mole (နာမ်)။ ၁။ ပွေးသတ္တဝါ။
၂။ တဖက်ရန်သူအတွင်း အယုံသွင်းမြှုပ်နှံထားသော သူလျှို။
(ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန် မှ)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင်ကက်စထရို အုပ်စိုးတဲ့ ကျူးဘားနိုင်ငံက မိုင် ၉၀ အကွာပင်လယ် ခြားလျက်ရှိတဲ့နယ်မြေဖြစ်ပါတယ်။ ကျူးဘားနိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တာကြောင့် ကျူးဘား ပြည်ထဲနေမရတဲ့ အတိုက်အခံတွေ ဒီမိုကရေစီသမားတွေ ဒုက္ခသည်တွေအတွက် ဖလော်ရီဒါပြည်နယ်မြို့တော် မိုင်ယာမီဟာ အချက်အခြာလွတ်မြောက်ဒေသဖြစ်နေရံ
ဒါကြောင့် ကျူးဘားအစိုးရ ထောက်လှမ်းရေးဟာ မိုင်ယာမီမှာရှိတဲ့ အဝေးရောက်အဖွဲ့အစည်းပေါင်းစုံထဲ
ကျူးဘားနိုင်ငံကို လေယာဉ်နဲ့ စာသွားကြဲ၊ လူခေါ်ထုတ်တာတွေလုပ်တဲ့ ထိပ်သီးအတိုက်အခံအဖွဲ့ရဲ့ အမှုဆောင် ကျူးဘားလေတပ်လေသူရဲဟောင်း ဟွမ်ပါဘလိုရော့က် ဟာ မထင်မှတ်တဲ့တနေ့မှာ ကျူးဘားရုပ်မြင်သံကြားမှာ ပေါ် လာပြီး သူ့အဖွဲ့ကို စီအိုင်အေသြဇာခံအဖွဲ့လို့ ရှုတ်ချတာတွေ လုပ်လာမှ ဒီလူဟာ ကက်စထရိုမြှုပ်ထားတဲ့ မြေအောင်း ပွေးမှန်း အားလုံးသိသွားကြပါတော့တယ်။ သူသတင်းပေးလို့ အတိုက်အခံလေယာဉ် ၂ စင်းကို ကက်စထရို လေတပ် က ပစ်ချနိုင်ခဲ့ပါတယ်။
ရာနဲ့ချီတဲ့ ကျူးဘားသူလျှိုတွေ ပွေးတွေဟာ အခုထိ အမေရိကန်နိုင်ငံမှာ နေထိုင် အလုပ်လုပ်နေကြတယ်လို့ ၁၉၈၇ ခုမှာ ဘက်ပြောင်းလာတဲ့ ကျူးဘားထောက်လှမ်းရေး ဗိုလ်မှူးဖလော်ရင်တီနိုအက်စ်ပီ
ကျူးဘားပွေးတွေဟာ အတိုက်အခံခေါင်းဆောင်တွေ၊ ဒုတိယတန်းခေါင်းဆောင်တွေ၊ သံတမန်တွေ၊ တက္ကဆီကား မောင်းသမားတွေ၊ လက်နက်အရောင်းအဝယ်သမားတွေ၊ မူးယစ်ဆေးကုန်ကူးသမားတွေ၊ မီဒီယာသမားတွေအဖြစ် အသွင်ယူလှုပ်ရှားနေကြပါတယ်။ မိုင်ယာမီမြို့ရဲ့ ကျူးဘားရပ်ကွက်က အရက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လှုပ်ရှားနေကြပါတယ်။ ကျူးဘားထောက်လှမ်းရေးတွေ မြေအောင်းပွေးတွေကို အဓိကကွပ်ကဲကြီးကြပ်နေတာက တော့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ကျူးဘားသံရုံးဖြစ်ပါတယ်။
ဟွမ်ပါဘလိုရော့က်ကို အမေရိကန် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့က လစာ ဒေါ်လာ ၆ ထောင်ကျော်ပေးပြီး ကျူးဘားနဲ့ပတ်သက်တဲ့သတင်းတွေ ထောက်လှမ်းပေးပို့ခိုင်းထားတာ ဖြစ်ပါတယ်။ ဒီအနေအထားကိုအသုံးချပြီး ကျူးဘားထောက်လှမ်းရေးဟာ ရော့က်ကတဆင့် အက်ဖ်ဘီအိုင်ကို ကိုင်တွယ်ကစားခဲ့ပါတယ်။ လိုရင်လိုသလို သတင်းမှားတွေ သတင်းလွဲတွေ ခွံ့ပေးပြီး အက်ဖ်ဘီအိုင်အဖွဲ့ကြီးကိုလဲ တန်ပြန်ထောက်လှမ်း၊ ကျူးဘားအတိုက်အခံ အဖွဲ့တွေကိုလဲ ဂျောက်ကျအောင်လုပ်နိုင်ခဲ့ပါတယ်
ဟိုဆေးရာဖယ်လ်ဖာနန်ဒက်ဇ်ဘရင်း
အကြမ်းဖက်တိုက်ခိုက်မှုတွေအလုပ်
xxx
အဇ္ဇရေးထောက်လှမ်းရေး အီလီကိုဟင်ဟာ ဆီးရီးယားအစိုးရထဲ စိမ့်ဝင်ထိုးဖောက်ခဲ့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးအရာရှိချုပ်ဖြစ်လာပြီး ကာကွယ်ရေးဝန်ကြီးရာထူး ရလုနီးပါးဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ဆီးရီးယားနိုင်ငံရဲ့ ဂိုလန်ကုန်းမြင့် ခံစစ်ပြင်ဆင်မှုအသေးစိတ်၊ ဆီးရီးယားတပ်မတော် စစ်အင်္ဂါစဉ်၊ လက်နက်အင်္ဂါစဉ်တွေကို အဇ္ဇရေးက အပြည့်အစုံရသွားခဲ့ပါတယ်။ ဒါတင်မက ဆီးရီးယားတပ်စခန်းတိုင်းမှာ 'စစ်သားတွေအရိပ်ရအောင်' ဆိုပြီး ယူကလစ် ပင်တွေစိုက်ခိုင်းခဲ့တဲ့အတွက် TRP (ပစ်မှတ်ညွှန်မှတ်) ဖြစ်သွားပြီး အဇ္ဇရေးလက်နက်ကြီးတွေ ချိန်ရလွယ်သွားစေပါ တယ်။ ၁၉၆၅ ခုမှာ အယောင်ဆောင်မှုပေါ်သွားလို့ ကွပ်မျက်ခံခဲ့ရပေမဲ့ သူပေးခဲ့တဲ့ အချက်အလက်တွေကြောင့် ၁၉၆၇ အာရပ်-အဇ္ဇရေးစစ်ပွဲမှာ ရက်ပိုင်းအတွင်း ဂိုလန်ကုန်းမြင့်ကို အဇ္ဇရေးတပ်တွေ သိမ်းနိုင်ခဲ့ပါတယ်။
အဇ္ဇရေးနိုင်ငံက နောက်ထပ်နာမယ်ကျော်မြေအောင်းပွေ
၁၉၇၅ ခုမှာ ခမာနီသူပုန်တွေ ကမ္ဘောဒီးယားတနိုင်ငံလုံးကို သိမ်းလိုက်တဲ့အခါ ပြုတ်ကျသွားတဲ့ အမေရိကန်သြဇာခံ ဗိုလ်ချုပ်ကြီးလွန်နိုးအစိုးရထဲ
ရန်ဖက်အဖွဲ့အစည်းတွေထဲကို ကိုယ့်ထောက်လှမ်းရေးအဖွဲ့ဝင်တွေ
ဆိုဗီယက်ရုရှားနိုင်ငံရဲ့ ကေဂျီဘီ ထောက်လှမ်းရေးအဖွဲ့ဟာ ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ဝင် ကင်မ်ဖှီလ်ဘီ နဲ့ ဂိုင်း ဘားဂျက်စ် တို့ကို ရုရှားအတွက် မြေအောင်းပွေးအဖြစ် ကိမ်းဘရစ်တက္ကသိုလ်ကျောင်းသား
xxx
ဗမာပြည်က နအဖစစ်အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာရော အပစ်ရပ်အဖွဲ့တွေထဲမှာပါ မြေအောင်းပွေးတွေ မွေးဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၉၁ ခုက ကချင်ပြည်နယ်မှာရှိတဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အတွင်း ဖြုတ်ထုတ်သတ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တာဟာ ဂန္ဓဝင်မြောက်တဲ့ မြေအောင်းပွေးစီမံချက်ဖြစ်ပါတယ်
ကိုးကန့်ငြိမ်းအဖွဲ့ထဲမှာ ပယ်စောက်ချဉ်ကို ရခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ပြဿနာတက်တဲ့အခါ အဖွဲ့တွင်းအာဏာသိမ်းပွဲလုပ်ခို
နအဖဟာ ငြိမ်းအဖွဲ့တွေတင်မကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗိုလ်မှူးအောင်လင်းထွဋ် မဖော်ထုတ်ပြသေးပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံ တွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ်ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီး သမားစိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟုပိဋကအိုးကွဲအဖွဲ့တို့ဟာလဲ မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။ ရန်ကုန်က အီးဂရက်ပိဋကအိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။
xxx
အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာမြေအောင်းပွေးသတင်းကတော့ ပြည်ပရောက်အတိုက်အခံ တွေထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေး မှူး ဦးမောင်မောင်သတင်းဖြစ်ပါတယ်။ အရင်ကတည်းက သူနဲ့ဆက်တဲ့ယူဂျီတွေ ထောင်ထဲရောက်သွားတာ၊ မဲဆောက်မှာ အက်ဖ်တီယူဘီညီလာခံလာတက်တဲ့ ပြည်တွင်းကကိုယ်စားလှယ်ဆိုသူတွေ ထောင်မကျဘဲ နအဖက ပြန်လွှတ်ပေးလိုက်တာတွေ ကြားခဲ့ဖူးပါတယ်။
ပြည်တွင်းမှာ ဦးတင်ဦး-ဦးဝင်းတင်တို့က ရွေးကောက်ပွဲသပိတ်မှောက်ရေး အားကြိုးမာန်တက် လုံးပမ်းနေချိန်၊ ပြီးခဲ့တဲ့ အောက်တိုဘာ-နိုဝင်ဘာမှာ တော်လှန်တဲ့လွှတ်တော် ဆိုတာကို ဦးမောင်မောင်ခေါင်းဆောင်ပြီး နယ်စပ်မှာ ဖွဲ့စည်း ခဲ့တာဟာ ပြည်တွင်းတိုက်ပွဲကို အာရုံလွှဲ လမ်းလွှဲဖို့လုပ်တာလို့ အများထင်စရာဖြစ်ခဲ့သလို ဦးတင်ဦး-ဦးဝင်းတင်တို့ဆီ က သဘောတူထောက်ခံကြောင်း အသံဖိုင်ပို့အကြောင်းကြားတယ်လို
အခုတော့ နအဖနဲ့ ဆက်သွယ်ဝင်ထွက်တဲ့အထောက်အထား ခိုင်ခိုင်မာမာပေါ်လာခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာအဓိကအကျ ဆုံး ဗမာအတိုက်အခံခေါင်းဆောင်ကြီး ဗမာပြည်ခိုးသွားတာကို ထိုင်းထောက်လှမ်းရေးကလဲ မသိဘဲမနေပါဘူး။ ထိုင်း ထောက်လှမ်းရေး မသိလိုက်ဘူးဆိုရင်တော့ တော်တော်ညံ့တဲ့ထောက်လှမ်းရေးလို
မဲဆောက်က အဝေးရောက်အတိုက်အခံအဖွဲ့ အတော်များများရဲ့ ရုံးခန်းတွေဖောက်ထွင်းခံရပြီး ကွန်ပျူတာဟာ့ဒ်ဒစ် တွေ လက်ပ်တော့ကွန်ပျူတာတွေ မကြာခဏခိုးခံရတာတွေဟာလဲ အတွင်းလူမြေအောင်းပွေးတွေအကူအညီ မပါဘဲ မဖြစ်နိုင်ပါဘူး။ မြေအောင်းပွေးတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကွန်ယက်ဖွဲ့စည်းရေး မပြောခင်ကတည်းက ထိုင်း နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှာ ဒီမိုကရေစီဆန့်ကျင်ရေး စစ်အာဏာရှင်ထောက်ခံရေး ပွေး ကွန်ယက် ဖွဲ့စည်းထားပြီး ဖြစ်ပုံရပါတယ်။
xxx
ထိပ်သီးပြည်ပရောက်အတိုက်အခံအဖွဲ
ဗမာပြည်တွင်းဥပဒေအရ ကြည့်ရင်တော့ အစိုးရအဆက်ဆက်ဟာ ဒီလို မြေအောင်းပွေးအမှု သို့မဟုတ် သူလျှိုမှု အတွက် ရာဇသတ်ကြီးဥပဒေ နိုင်ငံတော်သစ္စာဖောက်မှု ပုဒ်မ ၁၂၁၊ ၁၂၂ နဲ့ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၅၉ ခု တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ အရ သေဒဏ်၊ ၁၉၅၀ ခု အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၂ နဲ့ ၃ အရ သေဒဏ် သို့မဟုတ် တသက်တကျွန်း၊ ၁၉၂၃ ခု နိုင်ငံတော်လျှို့ဝှက်ချက်အက်
ဒါ့အပြင် သက်သေ အထောက်အထားတွေကို ဝိုင်းဝန်းပြင်ဆင်တာ ဖျောက်ဖျက်တာတွေကလဲ ရာဇသတ်ကြီးဥပဒေ မမှန်မကန်သက်သေခံမှုပုဒ်မ ၁၉၁၊ ၁၉၂၊ ၁၉၃၊ ၂၀၁ တို့နဲ့ငြိစွန်းနေပြီး ရာဇဝတ်မကင်းသောပူးပေါင်းကြံစည်
ဘယ်လိုဘဲဖြစ်ဖြစ် စစ်မှန်တဲ့တော်လှန်ရေးအဖွဲ့အစည်
ဂါမဏိ
4 comments :
Very astounding information, thank you.
ကျနော်က မိုးသီးဇွန်ကို တိုက်ရိုက်ပြောလို့ ရပါတယ်။
လူအများ သိအောင်ဘလော့ကပြောမယ်။
ခင်ညွှန်( ကိုအောင်လင်းထွဋ် ခင်ဗျား ဆွဲရမ်းတယ်မထင်စေလိုပါ)နောက် စရဖ တွေရဲ့ ဆက်သွယ်မှု သူ့ လူ ကိုယ့်လူခွဲမှု လျွှိုဝှက်စကားကို
ကျနော် ဖော်ပေးပြီးပြီ။
၁၉၉၃ လောက်က မိုးသီးဇွန်ရဲ့  ထိပ်ပိုင်း၃ယောက်လောက်က အခုအချိန်ထိ
ချမ်းသာ ပျော်လို့ မော်လို့ ။
ကဲဘယ်သူ ဘာလုပ်မလဲ။
၂ဘက်အကျိုးရှိရင် ပြေလည်နေကြတာပါ။
ဇော်နိုင်
This is a very successful execution of Burmese Military Intelligence if it is really true. I don't blame U Maung Maung. As long as he gets pay, he will stab in the back likes other Burmese activists (both inside and outside of Burma) do. Anyway, this is a very strong accusation. I hope he will defense himself soon or run away already to Burma. Actually, the intelligence of corrupt Burmese activists are lower than animal. Burmese Military Intelligence knows how to feed animal. Don't they? Suppose he did cross the line, how do you prosecute him with which laws, that doesn't exist?
သြော် ဒါကြောင့် ဒီမိုကရေစီနဲ့ အလှမ်းဝေးနေတာ ဒင်တို့က ဒီလိုဖြစ်နေတာကို ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဒင်တို့ ကောင်းစားဖို့အတွက် လုပ်ပေးနေသလိုဖြစ်နေပြီး အနှစ် ၂၀ ကျော်မှာ ဒီမိုကရေစီ ဘန်ပြပြီး ချမ်းသားတဲ့လူတွေကလဲ ရှိသေးတယ် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွာတဲ့ ရဲဘော်တွေ ၀ိညည်တွေ သိရင် ကြေးကွဲမှာပဲနော် တော်လှန်နေတာတော့ တော်လှန်နေတာပဲ မိန်းမ ထမီးကိုတော့ လှန်နေတာတော့ မဟုတ်ဘူနော် ကြားရတာ နားရှက်လိုက်တာ။။။။။။။။
Post a Comment