(Alassane Ouattara)
အိုင်ဗီကို နိင်ငံက ရွေးကောက်ပွဲမှာ အဲလ်ဆန်၊၀ါ တာရာ (Alassane Ouattara) နိင်ခဲ့တယ်။ ဒါပေမဲ့ အာဏာရှင် လောရင့်ဘာဘိုက အာဏာမလွဲပေးပဲ ညစ်ပတ်ခဲ့တယ်။ ဒါကြောင့်သူက လူထုတိုက်ပွဲတွေဖေါ်ထုတ်တယ်။ လက်နက်ကို ပြန်တိုက်ဖို့ စီစဉ်တယ်။ နိင်ငံတကာကိုလက်နက်ကိုင်တိုက်ဖို့ အကူညီတောင်းတယ်။ လောရင့်ဘာဘို အရေးယူဖို့ ကုလမသဂမှာတင်ပြခဲ့တယ်။ နောက်ဆုံးမှာ ကုလသမဂကလည် စစ်ရေးအရအရေးယူဆောင်ရွက်လာရတယ်။ သူရဲ့ လှုပ်ရှားမှုမှာသခန်းစာယူစရာတွေရှိတယ်။
၁- လူထုတိုက်ပွဲကိုသူခေါ်ရဲတယ်။
၂- အကြမ်းမဖက်တဲ့နည်းလမ်းတခုထည်း သူမသုံးဘူး။
၃- အာဏာရှင်တွေကို စစ်ရေးအရအရေးယူဖို့ ကုလသမဂကို တောင်းဆိုခဲ့တယ်။
မြေအောက်ခန်းမှာပုံးနေရတဲ့ (Lauent Gbagbo )
လောရင့်ဘာဘို ( Laurent Gbagbo) အိုင်ဗီကိုသမတနိင်ငံက အာဏာရှင်။ အခုသူရဲ့ နောက်ဆုံးအချိန်က မဝေးတော့ဘူး။ သူဟာသမတအိမ် မြေအောက်ခန်းမှာပုံးနေရပြီ။ အဲလ်ဆန်ဝါတာတပ်တွေကသူအိမ်ကို ဒီည မှာဝိုင်းထားပြီ လို့ အေအက်ဖ်ပီသတင်းအရသိရပါတယ်။ သူရဲ့ မတရားမှု ၊မိုက်မဲမှုတွေအတွက် နိဂုံချုပ်ချိန်ဟာ မဝေးတော့ဘူး။
လစ်ဗျားက ကဒါဖီလည်း သမတ အိုဘားမား ထံမှာအသနားခံတင်နေရပြီ။
မြန်မာ ပြည်က သိန်း-သန်း ဂိုဏ်း ရဲ့  ကျဆုံးချိန်လည်းမဝေးတော့ဘူး။
အမှန်တရားက အောင်ပွဲခံလာနေပြီ။အမိုက်တရား တွေကျဆုံးနေပြီ။
သင်ဟာ အမှန်တရားဖက်မှာရှိပါစေ။သင်ဟာ စစ်အုပ်စု အပေါ်သစ္စာခံနေတာဟာလူထုအပေါ်သစ္စာဖေါက်နေတာဖြစ်တာကိုသတိရပါ။ ကျနော်တို့ မှာ မှတ်တမ်းတွေရှိနေတယ်ဆိုတာ သတိပြုပါ။ လူထုမှာမျက်လုံးတွေရှိတယ်ဆိုတာ မမေ့ပါနဲ့ ။ အာဏာရှင်တွေကျဆုံးတဲ့အခါမှာ သူတို့ နောက်လိုက်သစ္စာခံတွေကို ကာကွယ်မှုမပေးနိင်ကြပါဘူး။
သူတို့ တခြားနိင်ငံကိုထွက်ပြေးကြတဲ့အခါမှာသူတို့ နောက်လို က်တွေကိုခေါ်သွားလေ့မရှိကြပါဘူး။
အခုမြန်မာ တပ်မတော်က အောက်ခြေ တပ်မတော်သားတွေဟာ သိန်း-သန်း ဂိုဏ်း အပေါ်မှာ စိတ်ကုန်နေပါပြီ။
သူတို့  ( သိန်း-သန်း ) ဂိုဏ်းဟာ ဟာမုချ ကျဆုံးတော့မဲ့သူတွေဖြစ်ပါတယ်။သင်သူတို့ နဲ့ အဝေးမှာနေပါ။
1 comment :
this guy really look like a big monkey
Post a Comment