အစာငတ်ခံဆန္ဒပြနေသော နိင်ငံရေးအကျဉ်းသားများ အား သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်ညှိနိင်းပြီး သဘောတူညီချက်တချို့ ရရှိခဲ့သည်ဟု သတင်းရရှိပါတယ်။ သူတို့ အား စစ်ခွေးတိုက်မှာ နေထိုင်ရာ အဆောင်များ သို့ ပြန်လည်ပို့ ဆောင်လိုက်သည်ဟုသိရပါတယ်။ မည်သည့်သဘောတူညီ ချက်တွေရရှိခဲ့တယ်ဆိုတာအသေးစိတ်မသိရသေးပါ။ ထိုတောင်းဆိုချက်များမှာ..
၁။ ထောင်မှနေ့စဉ်ကျွေးမွေးသော အစားအစာများကို အကျဉ်းဦးစီးဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ပြည့်ပြည့်၀၀ ကောင်းမွန်စွာ ချက်ပြုတ် ကျွေးမွေးရန် နှင့် အသီးအရွက်ကြော် အပတ်စဉ်ကျွေးမွေးရန်။
၂။ လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ စီမံချုပ်လုပ်ထားသော ထောင်တွင်းသတ်မှတ်ပုံစံ ၀တ်စုံအား ၆ လ တစ်ကြိမ် အကျဉ်းသားများအားထုတ်ပေးရန်။
၃။ ပျမ်းမျှအကျဉ်းသားဦးရေ ၁၁၀ ခန့်ထားရှိသော အခန်း ၃၀ ပေ x ၅၅ ပေ အတွင်း ကြွက်၊ ခြင်၊ ကြမ်းပိုး အန္တရာယ်ကင်းဝေးစေရန်အတွက် ကောင်းမွန်သော အခင်းထားရှိရန်။ ခြင်အန္တရာယ်ကင်းဝေးစေရန် ပန်ကာ သို့မဟုတ် ခြင်ထောင်ထားရှိပေးရန်။
၎။ တရားဝင် ဗလာစာအုပ်၊ ခဲတံ ကိုင်ဆောင်ထားရှိခွင့်နှင့် ရေးသားခွင့်ပေးရန်။
၅။ လျှော့ရက်ခံစားခွင့်မရရှိသော သီးသန့်/ သာမန်သီးသန့် အကျဉ်းသားများအား သီးခြားထားပေးရန်။
၆။ လျှော့ရက်ခံစားခွင့်မရရှိသော သီးသန့်/ သာမန်သီးသန့်အကျဉ်းသားများအား ထောင်ဝင်စာတွေ့ဆုံရာတွင် နိုင်ငံခြားသားအကျဉ်းသားများနည်းတူ လွတ်လပ်စွာ တွေ့ဆုံ ခွင့်ပေးရန် စသည်တို့ဖြစ်သည်။
အထက်ပါတောင်းဆိုချက်များမှာ အကျဉ်းဦးစီးဌာန၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း တောင်းဆိုခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ တရားဝင် အကြောင်းကြားပြီး တောင်းဆိုသွားမည်ဟု သိရှိရသည်။
ထို့အပြင် မေလ ၁၆ ရက်နေ့တွင် ကြံ့ဖွံ့အစိုးရမှ ကြေညာသော လွတ်လပ်ငြိမ်းသားခွင့်အမိန့် ကို မကျေနပ်သဖြင့် အင်းစိန်ထောင် အမှတ် (၇) ဆောင်ရှိ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားများမှ လည်း မေလ ၁၇ ရက်ကတည်းက ယနေ့တိုင် အစာမစားဘဲ ဆန္ဒပြနေကြောင်း သိရှိရသည်။

The political prisoners, who are on the hunger-strike, have been sent back to their cells from the solitary confinement today after the negotiation with the authority. Some of their demands are met, but no further detail information is available at this point.
Their demands are;
1.to provide the decent daily meals such as meat, poultry and vegetable in order in accordance with the principle and guidelines by the Prison Department Center,
2. to provide the clean and decent prison uniforms so that they could live like normal human beings, for every six months,
3. to place 100 political prisoners in a 33/ 55 feet cell without any bugs, rats, mosquito and bed-bugs, and provide the mosquito nets or fans to protect the mosquito-bite,
4. the right to carry books and pencils and the freedom to write,
5. to place the political prisoners in the separate cells away from the regular prisoners,
6. the right to regular family visits like any other prisoners and the privacy during their visits.
The demands, which they made were in accordance with the Prisoner’s Law by the government, were sent to the prison authorities and the ministry of interior before the hunger-strike.
1 comment :
1% democracy starting, 99% to go.
Post a Comment