Thursday, 17 March 2011

ဂျပန်သတင်း အထူးကြေညာချက် ( ကိုကျော်ကျော်စိုး)

ဖူကူရှီးမားတွင်ဖြစ်ပွားသော ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်ပျံ့နှံ့မှုဟာ အဲဒီဒေသတင်မက ဂျပန်ရဲ့ တခြား ဒေသတွေကို ခြိမ်းခြောက်ရာရောက်တယ်လို့ အမေရိကန်အစိုးရက ယူဆတဲ့အတွက် အမေရိကန်နိုင်ငံသား တွေနဲ့ သူတို့ရဲ့ဇနီးခင်ပွန်းသားသမီးတွေကို ဂျပန်ကနေ ထွက်ခွာဖို့အကြံပေးတယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရဟာ သူ့ရဲ့နိုင်ငံသားတွေကို ကယ်ထုတ်ပြီး ဘေးလွတ်ရာကို ပို့ဆောင်ဖို့အတွက် စင်းလုံးငှားလေယာဉ်တွေကို မတ်လ ၁၇ ရက် ညနေ ၆ နာရီကနေစပြီး နာရီတာလေဆိပ်အသင့်ပြင်ထား တယ်လို့ သိရပါတယ်။ အဲဒါဟာလည်း အကန့်အသတ်နဲ့လို့ဆိုပါတယ်။ ဘေးကင်းရာနေရာတွေထဲမှာ ထိုင်ဝမ်။ တောင်ကိုရီးယား။ ဟောင်ကောင်နဲ့ အမေရိကန်ပြည်ထောင်စု တို့ ပါဝင်တယ်လို့ သိရပါတယ်။
ဒီသတင်းဟာ အမေရိကန်နိုင်ငံသားတဦးနဲ့ အိမ်ထောင်ပြုထားသူမြန်မာနိုင်ငံသားတဦးက မတ်လ ၁၇ ရက် ည ၉ နာရီကျော်က ကျနော့်ထံပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ကျော်ကျော်စိုး
၂း၅၀ နာရီ
မတ်လ ၁၈ ရက်

2 comments :

Anonymous said...

Witnesses told that people (u.s citizens) are arriving back from Japan to U.S NYC at JFK airport and some being interviewed by the media.

Anonymous said...

အမေရိကန်နိုင်ငံသားတဦးနဲ့ အိမ်ထောင်ပြုထားသူမြန်မာနိုင်ငံသားတဦး


thus, they both gay?