Friday 20 May 2011

The Lady ရုပ်ရှင် လာတော့မည်။

ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မစ်ရှဲယို သရုပ်ဆောင်ထားတဲ့ လေဒီ (  The Lady )  အမည်ရှိတဲ့ရုပ်ရှင်ဟာ မကြာခင်မှာ ကမ္ဘာနဲ့ အ၀ှမ်းချိန့် ချိန့် သဲ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။  မပြ ရခင်ကတည်းက ဒီကားဟာ တစ်ရှေ့ ပြေးနေတယ်လို့  အပြည့်အစုံသို့
ဝါရင့် ရုပ်ရှင်အကဲခတ်တွေက ဆိုသဗျ။ 

တစ်ပြေးရတဲ့အကြောင်းက  ကမ္ဘာကျော် နိုဘယ်ဆုရင် ဒေါ်အောင်ဆန်းစုကြည်ကို  တကမ္ဘာလုံးက လေးစားမှုစိတ်ဝင်စားမှုသိပ်ကိုကြီးမားနေတယ်။ နောက်တခုက မစ်ရှဲယို ။ သူကလဲ ဂျိန်းစ်ဘွန်းကား နဲ့ သိုင်းကား ရုပ်ရှင်ကြောင့် လူတွေသိပ်ကြိုက်တဲ့မင်းသမီးကိုး။ အမြဲတန်းလို  လိုအက်ရှင်ကားတွေသရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီးချောမစ်ရှဲ ယို က အခုဒီကားမှာ  လူတွေလေးစားကြည်ညိုမှုရနေတဲ့ ကမ္ဘာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စရိုက်ကို သရုပ်ဆောင်ထားတာ ဆိုကတည်းကိုက ရုပ်ရှင်ဝါသနာအိုးတွေ ရွပိုးထိုးလောက်စရာဖြစ်နေတာပေါလေ။ 

ဟောလီဝုဒ် က မြန်မာ ပြည်အကြောင်းကိုရုပ်ရှင် ရိုက်ကူးခဲ့တာ ခုဆိုရင် ၃ ကားရှိသွားပြီဖြစ်ပါတယ်။   ဟောလီဝုဒ်က နိင်ငံတခုရဲ့ ဆိုးဝါးတဲ့အစိုးရအဖွဲ့ အကြောင်းကို ရုပ်ရှင်ရိုက်ကူးတာနဲ့ ပတ်သက်လို့  အိန္ဒယအဆင့်မြင့်သံတမန်တဦးရဲ့ သုံးသပ်ချက်အရတော့  စစ်အစိုးရ ကိုတော့ အမေရိကန် ၀င်တွယ် တော့မယ်  လို့  ဆိုပါတယ်။ အမေရိကန်တွေဟာ သူတို့  မ၀င်ခင်မှာ ဒီနိင်ငံမှာဖြစ်ပျက်နေတဲ့ ဒီမိုကရေစီဆိတ်သုဉ်းမှုတွေ၊ လူအခွင့်အရေးချိုးဖေါက်ခံနေရမှုတွေကို ဟောလိဝုဒ်ကနေ သူတိုင်းပြည်ကလူထုတွေကို သိအောင်ကြိုတင်ပညာပေးနေသလို ဖြစ်နေလေ့ရှိပါတယ်။  လက်ရှိ စစ်အစိုးရရဲ့  ဆိုးဝါးယုတ်မာလှတဲ့ပုံရိတ်တွေကို  ဟောလီဝုဒ်ရုပ်ရှင်ကားတွေက ကွင်းကွင်းကွက်ကွက်၊ ထိထိမိမိတင်ပြလေ့ရှိတာကြောင့် သန်းရွှေနဲ့ လက်တစုပ်စာစစ်ဗိုလ်တစုရဲ့  ပုံရိတ် (Image)  ဟာသုံးစားစရာမရှိလောက်အောင်ကိုဖြစ်နေပါတယ်။
အခု သည်လေဒီ အမည်ရရုပ်ရှင်ကားဟာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဘ၀ကို အပီအပြင်ဖေါ်ဆောင်ထားတယ်လို့ ဆိုတယ်။ ဒီကားကိုရုံတင်ပြသာလိုက်ပြီဆိုရင်တော့ သန်းရွှေနဲ့ ဗိုလ်ချုပ်တစုရဲ့ ကံကြမာနိဂုံးချုပ် မဲ့ပုံစံဟာ ဦးနေ၀င်းထက်ဆိုးမယ်။ ချောင်စက်စကူးတယ်ဆိုးတော့မယ်လို့ ကြိုတင်ဟောကိန်း ထုတ်လိုက်ပါတယ်ခင်ဗျား။

7 comments :

Anonymous said...

Don't even think about assaulting to our Hero in the movie by changing the realistic to the imagination stuff. This HISTORY represents of over 55 million people.

Anonymous said...

Hopefully the show is showing true story of our lady.Only this way the world will know about her & people and greedy & murderer of Myanmar Govt.

Anonymous said...

ခေါင်းဆောင်လို့ နာမည်ခံယူထားရင် ကိုယ်ကိုယ်တိုင်လုပ်ရတယ်။ကိုယ်ကိုယ်တိုင်မလုပ်ပဲ အောက်က တွန်းတင်လုပ်ပေးပြီး အရန်သင့်စားသုံးလို့ရမှ ခေါင်းဆောင်နာမည်ခံယူတာမဟုတ်ဘူး။

ကိုယ်ကိုယ်တိုင်မလုပ်နိုင်ရင် ခေါင်းဆောင်မလုပ်နဲ့။ဒါအရှင်းဆုံးပဲ။
ပြည်သူလူထုကိုယ်တိုင်လုပ်ရမယ် ပြည်သူလူထုကိုပဲအားကိုးရမယ် ပြည်သူတိုင်းက လုပ်ရမယ် ဘာညာတွေ လာပြောမနေနဲ့။ဒါဆို ပြည်သူလုထုပဲလုပ်မယ် ဘာခေါင်းဆောင်မှ နာမည်ယူပြီး ရှေ့ကနေ နေရာယူမထားနဲ့။

မလုပ်နိုင်ဘူးထင်ရင် ခေါင်းဆောင်နာမည်ယူထားတဲ့နေရာက ထွက်လိုက်ပါ။ပြတ်သားတဲ့ခေါင်းဆောင်တွေ
ပေါ်လာလိမ့်မယ်။ကိုယ့်နေရာကိုလည်း မဖယ်နိုင် သူများဝေဖန်တာကိုလည်း မခံနိုင်ရင် အဲဒါခေါင်းဆောင်ကောင်းမဟုတ်ဘူး။

ဒါက ခေါင်းဆောင်မှုနဲ့ပတ်သတ်ပြီး ခေါင်းဆောင်ဆိုတာ တာဝန်ယူတတ်မှုနဲ့အတူ ပြန်သားစွာ ကိုယ်တိုင်လုပ်နိုင်ရမယ်ဆိုတာကို ပြောပြတာပါ။နိုင်ငံကို တော်လှန်ပုန်ကန်ဖို့ အားပေးနေတာမဟုတ်ဘူး။

Anonymous said...

ပြည်သူလူထုကတာဝန်ကျေစွာတခဲနက် 1990 မှာမဲပေးခဲ့ပြီးပြီအနိုင်ရခဲံလို့အာဏာလွဲမပေးရင်ဘာလုပ်မယ်ဆိုတဲ့ plan ဘာတစ်ခုမှမရှိဘူး၊ ပြီးတော့အပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်ရမယ်ဆိုပြီးလူထုကိုတာဝန်မဲ့ခေါင်းဆောင်မပီသတဲ့စကား ပြောသေးတယ်။
ပုဆိုးစနောက်ကလိုက်ဆွဲပြီးတွေ့ဆုံပြောပါရစေဆုပြီးလိုက်ပြောနေတာလဲနှစ် 20 ရှိပြီ။
အခုလဲ အစိုးရကတရားမ၀င်ပါတီကြေငြာရင် NLD ဘာလုပ်မှာလဲ၊ဘာ plan ရှိလဲ။ တောခိုမှာလား? ရွာတွေမှာရေတွင်းလိုက်တူးမှာလား။
လူတိုင်းလူတိုင်းနိုင်ငံရေးလုပ်ရမယ်ပြောသေးတယ်၊ဘယ်လိုနိုင်ငံေ၇းလုပ်ရမှာလဲ? ဦးဆောင်အမိန့်ပေးလေ။
တောခိုရမှာလား ? မြို့တော်ခမ်းမရှေ့သွားအော်ပြီးမှထောင်ထဲအနှစ် 40 သွားရမှာလား၊ ခေါင်းဆောင်လုပ်ပြီးပြတ်ပြတ်သားသားပြောပါ။

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်ကြောင့်  မြန်မာတွေ လူထုအုံကြွမှု မဖြစ်နိုင်ဆိုတာကတော့ သိပ်မှန်တယ်၊ အဲဒီ အချက်ကို အထောက်အကူဖြစ်စေတဲ့  ၂၀၀၇ ကာလက လူထုကို ဦးဆောင်တာမျိုးမလုပ်ဘဲ လက်အုပ်လေးချီ ပြန်ဝင်သွားတယ် ဆိုတဲ့ အချက်က ပိုတောင်မှန်သေးတယ်..။ "မတရားတဲ့  အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုတဲ့  ကြွေးကြော်သံ ဘယ်ချောင်ထိုးထားလိုက်ပြီ လည်း လို့  မေးချင်ပါတယ်.ဒေါ်စု ခင်မျာ။

Anonymous said...

မင်းကဒါတွေဝေဖန်ရအောင် မင်းကရော ဘာနိုင်ငံရေးလုပ်လို့လဲ ?
နိုင်ငံရေးလုပ်သည်ဖြစ်စေ ၊ မလုပ်သည်ဖြစ်စေ နိုင်ငံသားတိုင်းကြိုက်နှစ်သက်ရာပါတီကို ဝေဖန်မဲပေးနိုင်သောအခွင့်အရေးရှိသည

Anonymous said...

ကဗျာဆရာကြီး ဦးတင်မိုးကတော့ တသက်တာ အမှာစကား တစ်ခွန်း အင်းစိန်ထောင် ၊ အဆောင်(၅)၊ အခန်း(၃) မှာ အတူနေစဉ်က လက်ဆောင်ပေး မှာကြား ခဲ့ဖူးပါတယ်။
“ လူ တစ်ယောက်ကို သူ ဘာလုပ်လုပ် လက်ခုပ်တီးပြီး အားပေး။ ကြာရင် အဲဒီလူက သူ ဘာလုပ်လုပ် အမှန်တွေချည်း ထင်ပြီး ထင်ရာတွေ စွတ်လုပ်ရင်း ဘ၀င်တွေ မြောက်တက်ပြီး အမှားနဲ့ နိ၈ုံး ချုပ် သွားလိမ့်မယ်။ ချစ်တယ်ဆိုရင်တော့ အမှား ဖြစ်မှာ မြင်ရင်။ဝေဖန် သတိပေးပေးရမယ်၊ ”