Monday, 9 May 2011

လူထု တိုက်ပွဲ စမယ်

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့  ပြည်တွင်းမှာ လူထုလှုပ်ရှားမှု စမယ်။ 

-WFWW-

သိန်းစိန်ရုပ်သေး အစိုးရ နိုင်ငံရေးအကျဉ်းသားတွေ ကို မလွှတ်ပေးသေးဘူး၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်ဖို့ ကျိုးစားပါမယ်ဆိုတဲ့ သိန်းစိန်ရုပ်သေး အစိုးရ ဟာ သူရဲ့ ၀န်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို အခုထိ ပြည်သူသိအောင် တရားဝင် မကြေညာရဲ သေးဘူး။ အမတ်မင်း၊ ၀န်ကြီးမင်းသစ် မိသားစုဝင်တွေ လိုင်စင်ရ ခိုးစား၊ ခြစားဖို့ လွှတ်တော်မှာ ဥပဒေ အရ ခွင့်ပြုအုန်းမယ်တူပါရဲ့။ (အပြည့်စုံဖတ်လိုပါက ခေါင်းစဉ်ကို နှိပ်ပါ)



တောမီးလောင် တော ကြောင်တွေ လက်ခမောင်းခတ် နေတဲ့ ကာလ မှာ တိုင်းပြည်ရဲ့ သံယာဇာတတွေကို စစ်ခေါင်းဆောင် မိသားစုဝင်တွေနဲ့ ခိုးစား၊ ဝေစား မျှစား ကာ ကိုယ်ကျိုး အတ္တ အတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ တိုင်းဖျက် ပြည်ဖျက် စီးပွားရေး သမားတွေကို အရေးယူမှု မပြုလုပ်နိုင် သေးဘူး။ လူဆိုး သူခိုး အဖြစ် နံမည်ပျက်နေကြတဲ့ တချို့ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေရဲ့ ပိုင်ဆိုင်မှု ကို လွတ်ငြိမ်းချမ်းသာခွင့်တော့ပေးထားတယ်။

အကြမ်းဖက်သမား နှင့် ပြည့်တန်ဆာမ က ပေါက်ဖွားလာတဲ့ သိန်းစိန်ရုပ်သေး အစိုးရ ကို အနောက်နိုင်ငံ မပြောနဲ့၊ အာဆီယံ နိုင်ငံတွေက ပါ ယုံကြည်မှုမရှိဘူး။ အသိ အမှတ် လည်း မပြုချင်ဘူး။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိဘူး၊ နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ မျက်နှာပြောင်တိုက် ပြောဆိုခဲ့တဲ့ ၀ဏ္ဏမောင်လွင် ဆိုတဲ့ နိုင်ငံခြားရေး ၀န်ကြီးသစ်ဟာ နအဖ စစ်အစိုးရ ရဲ့ နိုင်ငံတကာ ပြည့်တန်ဆာမ တယောက်ဖြစ်တယ်။ ဒီပဲယင်း၊ ရွှေဝါရောင် အရေးအခင်း၊ နားဂစ် ကယ်ဆယ်ရေး လုပ်ငန်းတွေ မှာ နိုင်ငံတကာကို ဂျပိုး ကို လိပ် ဆိုပြီး မျက်နှာပြောင်တိုက် ပြောခဲ့ တဲ့ နအဖ လက်ကိုင်တုတ် တယောက်ဖြစ်ခဲ့လို့ သူ့ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရာထူးတိုး ပေးလိုက်တာဖြစ်တယ်။ အခုလဲ မြန်မာနိုင်ငံ ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ဖို့ နိုင်ငံတကာ ကို လိမ်လည်ပြောဆို နေတဲ့ လူလိမ် တယောက်သာဖြစ်တယ်။ ဒီလို ၀ါရန်းပြေး အကြမ်းဖက်သမား နှင့် ပြည့်တန်ဆာမ က ပေါက်ဖွားလာတဲ့ သိန်းစိန်ရုပ်သေး အစိုးရ ကို အနောက်နိုင်ငံ မပြောနဲ့၊ အာဆီယံ နိုင်ငံတွေက ပါ ယုံကြည်မှုမရှိဘူး။ အသိ အမှတ် လည်း မပြုချင်ဘူး။

နားဂစ် ဖွဲ့စည်းပုံ နဲ့ အရိုးတောင်ပုံ ပေါ်ထိုင်ပြီး တက်လာတဲ့ သိန်းစိန်ရုပ်သေး အစိုးရ ကို ဖြုတ်ချဖို့ နဲ့ နိုင်ငံရေးအကျဉ်းသား တွေလွတ်မြောက်ဖို့ နိုင်ငံအ၀ှန်း လူထု လှုပ်ရှားမှု စမယ်။ 

နားဂစ် ဖွဲ့စည်းပုံ နဲ့ အရိုးတောင်ပုံပေါ်ထိုင်ပြီး တက်လာတဲ့ သိန်းစိန်ရုပ်သေး အစိုးရ ကို ဖြုတ်ချဖို့ နဲ့ နိုင်ငံရေးအကျဉ်းသား တွေလွတ်မြောက်ဖို့ နိုင်ငံအ၀ှန်း လူထု လှုပ်ရှားမှု စမယ်။ စစ်ခေါင်းဆောင် မိသားစုဝင်တွေနဲ့ ဝေစား၊ မျှစား နေတဲ့ အချောင်သမား စီးပွားရေးသမားတွေကြောင့် လယ်သိမ်း၊မြေသိမ်းခံနေရတဲ့ အဖိနှိပ်ခံပြည်သူတွေ အတွက် တိုက်ပွဲစမယ်။ နိုင်ငံတကာရောက် ညီအကိုမောင်နှမများ ရောက်ရာနေရာ ကနေ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်။

No comments :