နိင်ငံတော်သမတ ဖြစ်လာတဲ့ သိန်းစိန်။
ဒီနေ့ ကြားရတဲ့သတင်းကတော့ သန်းရွှေ အနားယူသွားပြီ။ သိန်းစိန်သမတ ဖြစ်လာပြီ။ ကာကွယ်ရေးဦးစီးချုပ်က မင်းအောင်လှိုင်ဖြစ်လာတယ်။ အခြေခံဥပဒေအရ သမတဟာအမြင့်ဆုံးအာဏာရှိတယ်ဆိုတဲ့အတွက်သိန်းစိန်ဟာ အာဏာပိုင်ဖြစ်လာပြီဖြစ်ပါတယ်။
ရန်ကုန်သံတမန်တဦး ကတော့ တကယ်ဖြစ်လာတဲ့ အေပြီဖူလ် ပဲလို့ ဆိုပါတယ်။ သမတသစ် သိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်က မင်းအောင်လှိုင် ၊ နေရာလက်မဲ့ ဖြစ်နေသူ က သန်းရွှေ ၊ ဒီသုံးယောက် အာဏာ
ချိန်ခွင်ညှာ ဖြစ်မှု ( Balancing Power) က အတိမ်းအစောင်းမခံနိင်တဲ့အနေထားဖြစ်လာတယ်။
သန်းရွှေက အုပ်သျောင် လို့ နေရာကိုဖန်တီးပြီး အာဏာကိုပြန်လည် ထိမ်းထားတယ်။ ဒါပေမဲ့ဒီနေရာက အခြေခံဥပဒေမှာ တရားဝင်ဖေါ် ပြထားတာမရှိဘူး။ ဒီတော့ နိင်ငံတကာ ဆက်ဆံရေးတွေမှာ သူအလိုလိုဘေးကိုရောက်သွားတဲ့သဘောဖြစ်နေတယ်။ နိင်ငံတကာ ကအဆင့်မြင့်သံတမန်တွေဟာ သံတမာန်လုပ်ထုံးအရ သန်းရွှေ ကိုတွေ့ ကျမှာမဟုတ်တော့ပါဘူး။ မြန်မာ လိုပြောရရင်တော့ ကုလားထိုင်
ပျောက်သွားပါပြီ။
သူဟာအရေးပါတဲ့နေရာမရှိတော့တဲ့သဘောဖြစ်လာတယ်။ စင်္ကပူက လီကွန်ယုတဖြေးဖြေးနဲ့ အာဏာ ကနေ မှေးမိန်သွားသလို ဖြစ်လာနိင်ပါတယ်။ သိန်းစိန်- မင်းအောင်လှိုင်-သန်းရွှေဝင်ရိုးတန်း သို့ မဟုတ်
အာဏာအခင်းအကျင်းသစ်( New Power Order) ဖြစ်လာရတာကတော့ သန်းရွှေ အကျပိုင်း ဖက်ကို တနေ့ တခြားဦးတည်နေတယ်ဆိုတာ ဖေါ်ပြနေပါတယ်။ သူဟာ ဦးနေ၀င်းလို ပဲ မကြာခင်ခေတ်ကုန်သွားပါလိမ့်မယ်။

2 comments :
သန်းရွှေ မကျပါဘူးခင်ဗျား...ဒီလောက်မှမလည်ရင်လဲဒီနေရာကိုမရောက်ပါဘူးခင်ဗျား...ကြည့်လဲလုပ်ပါကိုမိုးသီး..
လွဲပေါင်းလဲများလှပြီလေ..
WAIT & SEE.
Post a Comment