မနေ့က လူတွေအများကြီး အင်စိန်ထောင်ရှေ့ ကိုရောက်သွားကြပါတယ်။ ဒေါ်စုလွတ်မြောက်ဖို့ စောင့်တဲ့နေပြီးရင်ဒီနေ့ ဟာ လူတွေအများဆုံးပါပဲ။ သူတို့ အားလုံးဟာ ဆာလောင်နေတယ်။ ပူဆွေးနေတယ်။ တယောက်ကိုတယောက် နွမ်းလျလျ တဲ့အကြည့်တွေနဲ့ အားပေးနေကြတယ်။ အမေတွေက သားကိုမျှော်၊ မယားတွေကလင်သားကိုမျှော်၊ ညီမ ငယ်တွေက အကိုမောင်တွေကိုမျှော်နေကြတယ်။ အလွန်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့မြင်ကွင်းပါပဲ။ ဒါပေမဲ့ မှန်းချက်နဲ့  ဒီတခါလည်း လွဲပြန်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ကြီးက အတုကြီးဖြစ်နေလို့ ပါ။ နိင်ငံရေးအကျဉ်းသားအများတကာ့အများစုကြီး ဟာ ဆက်လက်အဖမ်းဆီးခံနေရတုံးဖြစ်ပါတယ်။
No comments :
Post a Comment