Saturday 28 May 2011

ကိုမင်းဇေယျာ မိခင်ကြီးကွယ်လွန်ခြင်း

လားရှိုးအကျဉ်းထောင် ၆၅ နှစ် ၆ လ ပြစ်ဒဏ်စီရင်ခြင်းခံထားရသော ကိုမင်းဇေယျ ၏ မိခင်ကြီးဒေါ် (မိ) ချစ်ဖွား (၇၆) နှစ်သည် မွန်ပြည်နယ်၊ မုဒုံမြို့ နယ်၊ ကမာဝက်ကျေးရွာနေအိမ်တွင်လူကြီးရောဂါဖြင့် ၂၇.၅.၂၀၁၁ ခုနှစ် ညး ၁၁ နာရီ ၂၀ မိနစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်း -နိုင်ဘရင်နှင့် သားသမီး (၈) ဦး ကျန်ရစ်ခဲ့ပါသည်။
အသုဘဈာပန အစီအစဉ်မှာ...
၂၉.၅.၂၀၁၁ ခုနှစ် နေ့လည် (၁) နာရီ မွန်ပြည်နယ်၊ မုဒုံမြို့ နယ်၊ ကမာဝက်ကျေးရွာသုဿန်တွင် ဂူသွင်းသင်္ဂြိုလ်မည် ဖြစ်ပါသည်။
၃.၆.၂၀၁၁ ခုနှစ်တွင် ရက်လည်ဆွေးကျွေး ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။

No comments :