Friday, 3 June 2011

မက်ကိန်းသတင်း မြန်မာ ပြည်မှာသိပ်မသိကြ။ ရေဒီယိုတွေကိုလူတွေနားထောင်မှု ဘယ်လောက်ရှိနေသလဲ စစ်တမ်းထုတ်သင့်နေပြီ။

ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာ ဆီနိတ်တာ မက်ကိန်းဟာ အင်းစိန်ထောင်ရှေ့ကိုပါ သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ မက်ကိန်း ရောက်နေတဲ့သတင်းကို လူတွေ သိပ်မသိကြပါ။ ရေဒီယိုတွေကို လူတွေနားထောင်တာ နည်းလာတယ်လို့ သိရပါတယ်။ ကျနော်တို့ ရဲဘော်တွေကိုယ်တိုင် ရေဒီယိုကိုနားထောင်တာ နည်းလာတာကို တွေ့ရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်သုံးဦးကို ဖုံးဆက်စဉ်ကလည်း ထိုလူငယ်ခေါင်းဆောင် သုံးဦးစလုံး မက်ကိန်း ရောက်နေတာကို မသိကြပါ။ 
ဒါကြောင့် မက်ကိန်းသတင်းကို လူတွေ သိပ်မသိကြပါဘူး။ တော်တော်တော့ စိတ်မကောင်းစရာ ပါပဲ။ မက်ကိန်း လစ်ဗျားကိုသွားတုံးက လစ်ဗျားလူထုတွေက သူ့ကို ၀ိုင်းကြိုဆိုကြ သလောက် မြန်မာပြည်မှာတော့ တော့တော့ကို ခြောက်ကပ်နေတာ မဖြစ်သင့်တာ။ ကွန်ယက်တွေ သိပ်အလုပ်မလုပ်နိင်ကြတော့တဲ့ အနေထားရှိနေတယ်။ စီးပွားရေးဖိဆီးမှုကြောင့် တက်ကြွလှုပ်ရှားသူများ နိင်ငံရေးမှာ တဖြေးဖြေး ဝေးလာတာကိုတွေ့ ရပါတယ်။ 

6 comments :

Anonymous said...

if so why dont u go there and do survey by yourself. pls dont just post anyhow n lower down your status.

Anonymous said...

နိုင်ငံရေးကို ဘယ်သူမှစိတ်မ၀င်စားကြဘူးလေ။မက်ကိန်းလာတာ ကျုပ်တို့ မြန်မာပြည်သူတွေက ဘာလုပ်ရမှာတုန်း။အလုပ်ပျက်အကိုင်ပျက်နဲ့ သွားမကြိုနိုင်ပေါင် သွားမကြည့်နိုင်ပေါင်ဗျာ။ရေဒီယို နားထောင်မယ့်အစား တီဗီကလာတဲ့ ကိုရီးယားကားတွေ ကြည့်မှာပေါ့။မြန်မာပြည်အနှံ့ရှိုးပွဲတွေကြည့်မှာပေါ့။ကာရာအိုကေတွေမှာ သွားကဲမှာပေါ့။မဟုတ်ဘူးလား။

Anonymous said...

ပြည်တွင်းကလူတွေ ရေဒီယိုလဲနားမထောင်နိုင်ကြပါ။
မိုးသီးဇွန်ရဲ့ ဝက်ဆိုက်ကပြောချင်တာတွေလဲ
( စစ်အုပ်စုရဲ့ စောင့်ကြည့်ရေးအဖွဲ့ ကလွဲရင်)
သန်း၅၀ကျော်ပြည်သူတွေထဲက တနေ့ ၁၀ယောက်
ကွန်ပြူတာနဲ့ မကြည့်နိုင်ပါ။
၇၅နှစ်လောက်နောက်မှာကျန်ခဲ့တဲ့
ဘဝတွေကို လူငယ်တွေကမတော်လှန်ရင်
အနှစ်၁၅၀လောက် လောက်ကျန်ခဲ့တာ နောင် ၅နှစ်မှာတွေ့ ကြရပါမယ်။
ကျနော် အခုရေးတာလဲ ပြည်တွင်းက လူငယ်တွေမသိ
နိုင်ပါ။
အဲဒိ ဘဝတွေကို နေဝင်း ခင်ညွှန့်  သန်းရွှေ နဲ့ 
သိန်းစိန်မင်းအောင်လှိုင်တို့ က မြန်မာနည်း မြန်မာ
ဟန်လို့ ဆိုနေပါနည်။
ကိုကြီးကောင်း

Anonymous said...

ဟုတ်ပဗျာမြန်မာပြည်သူ တွေလည်းမျက်စိပိတ် နားပိတ် ဖြစ်ကုန်ပြီ။ တခြားနိုင်ငံတွေ မှာဆိုရင် သတင်းတွေကို တချိန်လုံးလွင့် ၊ တချို့  သတင်းစာ တွေကို အခမဲ့  ဝေပေး တာတွေလုပ်နေတော့  စိတ်မ၀င်စား လည်းလက်ရှိဘာဖြစ်နေတယ် ဆိုတာ အကုန်လုံး သိနေကြတယ်

Anonymous said...

is he ur father?

Anonymous said...

Not my father.
နင့် နှမလင်