။
                  မြန်မာနိင်ငံရေးကျွမ်းကျင်သူ ဘတ်တေးလင်တနာတောင်မှာ ခင်ညွန့် ကို   Ring Star လို မှားယွင်းပြီ့း သုံးသပ်ထား ဘူးတာပဲ။

မာတလိစ်-  မြန်မာ စစ်တပ်ကို နောက်ကနေ ကြိုးကိုင်လို့ ရလေ့မရှိဘူး ဘော့စ်ရဲ့  ။
                ဘောင်းဘီချွတ်လိုက်တာနဲ့ သွားတာပဲ။ သူကြိုးကိုင်လို့ ရရင် ခန ပဲဘော့စ်။
               နေ၀င်းကိုလဲကြည့်ပါလား။

သကြား- အေးဟုတ်မယ်။ ဒါကြောင့်ဒီကောင်တွေ အိမ်သာတက်ချိန်ပဲ ဘောင်ဘီချွတ်လေ့ရှိတယ်ဆိုပဲကွ။

မာတလိစ်- ဒါတင်ဘယ်ကမလဲ ဘော့စ်ရယ်။  အိပ်ရာထဲမှာတောင် ဘောင်းဘီကိုမချွတ်ရဲကြလို့  သူတို့ မိန်းမတွေ တွေတော်တော်စိတ်ကုန်နေကြရတယ်ဆိုပဲ။


မာတလိစ်- နေ၀င်းခေတ်တုံးက ၁၉၇၄ ခုနစ် အခြေခံဥပဒေ အရ မဆလ ပါတီက အာဏာအရှိဆုံး။ 
မဆလပါတီမှာ ပါတီဥက္ကဌ ဖြစ်တဲ့ နေ၀င်းဟာ အခြေခံဥပဒေအရ အာဏာအရှိဆုံးဖြစ်နေတာပေါ့ဘော့စ်ရဲ့  ။  ဒီအချက်နဲ့ အစိုးရအဖွဲ့ ကို သူက ကြိုးကိုင်ထားနိင်တယ်။ ဒါကြောင့်သူဟာ ဘောင်းဘီချွတ်ပြီ လုံခြည်ဝတ်နဲ့   အာဏာကိုကိုင်ထားနိင်တာ။ နောက်တခုက သူရဲ့  အာဏာအသိုင်းအ၀ိုင်းကိုတည်ဆောက်ထားနိင်တယ်။

သကြား- နေ၀င်းတို့ များ ပိုင်သကွာ။

မာတလိစ်- အာဏာရှင်တွေဟာ သူတို့ အာဏာကို နောက်ကွယ်ကနေဖြစ်ဖြစ်၊ ရှေ့ ကနေဖြစ်ဖြစ်ကိုင်ထားနိင်ဖို့ အတွက် အခြေခံဥပဒေထဲမှာပုဒ်မတခုခုတော့ ထည့်ထားလေ့ရှိကြတယ်။
အင်ဒိုနီးရှာက ဆူဟာတို၊ မြန်မာ ပြည်ကနေ၀င်းတို့ ခေတ်ကအစ  အီဂျစ်က မူဘာရပ်အလယ်၊ လစ်ဗျားက ကာဒါဖီးအဆုံး သူတို့ ဟာ အာဏာကို ရယူထားရတဲ့ အကြောင်းပြချက်ကောင်းကောင်းတခုကိုအခြေခံဥပဒေထဲမှာ သေသေချာချာထည့်ထားလေ့ရှိကြသဗျ။

သကြား- ဒါဆို သန်းရွှေ ကရော။

မာတလိစ်-  ၂၀၀၈ နာဂစ် အခြေခံဥပဒေမှာ - အာဏာအရှိဆုံးက သမတဖြစ်နေတယ်။ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသူမှာ အာဏာရှိတယ်။ ဒါကိုပဲတွေ့ ရတယ်။ အုပ်သျောင်အဖွဲ့ ဆိုတာ တခုမှမပါဘူး။ နအဖ ဆိုတာမပါဘူး။ ခုဟာ နအဖကိုလည်ဖျက်လိုက်င်္ပြီဗျ။ ၈၈ တုံးက နေ၀င်းမဆလပါတီကထွက်လိုက်တဲ့အမှားမျိုးပေါ့ ဖရား။

သကြား-   အင်းဒါပေမဲ့  ပေါတာကြီးသန်းရွှေဟာညဏ်များသနော်။

မာတလိစ်- နေ၀င်းလည်းသူလိုပဲ ညဏ်များခဲ့တာပဲဖရာ့။ ဖဲသမားညဏ်ဆိုပြီး ၀ါရှင့်နိင်ငံရေးသမားကြီးတွေပြောလေ့ရှိခဲ့ပါတယ်ဖရာ့။   သူဟာ ဗိုလ်ချုပ်တွေထဲမှာ သူစိတ်အချရဆုံး သောက်သုံးမကျဆုံး ပေါတာကြီးကိုသေသေချာချာရွေးပြီး  နအဖ ဥက္ကဌ ခန့် ခဲ့တာလေ။

သကြား- အေးဟုတ်သားပဲကွ။ ငါမေ့နေလိုက်တာ။ ဒီတုံးက နတ်ပြည်ကအကဲခတ်တွေက သန်းရွှေဟာ နေ၀င်းလူနေ၀င်းသေဆိုသေရှင်ဆိုရှင် လို့ တောင်ပြောခဲ့တာပဲ။


မာတလိစ်-   ဒီကောင်တွေဟန်ဆောင်ကောင်တယ်ဖရာ့။  အာဏာလက်ထဲမရောက်သေးတဲ့အချိန်မှာ ခြေသုတ်ပုဆိုးမြွေဆွယ်ကြိုးလို့ နေပြီ။ အာဏာလက်ထဲရောက်လာတာနဲ့ သူတို့ ဟာ မဟောက်လို့ ပါးပျဉ်းထောင်လာတဲ့သူတွေ ဖရာ့။ ပေါတာကြီးဟာ နေ၀င်း ကြောက်ခြင်ယောင်ဆောင်ခဲ့တာသိပ်ပိယိတယ်။  ဘ၀တတသက်တာ အကောင်းဆုံးသရုပ်ဆောင်ဆုသူရသင့်တယ်။ သူလည်းအာဏာရရော နေ၀င်း လည်းမလုပ်နိင်မကိုင်ဖြစ်ရော၊ ပေါတာကြီးလက်ထဲမှာနေ၀င်းဟာ  မလကီယားသွားရတော့တာပဲမဟုတ်လား။

သကြား-  တယ်ကြောက်စရာကောင်းပါလား မာတလိစ်ရဲ့  ။

မာတလိစ်- မကြောက်နဲ့ ဖရား။ ဒါက မြန်မာ့ယျဉ်ကျေးမှုလိုတောင်ဖြစ်နေပြီဖရား။ စစ်တပ်မှမဟုတ်ဘူး။
                မြန်မာတွေတော်တော်ကိုကျွမ်းကျင်ကြတယ်။ အကဲခတ်ရသိပ်ခက်တယ်ဖရာ့။

မာတလိစ်- တင်ပါ့ ဖရား။ ဒါကြောင့် သန်းရွှေရဲ့ အနာဂတ်ဟာ သူခန့် တဲ့ 
                 စစ်ဗိုလ်ချုပ်တွေလက်ထဲမှာရှိနေပြီဖရာ့။

 သကြား- ကဲငါကို ပြောစမ်းကွာ။ သန်းရွှေရဲ့ အဓိက အားနည်ချက် က ဘာလဲ။

မာတလိစ်-  ကျွန်တော်မျိုးတော့ နစ်ချက်မြင်သယ်။ သူရဲ့ အာခိလိဖိနှောင့် (  Archlie Heel)
           တခုက သူအသက်။ နောက်တခုက သူမိသားစု။ သူဟအသက်ကြီးလာတာနဲ့ အမျှအနာဂတ်ဟာ 
              မသေချာဘူးဖြစ်လာနေတယ်။ သူမှာယုံကြည်ရတဲ့သူမရှိဖြစ်နေတယ်။ နောက်တခုက
               သူမိသားစုရဲ့  လာဘ်စားမှုက တပ်ထဲမှာမကျေနပ်ကြဘူး။ သူဟာ အာဏာလွန်ဆွဲပွဲမှာ ကျဆုံးခန်း ရောက်နေပါပြီ။ စောင့်ကြည့်ကြတာပေါ့ ဖရား။

သကြား- ဒါဆိုရင် သန်းရွှေသွားပြီပေါ့။

မာတလိစ်- ခေတ်ကုန်ပြီဖရာ့း။

သကြား- သံဝေဂရစရာပဲ။ ဒီကောင်ငရဲရောက်သွားတာကို ငါ ထိုင်ကြည့်ရဦးမယ်။

မာတလိစ်-  ကဲ- ဘာသောက်ဦးမလဲ ဘော့စ်။

သကြား-   '' Doubble  Gin and Tonic , Please '' (  ဂျင်နှစ်ဆနဲ့ တော့နစ်တဆ လေးလုပ်ကွာ) 

- ကျော်ဟိန်းရဲ့  ဒိုးရတော့မယ်ချစ်ရေသီချင်းနဲ့   ကားလိပ် ကိုဖြေးဖြေး  ချ -


(သကြားမင်းကြီး)

No comments :