Sunday, 6 March 2011

ဓါတ်ဆီ ဈေး တက်လာမှုမှာ နိင်ငံရေး မတည်ငြိမ်မှုများ ဆီ သို့ ဦး တည်နေ


ဓါတ်ဆီ ဈေး တက်လာမှုမှာ နိင်ငံရေး မတည်ငြိမ်မှုများ ဆီ သို့ ဦး တည်နေ  

ဓါတ်ဆီဈေးတွေတက်လာပြီ။ အမေရိကန်ပြည်ထောင်စုမှာ တဂါလံဟာ ၃ဒေါ်လာ ၁၅ ဆင့်ကနေ တချို့ ပြည်နယ်တွေမှာ ၃ ဒေါ်လာ ၇၈ဆင့်အထိရှိပါတယ်။ အင်္ဂလန်နိင်ငံမှာ တဂါလံဟာ ပေါင် ၆ နဲ့  ၂၀ ရှီလင် ရှိနေပါတယ်။  အာရပ်နဲ့ အဖရိက ၁၅  နိင်ငံလောက်မှာ လူထုလှုပ်ရှားမှုတွေကြောင့်  နိင်ငံရေး မငြိမ်သက်မှုများက ဓါတ်ဆီဈေးတွေကိုထိုးတက်လာစေတာဖြစ်တယ်။ ဒီနိင်ငံတွေကရေနံအဓိကထွက်တဲ့နိင်ငံတွေဖြစ်ပြီ ကမ္ဘာရေနံဈေးကွက်ကိုအများဆုံးတင်ပို နေတဲ့နိင်ငံတွေဖြစ်တယ်။ တကယ်လို့  နိင်ငံရေမတည်ငြိမ်မှုတွေက နောက်လလောက်အထိ မပြီးဘူးဆိုရင် 
အမေရိကန်မှာရေနံ တဂါလံကို ၅ ဒေါ်လာအထိတက်လာနိင်တယ် လို့ ခန့် မှန်းနေတယ်။ ဒီလိုတက်လာရင် 
ကုန်ဈေးနှုန်းတွေပါဆက်တက်လာပြီ လက်ရှိ အဆင်ပြေစပြုနေတဲ့ စီးပွားရေးအကြပ်ရိုက်မှုကို  ပြန်ဆိုးဝါးသွားစေနိင်တယ်။  အရှေ့ အလယ်ပိုင်း က တင်ပို့ နေတဲ့ရေနံ နှောင့်နှေးမှုက ကမ္ဘာ နိင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို ရိုက်ခတ်လာစေနိင်ပါတယ်။

No comments :