Wednesday 25 May 2011

မြဝတီမြို့က ကြံ့ဖွတ်ရုံး ဝင်ရောက်တိုက်ခိုက်ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်

၂၀၁၀ နိုဝင်ဘာလ ၈ ရက် မြဝတီမြို့တွင်းတိုက်ပွဲဖြစ်စဉ်က ဒီကေဘီအေ ရဲဘော်တဦး


ကရင်ပြည်နယ် မြဝတီမြို့မှာ မေလ ၁၉ ရက်နေ့ မတိုင်ခင်ရက်တွေက ဖေါက်ခွဲရေးသမားတွေ မြို့တွင်းမှာရောက်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ထဲမှာ လုံခြုံရေးတွေက ဗုံးထောင်သမားကို မွှေနှောက်ရှာဖွေနေတဲ့ကြားထဲက မေလ ၁၉ ရက်နေ့ မနက်မှာပဲ မြဝတီမြို့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့တယ်။
မေလ ၂၆ ရက်နေ့မှာ ဒီကေဘီအေ တပ်တွေက မြဝတီမြို့ထဲက ကြံ့ဖွတ်ရုံးကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေကြားနေရတဲ့ အတွက် မြို့ခံ ပြည်သူတွေ အနေနဲ့ အထူးစိုးရိမ်နေကြတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရှိရပါတယ်။ ဒီနေ့ မေလ ၂၅ ရက်နေ့ဟာ မြဝတီကုန်သည်ကားလမ်း အတက်နေ့ ဖြစ်ပါတယ်။

1 comment :

Anonymous said...

Why is he holding the gun with no magazine?