Wednesday, 8 June 2011

အားလုံးသတိရှိကြပါ ။

                                                         
သတင်း  ကအတော့ကိုစိတ်ထိခိုက်စရာပါ။ လူငယ်မျိုးဆက်သစ်တဦး ကို စစ်ဗိုလ် အုပ်စုက ဓါးနဲ့ ထိုးလိုက်သတဲ့။ အဆုတ် ထိတဲ့အတွက် သူကိုအရေးပေါ်လူနာဆောင်ကိုပို့ လိုက်ရသတဲ့။ ကျမ -ဘုရားတရင်း-မျက်ရည်ကျမိတယ်။

ချက်ခြင်း ခေါင်းထဲကိုဝင်လာတာတော့ ကိုသက်နိုင်ဦး ကိုကြံဖွတ်တွေဝိုင်းရိုက်သတ်လိုက်တဲ့ ကိစ္စပဲဖြစ်ပါတယ်။  ၅ နှစ်လောက်ကြာခဲ့ပြီဖြစ်ပေမဲ့ ကျမတို့ ကိုသက်နိင်ဦးကို မမေ့နိင်သေးပါ။ သူလို ဒီမိုကရေစီအရေးမှာ အသက်ပေး တိုက်ပွဲဝင်နေတဲ့ ထောင်းတွင်း တောတွင်းရဲဘော်တွေကို မမေ့ နိင်သေးပါ။  လူငယ်လေး မောင်စိုးမြတ်ကို ဓါးနဲ့  ထိုးတဲ့သူက တာမွေက ၀င်ကိုလှိုင်ဆိုတဲ့ လူမိုက်တယောက်၊ သူအနားမှာ စစ်ဗိုလ်နှစ်ယောက်က ပါလာတယ်လို့ ကျမတို့  ရဲဘော်တွေက သတင်းပို့ ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ တပ်မတော်သားတွေရဲ့ ရန်သူမဟုတ်ပါဘူး။ ကျမတို့ ထဲမှာ တပ်မတော်နောက်ခံ တွေ၊ မောင်တွေ၊ အကိုတွေ၊ ဦးလေး၊ ဘကြီးတွေ ရှိနေကြတယ်။ တပ်မတော်ဟာ ကျမတို့ ရန်သူမဟုတ်ပါဘူး။ ဒါကို တပ်မတော်သားတွေသတိပြုကြဖို့ မေတ္တာရပ်ခံပါတယ်။ ကိုယ်ကျိုးရှာ စစ်ဗိုလ်တွေမြောက်ပေးတိုင်း မရမ်းကားမိဖို့  အထူး ဆင်ခြင်စေခြင်ပါတယ်။ အပြည်အစုံ သို့ 

အဖွဲ့ ချုပ် ၀င် လူငယ်အများစုဟာ  မိမိယုံကြည်ချက်ပေါ်မှာသစ္စာရှိရှိ နဲ့ အပွန်းအပဲ့ အထိအရှများစွာနဲ့  အန္တယယ်ကြားကဒီခရီးကိုလျောက်နေကြရတာပါ။ ဓါးထိုးခံရတဲ့ အဖွဲ့ ချုပ် လူငယ် စိုးမြတ်သူ ဆိုရင် တကယ့် ပျော်တက် တဲ့လူငယ်ပွင့်လင်းမှုရှိတယ်။ မိခင်ကြီးကို လုပ်ကျွေးနေတယ် သူတက်တဲ့ပညာရပ်လေးကစလောင်းတွေလိုက်
တပ်ဆင်တယ်ရတဲ့ ငွေလေးနဲ့  မိခင်သူနာပြုဆရာမ ကို စောင့်ရှောက်နေတာဖြစ်ပါတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို နှစ်ထောင်ခုနှစ်နောက်ပိုင်းမှာ တာမွေ မြို့ နယ်လူငယ်အဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး သူနိုင်တဲ့ဝန်နဲ့ ဒီမိုကရေစီ တော်လှန်ရေးထဲပါဝင်နေတဲ့ကလေးပါ လက်ရှိ ဗဟိုလူငယ်အထောက်အကူပြု လုပ်ငန်းတွေလုပ်နေပြီး အဖွဲ့ ချုပ်မှာ အားကိုးအားထား
ရတဲ့လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။တိုင်းပြည်အနာဂတ်ကောင်းဖို့ အတွက်ဘ၀ရဲ့ အချိန်တွေပေးဆပ်နေရတဲ့လူငယ်
တစ်ယောက်ပါ ။

စစ်အုပ်စုရဲ့ အာဏာစက် အောက်က ဥပဒေ ဆိုတာကို ကျမမယုံကြည်ပါဘူး ။ လူငယ်တွေ ရန်ဖြစ်တယ် စကားများတယ် နောက်ဆုံး သောက်စား တယ်ပဲ ထားပါဦး တဖက်က စစ်ဗိုလ်နှစ်ယောက် နဲ့ ကြေးစားလူမိုက် ရာဇ၀တ်ကောင် တဖက်က NLD မှာ တာဝန်ရှိတဲ့ လူငယ်
ပါတဲ့ လူငယ်သုံးယောက် -- ဒီရန်ပွဲ ဟာ တိုက်ဆိုင်မှုလို့ ကျမ လုံးဝ လက်မခံပါဘူး ။တဖက်သတ် အစီစဉ်တကျ ရန်စပြီး လူတစ်ယောက်ကို သေလောက်အောင် လုပ်ကြံတာအသေအချာပါပဲ ။ကံကောင်းလို့  စိုးမြတ်သူ အခြေအနေ မသေဆုံးနိုင်ဘူးလို့ ကြားနေရပေမဲ့ ဒီကိစ္စကို ကျမတို့  ဒီမိုကရေစီအင်အားစု တွေက လက်ပိုက်ကြည့်လို့ မရပါဘူး ။ လက်၇ှိတာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ စစ်ဗိုလ် ကော ကျန် နှစ်ဦးကို ပါ ထိရောက်တဲ့အရေးယူမှု လုပ်ဖို့ တောင်းဆိုကြရပါမယ်မြန်မာပြည်ရဲ့ ဥပဒေက အစိုးရအောက်မှာရှိနေတဲ့အတွက် နိုင်ငံတကာဥပဒေ ခုံရုံးတွေအထိ ဒီကိစ္စကို လိုအပ်ရင် တင်သွင်းကြရပါမယ် ။ ကျမအနေနဲ့ ဒီလိုတိုက်တွန်းတာ နောင် ဒီလို လုပ်
ကြံမှုမျိုး ထပ် မပြုမူနိုင်အောင်ပညာပေးဖို့ ရယ် နဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မကြာခင် ထွက်မဲ့ ခရီးစဉ် အတွက်လည်း ကာကွယ်ပြီးသားဖြစ်အောင်လို့ ပါ။
ကျမ အထူးပဲ စိုးရိမ်ပူပန်မိပါတယ် စစ်အုပ်စုအသိုင်းအ၀န်းရဲ့ရမ်းကားမှုဟာ နောက် လူငယ်တွေ အတွက် သက်နိုင်ဦး လို အလုပ်ကြံခံရနိုင်မှုများရှိလာဦးမလား ဒါသတိထားရတော့မဲ့ အချက်ပါ ။NLD များ သွားသတိလာသတိ၊ ရှိကြပါ ။ဒါ့အပြင် စစ်အုပ်စု အထူးသဖြင့် သန်းရွှေ သိန်းစိန် တို့ လူတစ်စု အင်မတန် ကြောက်ရွံ နေတဲ့ဒေါ်အောင်ဆန်းစုကြည်  အတွက်လည်း လုံခြုံရေး ပိုလို့ စိုးရိမ်မိပါတယ် ။ ဒီဖြစ်ရပ်တွေကိုကျမတို့  လေ့လာပြီး အစစအရာရာ လျော့မတွက်ကြဖို့  အဖွဲ့ ချုပ်အဖွဲ့ ဝင်တွေကိုလည်း
အကြံပြုချင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ် ထွက်မယ်ဆိုတာ တရားဝင်ကြေညာထားတဲ့အခြေအနေမှာ အဖွဲ့ ချုပ်အဖွဲ့ ဝင် လူငယ် တစ်ယောက်ကို ခုလိုရန်ရှာပြီး လူသတ်မှုကျူးလွန်တာဟာ ရိုးသားတဲ့ ပြဿနာ မတော်တဆဖြစ်တဲ့ အခြေအနေတစ်ရပ် မဟုတ်ဘူး
ဆိုတာ တင်ပြလိုက်ပါတယ် ။

ရဲဘော်အချင်းချင်း ရိုင်းပင်းစောင့်ရှောက်နိုင်ကြပါစေ

မင်းထက်မြတ် (မျိုးချစ်တပ်ဦးလူငယ်-၈၈)

8 comments :

Anonymous said...

ကိုစိုးမြတ်သူ အမြန်ဆုံး ကျန်းမာလာပါစေဗျာ။

Anonymous said...

We are concern about DASSK'S safety & security.Please, do not by any chance, happen un-necessary things.
She is the one and only.

Anonymous said...

Hell dogs r running around. The darkest hour before dawn.

Anonymous said...

အီဂျစ်က ဈေးသည်လေး ကိုယ့်ကိုယ့်ကို မီးရှို့မှုက ဒီအဖြစ်အပျက်မျိုးကနေ စဖြစ်သွားတာနော် ... အီဂျစ်စီပင်သာယာက လှည်းကို သိမ်းတယ် .. ခု နိုင်ငံရေးလူငယ်တစ်ယောက်ကို စစ်ဗိုလ်နှစ်ယောက်ပါ အုပ်စုက ဓားနဲ့ထိုးတယ် .. အမှန်တော့ အီဂျစ်လူငယ်ထက် ဆိုးပါတယ် ...

စဉ်းစားကြပါ ..

Pauksa said...

ကျေးဇူးပဲဗျာ...
(၅)နှစ်ကြာမမေ့ပြောက်နိုင်တဲ့ မိတ်ဆွေရဲဘော် သက်နိုင်(ပြာလောင်)အကြောင်းထည့် ရေးပေးလို့ 
မထူးကိုကျေးဇူးတင်ပါတယ်...

laygwazar111 said...

အဖြစ်အပျက်ရယ်ဖြစ်ခဲ့တဲ့နေရာဒေသရယ်က အဓိပ္ပါယ်တွေအားလုံးကိုပြောင်းလဲပြစ်နိုင်ပါတယ်။
လူငယ်တွေစားသောက်ရင်းအရက်မှုးရင်းဖြစ်ခဲ့တာလို့ရိုး
ရိုးလေးပဲတွေးကြမှာပါ။အဲဒီလိုမျိုးအခွင့်အရေးမယူနိုင်
အောင်သတိရှိဘို့လိုပါတယ်။လူငယ်တွေဆိုပေမယ့်
သောက်ရင်းစားရင်းဒီလိုဖြစ်တတ်တာပဲလို့ဖွဖွလေးဖေါ့
တွေးလို့မရပါ။နိုင်ငံအရေး ဒီမိုကရေစီအရေးလုပ်နေတဲ့
လူငယ်တွေဟာသူများတကာထက်စံပြဖြစ်နေဘို့လိုမယ်
ထင်ပါတယ်။ဦးအောင်ဆန်းဟာအမျိုးသားခေါင်းဆောင်
တယောက်အဖြစ်လူတိုင်းကချစ်ခင်ကြတယ်နိုင်ငံရေးမှာလဲအောင်မြင်တယ်အဲလိုအောင်မြင်တာသူဟာကိုယ်ကျိုး
အတ္တကင်းတယ် လူတိုင်းထက်ကိုယ်ကျင့်တရားစံဖြစ်
နေတယ် ကျွန်တော်တော့ဒီလိုပဲထင်မိတယ်။
ကျွန်တော်တို့အားလုံးဒီမိုကရေစီလှုပ်ရှုားသူတွေ
ကိုအမြဲအားပေးပါတယ် လေးစားပါတယ်။ကို့အတ္တကို
ကိုယ်ကျိုးကိုမစွန့်နိုင်လို့ကိုယ်တိုင်ကိုကျဝင်မပါနိုင်ခဲ့
ဘူးဝန်ခံပါတယ်။တကယ်တန်းလုပ်နေသူတွေကိုလေး
စားချင်တယ်ကိုယ့်ရဲ့စံပြလူတွေအဖြစ်မြင်ချင်ပါတယ်
ကျွန်တော်အမြင်လေးပါ မှားတာရှိရင်တောင်းပန်ပါတယ်။
အားလုံးကိုသတိရှိစေချင်ပါတယ်။စစ်အစိုးရကိုအခွင့်အ
ရေးတွေမပေးမိပါစေနဲ့။

laygwazar111 said...

gwazar said...

kk