Sunday, 29 May 2011

မြိုင်ကြီးငူ ဒေသကို ထိန်းချုပ်ထားလိုက်ပြီလို့ ဗိုလ်မှူး ဆန်းအောင် (ဒီကေဘီအေ) အတည်ပြု ပြောကြား

 (ဗိုလ်ဆန်းအောင် (DKBA) နဲ့ ကျောင်းသားတပ်မတော် ရဲဘော်များ ရှေ့တန်းတနေရာ)
မေလ ၂၉ ရက်နေ့က မြိုင်ကြီးငူ ဒေသကို ထိန်းချုပ်ထားလိုက်ပြီလို့ ဗိုလ်မှူး ဆန်းအောင် (ဒီကေဘီအေ) အတည်ပြု ပြောကြားခဲ့တယ်။ “ဟုတ်တယ် ကျနော်တို့ အခု ထိန်းချုပ်ထားလိုက်ပြီ ဒီဒေသကို၊ တပ်တွေကတော့ ပူးပေါင်းထားတာ၊ ဗိုလ်ချုပ် နှုတ်ခမ်းမွေးက တပ်အင်အားတွေရယ်၊ ကျနော်တို့ ပြန်တိုက်ကတည်းက လာရောက်လက်တွဲ ပူးပေါင်းတိုက်ပွဲဝင်တဲ့ ကျောင်းသားတပ်မတော်က တပ်ဖွဲ့ဝင်တွေရယ်၊ ကေအန်ယူ တပ်မဟာ ၇ ဗိုလ်ချုပ် ဂျော်နီက အင်းအားတွေနဲ့ နောက်ပြီး ဗိုလ်ဘိ ဆီက တပ်အင်အားတွေ စုပေါင်းပြီး ထိန်းချုပ်ထားလိုက်တာ ဖြစ်တယ်။ မြိုင်ကြီးငူရဲ့ အရှေ့ဘက်ခြမ်းထိ ကျနော်တို့ ဆက်ပြီးထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။”

ဒီကေဘီအေတပ်ဖွဲ့ဝင်တွေရဲ့ မြိုင်ကြီးငူ ဌာနချုပ်စခန်းဟာ ကရင်ပြည်နယ် ကမမောင်းမြိုးနယ် အနီးမှာ ရှိပြီး ၁၉၉၅ ခုနှစ်တုန်းက ကေအန်ယူ မှ ခွဲထွက်ကာ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးစီးမှုနဲ့ ဒီကေဘီအေ အဖွဲ့တည်ထောင်ပြီး စစ်အာဏာရှင်များနှင့် အပစ်ရပ်ခဲ့စဉ်ကာလများက ဌာနချုပ် လုပ်ခဲ့တဲ့နေရာ ဖြစ်ခဲ့ပါတယ်။

No comments :