ဗိုလ်ချုပ် တစ်ဦး ဦးဆောင်မှုဖြင့် မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက် ဖွဲ့ စည်း
April 18, 2011
မြန်မာ့ တပ်မတော် မှ ဗိုလ်ချုပ် အဆင့် ရှိ အရာ ရှိ တစ်ဦးဦးဆောင်မှု ဖြင့် မျိုးချစ် မြန်မာ့ တပ်မတော်ကွန်ယက် ကိုမြန်မာ နှစ်ဆန်း တစ်ရက်နေ့ က ရန်ကုန် နှင့် ဧရာဝတီ တိုင်း
ကြား ရှိ မြစ်ရေပြင် တစ်ခု က စက်လှေ တစ်စီး ပေါ်မှာ ဖွဲ့  စည်း ခဲ့သည် ဟု FNG မှ သတင်း ရရှိသည်။
လက်ရှိ တာဝန်ထမ်းဆောင် ဆဲ စစ်ဗိုလ်ချုပ် တစ်ဦး ဦးဆောင်မှုဖြင့် ဗိုလ်မှုးကြီး တစ်ဦး ကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့ စည်းခဲ့သည့်မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက်တွင် မှော်ဘီလေတပ် စခန်း၊
မိတ္ထီလာလေတပ် စခန်း ၊လေကြောင်း ရန် ကာကွယ် ရေး တပ်မှအရာရှိများ၊ ဟိုင်းကြီး ကျွန်းရေတပ် ၊ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မှ အရာရှိများ၊ ပင်မစစ်လက် နက် ခဲယမ်း တပ် ၊ အင်းတကော်၊ ရဲမွန် နှင့် အင်းတိုင် မှတပ်များ အား လုံး ပါဝင် သည် ဟု မှော်ဘီ လေတပ် စခန်း မှအရာ ရှိတစ်ဦး က FNG သို့ ပြောသည်။

မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက် ဟာ လက်ရှိ တပ်တွင်း မှာ ပေါ်ပေါက် နေ တဲ့ ပြဿနာ တွေ ကိုအဓိက ဖြေရှင်း ဖို့  ဖြစ် ပြီး အနာဂတ် မှာ တော့ ပြည်သူ ကို အကာအကွယ်ပေး ရန် အတွက် ရည်ရွယ်ဖွဲ့ စည်းခြင်း ဖြစ်သည်။
ယခုသတင်း နဲ့  တစ်ဆက် စပ်တည်း ကြားရသည့် အခြား သတင်း တွင် ဧပြီလ ၁ ရက် နေ့ က စတင်တာဝန်ထမ်း ဆောင် ခဲ့ သည့် ကာကွယ် ရေး ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည်လည်း ၎င်း အား အခြား ပြိုင် ဘက် များ က လုပ်ကြံမည် ဟု သတင်း ရရှိသောကြောင့် လုံခြုံရေး ထူထပ် စွာဖြင့် သွား လာနေရ ကြောင်း နေပြည် တော်မှ အမည် မဖော်လို သည့် အရာ ရှိ တစ်ဦး ကပြောသည်။
11 comments :
ငွေအင်အားဖြစ်ဖြစ် အကူအညီပေးချင်ပါတယ် ဘယ်လိုကူ ညီပေးရမလဲသာပြောပါ
hahhahahahahahaha....fake news again...
လုပ်ပြန်ပြီ နောက်တမျိုး။
လုပ်ပြန်ပြီ နောက်တမျိုး။
တကယ်ကူညီချင်ပါတယ်။ တကယ်လုပ်ကြမယ်ဆိုရင်ပေါ့။ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ကူညီချင်ပါတယ်။
Very good joke ? :)
လက်နက်အင်အား ကူညီပေးချင်ပါတယ်။ ဘယ်လိုကူညီပေးရမလဲဆိုတာ ပြောပါ။
This is just rubbish.
တစ်ခုမေးချင်ပါတယ်
ဒီလို သတင်းတွေ အွန်လိုင်းမှာ တင်စရာသတင်းလို့ ထင်သလား။ စောက်ရူးတွေ
အ၇ူးကလဲကြားလိုက်၇ပြန်ပြီ...
ခနနေပျောက်တော့မယ့်သတင်း..
ရုရှားကစောက်ရူးတွေကလည်း ပြည်သူတွေကိုကာကွယ်ဖို့ အဖွဲ့  ဖွဲ့ တာကိုမကြိုက်ကြဘူး ပြည်သူတွေကိုသတ်ဖို့  အဖွဲ့  ဖွဲ့ မယ်ဆိုရင်တော့  ထောက်ခံကြလိမ့် မယ် စိတ်ကောင်း လည်း ထားကြပါဦးကွာ မင်းတို့ ကောင်တွေကလည်း
Post a Comment