MH-60 အမျိုးစားဟယ်လီကော်ပတာ ကိုဒီစစ်ဆင်ရေးမှာသုံးခဲ့တယ်။
ဘင်လာဒင် အိမ်ကိုစီးနင်း တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ မှာ ပုံတွင်မြင်ရသည့် နေဗီဆီလ် ကဲ့သို့ သော တပ်ဖွဲ့ တခုဖြစ်တယ်လို့ သိရတယ်။ ဘင်လာဒင်ကိုဖမ်းမိခဲ့သည့် အိမ်ဖြစ်ပါတယ်။ နေရာက ပါကစတန် နိင်ငံက အစ္စလန်မာဘဒ်မြို့ စွန့် က သုံးထပ်တိုက်
ဖြစ်တယ်။ အုတ်နံရံတွေက ၁၃ ပေကနေ ၁၈ ပေအမြင့်ထိရှိကြတယ်။ ဘင်လာဒင်နဲ့ အတူ သားနဲ့ မိန်းမပါသေဆုံးတယ်။
သေဆုံးသူစုစုပေါင် ၂၂ ယောက်ရှိတယ်မလို့ လဲ သတင်းတွေမှာဖေါ်ပြပါတယ်။ဘင်လာဒင်ကတော့ ဘယ်ဖက် ခေါင်းကိုထိမှန်ခဲ့တယ်။ အမျိုးသမီးတဦးက သူရှေ့ က နေ ဒိုင်းသဖွယ်ကာကွယ်ပေးခဲ့တယ်လို့ လဲ ဆိုပါတယ်။ သတင်းပေါက်ကြားမှာစိုးတဲ့အတွက် အမေရီကန်တွေက ပါကစတန် အာဏာပိုင်တွေကို အသိမပေးခဲ့ဘူး ။ ဒါအပြင် အစ္စရေးနဲ့ အင်္ဂလန်ကိုလဲ အသိမပေးခဲ့ဘူးလို့ ဆိုတယ်။ အမေရိကန်တွေဖက်က ထိခိုက်ကြဆုံးမှုမရှိခဲ့ဘူး။ ဘင်လာဒင်ဖက်က
အပြင်းအထန်ခုခံနိင်ခဲ့ပုံမရပါ။ မြို့ မှာ ခိုအောင်နေတဲ့အတွက်လက်နက်ကိုင်အဖွဲ့ တွေ နည်းနေပုံရတယ်။
ဘင်လာဒင်အလောင်း ကို ရပြီတဲ့အခါမှာ အလောင်းကိုဆော်ဒီအာဏာပိုင်တွေကို ယူမလားလို့ အမေရိကန် က ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့  ဆော်ဒီအာဏာပိုင်တွေက ငြင်းဆန်ခဲ့တဲ့အတွက် သူအလောင်း ကို အစ္စလန်ထုံးစံအတိုင်း မြှုပ်နှံပေးခဲ့တယ်။ ဘင်လာဒင်ရဲ့ အလောင်းကို အ၀တ်ဖြူပတ်ပြီ အရေဗီယပင်လယ်မှာနေဗီတပ်သားတွေ က ကောင်မွန်စွာရေတွင်မျှောချခဲ့တယ်လို့ ပင်တကွန်သတင်းထောက် က ဆိုပါတယ်။
ပြသနာက မူစလင်တွေက ပယ်လယ်ထဲမြုပ်တာကိုမကြိုက်ကြဘူး စောကားမှုလို့ ယူဆတယ်။ ပယ်လယ်ခရီးထွက်ချိန်သေမှာသာ ပင်လယ်ထဲမှာမြုပ်နှံလေ့ရှိတယ်။
ဘင်လာဒင်က ပါကစတန် ထိပ်သီးစစ်စခန်း ( မေမြို့ လိုနေရာမျိုး)မှာ သက်တောင်သက်သာနေနေနိင်တာ ဘာကြောင့်လဲလို့ အမေရိကန် အစိုးရပိုင်းက ပါကစတန်အစိုးရကိုစိတ်ခုလာတာတွေ့ ရပါတယ်။ အဲ့ဒီမြို့ က လူတွေက လဲ မုတ်ဆိတ်ရှည်တွေထားလေ့ရှိတဲ့အတွက် ဘင်လာဒင်အတွက် ပုံဖျက်ဖို့  ကောင်းနေပါတယ်။
ဘင်လာဒင်ခုလိုပုန်အောင်း နိင်တဲ့အတွက် ပါကစတန်စစ်တပ်နေဲ့ အမေရိကန် ဆက်ဆံရေးဟာ အလားအလာမကောင်းတဲ့အနေထားဖြစ်လာနိင်ပါတယ်။
ပါစတန်စစ်တပ်ကိုအဓိက ထောက်ပံနေတာ အမေရိကန် ဖြစ်ပါတယ်။
ပါကစတန်ကို တရုပ်ကလဲ စိတ်ပျက်နေပါတယ်။ ဇီချွမ်ပြည်နယ်က မူစလင်တွေကို ကက်ရှမီးယားမှာ ပါကစတန်စစ်တပ်က နေထိုင်ခွင့်ပြုထားတယ်တဲ့ အထောက်ထားကိုတရုပ်တို့ တွေ ပြီးနောက်အိန္ဒယနဲ့ပြည်လည်ဆက်ဆံရေးတိုးမြင့်မှုတွေ ကိုတရုပ်တို့ ကလုပ်လာခဲ့ဘူးတယ်။
အမေရိကန်စတော့ဈေးကွက်တက်လာတယ်လို့ သိရတယ်။Dollars ဈေးတက်လာမယ်လို့ ခန့် မှန်းကြတယ်။အောက်မှာဖေါ်ပြထားတာကတော့ ဘင်လာဒင်သေဆုံးမှုနဲ့ ပတ်သက်ပြီ အမေရိကန် နိင်ငံရေးခေါင်းဆောင်တွေရဲ့  မှတ်ချက်တွေဖြစ်ပါတယ်။
Former President George W. Bush:
"A victory for America, for people who seek peace around the world, and for all those who lost loved ones on September 11, 2001. The fight against terror goes on, but tonight America has sent an unmistakable message: No matter how long it takes, justice will be done."
"I also want to congratulate President Obama and the members of his national security team. At this moment when bin Laden has been brought to justice, we especially remember the sacrifice of the young Americans who've paid the ultimate price in defense of the nation, as well as the nearly 3000 Americans who lost their lives on 9/11."
"I congratulate the president, the National Security team and the members of our armed forces on bringing Osama bin Laden to justice after more than a decade of murderous al Qaeda attacks."
နိင်ငံတကာလုံခြုံရေး ( International Security ) ဆိုင်ရာ မေးခွန်းများ
၁-ဘင်လာဒင်ကို အသေမိပြီးနောက် ကမ္ဘာနိင်ငံရေးမှာ အမေရိကန်ရဲ့ အဆင့်ကိုသင်ဘယ်လို သုံးသပ်ပါသလဲ ။
၂- မြန်မာစစ်အစိုးရဲ့ နဲ့ မြောက်ကိုးရီယား စစ်ဆက်ဆံရေးကို အမေရိကန် တွေ က ဘယ်လို တုန့် ပြန်လာနိင်တယ်လို့ သင်ယူဆပါသလဲ။
၃- ကမ္ဘာကြီး က ပိုမိုလုံခြုံမှုရရှိလာတယ်လို့ သင်ယူဆပါသလား ။
- WFWW-
http://news.yahoo.com/video/world-15749633/bin-laden-compound-raid-first-look-inside-25088364
3 comments :
သိပ်ပြီးထူးခြားမယ်မထင်ပါ။
မြန်မာနဲ့ မြောက်ဗီယနမ်ကို အော်ယုံကလွဲလို့  ပိုမလုပ်ပါ။
ဒီထက်ပိုလို့ လုံခြုံ လာမယ်မထင်ပါ။
1. Number one in Human Rights & in
Military strength.
2. Both watch out.
3. So far so good to USA.
Now, Pakistan Army have to be very careful with United States.
Post a Comment