Osama bin Laden is dead, Obama says
-WFWW-
အမေရိကန်သမ္မတ အိုဘားမား က ဘာသာရေး အစွန်းရောက် အယ်လ်ကိုင်ဒါးအဖွဲ့ရဲ့ အကြမ်းဖက် ခေါင်းဆောင် အိုဆာမာ ဘင်လာဒန် ကို ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ်မာဘတ်မြို့ မှာ ပုန်းအောင်းနေစဉ် အမေရိကန် ရေတပ် အထူးတပ်ဖွဲ့ က အသေဖမ်းဆီးခဲ့ပြီး၊ အလောင်း ကို သယ်ဆောင်လာနိုင်ခဲ့ကြတယ်လို့ တနင်္ဂနွေနေ့ ညနေ အိမ်ဖြူတော်ကနေ တရားဝင်ကြေညာလိုက်ပါပြီ။
အယ်လ်ကိုင်ဒါး အကြမ်းဖက်ခေါင်းဆောင် အိုဆာမာ ဘင်လာဒန် ကို ဖမ်းဆီးနိုင်ဖို့ ၁၀နှစ်ကျော်ကြာခဲ့ပြီး၊ အခုလို အသေဖမ်းဆီးနိုင်ခဲ့လို့ အမေရိကန်သမ္မတ က အမေရိကန် ထောက်လှမ်းရေး အဖွဲ့ ကို ချီးကျူးခဲ့ပါတယ်။ ဒီ အထူးစစ်ဆင်ရေး မှာ အမေရိကန် တပ်ဖွဲ့ ဘက်မှ ထိခိုက်မှု တွေ မရှိခဲ့ကြောင်း၊ အိုဆာမာ ဘင်လာဒန် ရဲ့ ဆွေမျိုးတွေကိုလည်း အသေဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားပါတယ်။ ဒီ အထူးစစ်ဆင်ရေးကို ပါကစ္စတန်အစိုးရ နှင့် အမေရိကန် အစိုးရ တို့ ပူးတွဲဆောင်ရွက်ခဲ့ကြောင်း သမ္မတ အိုဘားမား က အတည်ပြု ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် အမျိုးသား သုံးယောက်နှင့် အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။ အထူးစစ်ဆင်ရေးမှာပါဝင်တဲ့ ရဟတ်ယာဉ်တစင်း စက်ချို့ယွင်းမှုရှိခဲ့လို့ နောက်ဆုံးမှာ လုံခြုံရေး နှင့် သတင်းပေါက်ကြားမှု မရှိစေရန် ဖျက်စီးခဲ့ရကြောင်းလည်း သိရှိရပါသည်။
အယ်လ်ကိုင်ဒါး အကြမ်းဖက်အဖွဲ့နှင့် အိုဆာမာ ဘင်လာဒန် ကိုထောက်ခံသူတွေက လက်တုန့်ပြန်လာနိုင်တာကြောင့် အမေရိကန်နိုင်ငံခြားရေးဌာန က ပြည်ပမှာနေထိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားများနှင့် အဖွဲ့အစည်းများကို လုံခြုံရေး အတွက် အထူးသိရှိကြဖို့နှင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
နယူးယောက် မြို့ ဝေါ်ထရိတ်စင်တာ အဆောက်အဦးနှစ်ခု နှင့် ပင်တဂွန် စစ်ဌာနချုပ် အား လေယာဉ်ပြန်ပေးဆွဲ၊ အသေခံ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများကို အိုဆာမာ ဘင်လာဒန် က စီစဉ်ခဲ့ပြီး၊ ယင်းအကြမ်းဖက်မှု ကြောင့် လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရတယ်။
ဘင်လာဒင်ရဲ့  အလောင်းကို ပင်လယ်ပြင်မှာ မြုပ်နှံခဲ့တယ်လို့  သတင်းမှာ ဖေါ်ပြထားပါတယ်။
၂၀၀၈ ခုနစ် နာဂစ်မုန်တိုင်း မြစ်ဝကျွန်းပေါ်ကိုတိုက်ခတ်ခဲ့စဉ်က မြန်မာ နိင်ငံသား ၈သောင်းကျော်သေဆုံး ပြီး သိန်းနဲ့ချီ အိုး မဲ့ အိမ်မဲ့ြ့ဖစ်ခဲ့စဉ်က ဘင်လာဒင်ဟာ ဒုက္ခသည်မြန်မာ နိင်ငံသားများကို ဦးစားပေးကူညီကြဖို့  ထုတ်ဖေါ်ပြောကြားခဲ့ ပါတယ်။
2 comments :
ကိုမိုးသီးကြီး အာရပ်လိုဝတ်စားထာသလားလို့ ထင်ရတယ်။ဘင်လာဒင်နဲ့ ခပ်ဆင်ဆင်တူတူလို့ 
နအဖ မယားပါသားတွေက ကိုမိုးသီးက
ကုလား လားလို့ မကြာခဏေ၇းကြတယ်ဗျာ။
အိုဘားမားက ဘင်လာဒင် ကို သုတ်သင်လိုက်တဲ့အတွက် ငြိမ်းချမ်းရေးမြတ်နိုးသူတိုင်း ကြိုဆိုသင့် တယ်လို့  အိမ်ဖြူတော်ကပြောတဲ့ မိန့် ခွန်းထဲ ထည့် ပြောသွားတယ်။ နိုင်ငံတကာမှာ ရှိနေတဲ့  နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေထဲကတော့ ရှားရှားပါးပါး ဖင်လန်သမ္မတဟောင်းတစ်ယောက်ဘဲ တုန့် ပြန်တာတွေ့ ရတယ်။ ကျန်တာတစ်ယောက်မှ ဘာမှပြောတာတွေ့ ရသေးဘူး။ တချို့ ကလည်း အလောင်းမတွေ့ ရလို့ ဆိုပြီးစောဒက တက်နေသံတွေကြားနေလေရဲ့ ။
Post a Comment