Monday, 14 March 2011

ဂျပန်အရေးပေါ် နိုးဆော်ချက်

မတ်လ ၁၄ ရက် ည ၁၁ နာရီမှာ ဖူကူရှီးမားဓာတ်အားထုတ်စက်ရုံ အမှတ် ၁ က နံပတ် ၂ ညူကလီယားဓာတ်ပေါင်းဖို အတွင်းက အပူငွေ့တွေကိုထုတ်တဲ့ ပိုက်လိုင်းပိတ်သွားတဲ့အဖြစ်ကြုံရတဲ့ အတွက် ဓာတ်ပေါင်းဖိုတွင်းမှာ အပူရှိန်မြင့်တက်လာပါတယ်။
ပင်လယ်ရေအေးတွေသွင်းတာ မ၀င်တော့တဲ့အတွက် ဓာတ်ပေါင်းဖိုတွင်းရှိတဲ့ရေပမာဏ ကျဆင်းလာပြီး ညူကလီယားလောင်စာတောင့်များရဲ့အောက်ဆုံးအခြေအထိ ရေပမာဏ ကျဆင်းလာနိုင်ပြီး အပူချိန်လွန် ကာ ပေါက်ကွဲတာ ဒါမှမဟုတ် ရေဒီယိုသတ္တိကြွတဲ့ဓာတ်တွေ စိမ့်ထွက်လာနိုင်တယ်လို့ TEPCO က ပြောတဲ့အကြောင်း အဲန်အိပ်ခ်ျကေ သတင်းထဲမှာကြေညာသွားပါတယ်။
ဓာတ်ပေါင်းဖို နံပတ် ၁ နဲ့ နံပတ် ၃ တို့ဟာ ပျက်စီးသွားခဲ့ပြီဖြစ်တဲ့အတွက် အခု နံပတ် ၂ ပေါက်ကွဲခဲ့လို့ ရှိရင် ၃ ခုမြောက် ပေါက်ကွဲမှုဖြစ်လာပါလိမ့်မယ်။
ကျော်ကျော်စိုး
၁၁း၃၇ နာရီ
မတ်လ ၁၄ ရက်။ ၂၀၁၁ ခုနှစ်

No comments :