ဘင်လာဒင်ကို အမေရိကန် နေဗီင်္ဆီးလ်တွေ သုတ် သင်ပြီးနောက်တနေ့ မှာ နယူးယောက်စတော့ဈေး ကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုးတက်လာတယ်။ ထိုင်းနဲ့ အမေရိကန်ငွေလဲနှုန်းမှာ အမေရိကန်ဖက် က ပြန်ပြီးအသာစီးရနေတယ်။ ၂၀၁၀ ခုနစ်များဆီက တဒေါ်လာကို ၂၈ ဘတ်ဖြစ်နေတဲ့ဒေါ်လာက ၂၀၁၁ မှာ ၂၉ဒသမ ၅ ဖြစ်လာတယ်။ ထိုင်းတွေပျော်တယ်။ ရင်းနှီးမှုတွေပိုလာလို့တဲ့။
အမေရိကန်-ဒေါ်လာက တကမ္ဘာလုံးမှာ ပြန် တက်လာတယ်။ သူများမတူပဲ တမူထူးခြားနေတာက (ခေါင်းစဉ်ကိုနှိပ်လိုက်ပါ)
- ကျနော်တို့ မန်မာပြည်။ မြန်မာပြည်မှာ ဒေါ်လာဈေးကျသတဲ့။ မြန်မာလူမျိုးတွေရဲ့ စီးပွားရေးက
- ချဲထီ၊ နှစ်လုံးတိုက်၊ ဘောပွဲနဲ့ နိုင်ငံခြားရောက် အလုပ်သမားတွေကို မှီခိုနေရတဲ့ဘ၀ဆိုတော့ နိုင်ငံခြားမှာ ကျွန်လိုအလုပ်လုပ်နေရတဲ့ မြန်မာတယောက်ရဲ့ ဘ၀ဟာ ဒေါ်လာဈေး ကျတယ်ဆိုတဲ့ စကားကို မပျော်နိုင်ပေဘူး။ ဟုတ်ပ။

ဒေါ်လာဈေးက ကျပြီးရင်း ကျနေတယ်။ တဒေါ်လာကို ကျပ်ငွေ ၇၆၀ ကျပ်အထိ ထိုးကျလာပါတယ်။ အခြေအနေက ၆၀၀ ဝန်းကျင်အထိ ထိုးကျသွားတော့မယ့် လက္ခဏာရှိနေပါတယ်။ ဘာကြောင့် ဒေါ်လာဈေးကျတာလဲ ဈေးကွက်သီအိုရီဖြစ်တဲ့ ထုတ်လှုပ်မှု (Supply) နဲ့ စားသုံးမှု ( Demand) အရ ကြည့်ရင်မြန်မာ့ ငွေကြေးဈေးကွက် ( Financial Market ) ထဲကို
၁-ဒေါ်လာ တွေ အ၀င်များနေတယ်ဆိုတဲ့သဘော - More Supply
၂-ဒါမှမဟုတ် လူတွေက ဒေါ်လာ ၀ယ်ယူမှု နည်းလာတဲ့သဘော။ Less Demand
၃- မြန်မာ ငွေစက္ကူတွေဈေးကွက်မှာတဖြေးဖြေးနည်းလာတဲ့သဘော - Less Burmese Currency Note. လားလို့ စဉ်းစားရမှာ တွေရှိနေပါတယ်။
၁- ဈေးကွက်ထဲကိုဒေါ်လာဝင်နေတဲ့လမ်းကြောင်းတွေကိုကြည့်ရင် စစ်အစိုးရ က နိင်ငံခြားက ရတဲ့ကူညီငွေတွေရှိနေတယ်။ အန်ဂျီအို တွေ ကတဆင့်ဒေါ်လာတွေဝင်နေတယ်။ နိင်ငံခြားရောက်မြန်မာတွေက မိသားစုတွေငွေလဲပြီးပို့ နေကြတယ်။လူမှုရေးလုပ်ငန်းလုပ်သူတွေကိုထောက်ပံကြတယ်။ မြန်မာ အလုပ်သမားတွေက နိင်ငံခြားငွေကိုကျပ်ငွေတွေနဲ့ လဲပြီးပို့ နေကြတယ်။ ဒီတော့ဒေါ်လာက အ၀င်များလာပြီးအထွက်ပြန်နည်းလာတယ်။ မြန်မာ ငွေကြေးဈေးကွက်ထဲကို ဒေါ်လာအ၀င်နဲ့ ပတ်သက်လို့  ကျနော်တို့ ရထားတဲ့သတင်း တချို့ အရ
၂- စီးပွားရေးက တစတစကြပ်လာတယ်။အရောင်းအ၀ယ်တွေမကောင်းဘူး။ ရင်းနှီးမြုပ်နံမှုအသစ်တွေထပ်မလာဘူး။ ထုတ်လုပ်မှုတွေကျဆင်းလာတယ်။ နောက်ပြီးတော့ လူတွေနိင်ငံခြားထွက်တာများလာတယ်။ ဒါကြောင့်စားသုံးမှုကျဆင်းလာနိင်တယ်။ ဒါမဟုတ် စီးပွားရေးကြပ်တည်းမှုကြောင့် ပြည်တွင်းမှာရင်းနှီးမြှုပ်နှံမှု အသစ်တွေထပ်ပြီးမတိုးလာတာတွေ၊ ဒါမဟုတ် နိင်ငံခြား ကိုကုန်ပစ္စည်းမှာယူမှုတွေ ကျဆင်းလာတာ တွေကြောင့်ဖြစ်နိင်တယ်။ ဒီတော့ ဒေါ်လာကို တောင်းဆိုမှု ကျဆင်းလာတယ်။ ဒီတော့ ဒေါ်လာ ဈေးဟာမြန်မာ့ငွေကြေးဈေးကွက်မှာကျဆင်းလာတယ်။ ဒါဟာကောင်းတဲ့လက္ခာမဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံမှုကျဆင်းလာတဲ့သဘောဖြစ်တဲ့အတွက် အလုပ်လက်မဲပိုများမယ်။ ၀င်ငွေနည်းလာမယ်။ ဒီတော့စားသုံးမှုကျဆင်းမယ်။ စီးပွားရေးကပ်ဆိုက်မယ်။
က-၂၀၁၀နဲ့ ၁၁ အတွင်း ကျောက်မျက်ရတနာတွေ ( ကျောက်စိမ်း) ၅ ဘီလီယံဒေါ်လာဘိုး ခန့်  ရောင်းချထားဒေါ်လာငွေတွေရှိနေတယ်။ မြန်မာပြည်က ပို့ ကုန် က ကျောက်စိမ်းတမျိုးတည်းလိုဖြစ်နေတာသတိပြုသင့်တယ်။
ခ- တရုပ်ပြည်က လာတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဒါကလဲ ၈ ဘီလီယံဒေါ်လာလောက်ရှိတယ်။ (တရုပ်ရင်းနှီးမြုပ်နှံမှုတွေကြောင့် ဒေသ လုပ်ငန်းရှင် (Local Business ) တွေအားလုံးနီးပါးရပ်ခဲ့ကြရတယ်လို့  သိရတယ်။
ဂ- အခုနအဖ ကသွင်းကုန် စီးပွားရေးသမား ( သူတို့ သားသမီးတွေပဲ) တွေဒေါ်လာတွေရောင်းချပေးနေတယ်။ လက်နက်တွေ၊ စက်မှုလုပ်ငန်းသုံးစက်ကြီးတွေ ၀ယ်ယူဖို့ အတွက်လို့ သိရတယ်။
ဃ- မနစ်က ဘိန်းအထွက်ကောင်းတယ် လို့ သိရတယ်။ ဘိန်းက နေဒေါ်လာ တော်တော်ရတယ်။
ဃ- မနစ်က ဘိန်းအထွက်ကောင်းတယ် လို့ သိရတယ်။ ဘိန်းက နေဒေါ်လာ တော်တော်ရတယ်။
၂- စီးပွားရေးက တစတစကြပ်လာတယ်။အရောင်းအ၀ယ်တွေမကောင်းဘူး။ ရင်းနှီးမြုပ်နံမှုအသစ်တွေထပ်မလာဘူး။ ထုတ်လုပ်မှုတွေကျဆင်းလာတယ်။ နောက်ပြီးတော့ လူတွေနိင်ငံခြားထွက်တာများလာတယ်။ ဒါကြောင့်စားသုံးမှုကျဆင်းလာနိင်တယ်။ ဒါမဟုတ် စီးပွားရေးကြပ်တည်းမှုကြောင့် ပြည်တွင်းမှာရင်းနှီးမြှုပ်နှံမှု အသစ်တွေထပ်ပြီးမတိုးလာတာတွေ၊ ဒါမဟုတ် နိင်ငံခြား ကိုကုန်ပစ္စည်းမှာယူမှုတွေ ကျဆင်းလာတာ တွေကြောင့်ဖြစ်နိင်တယ်။ ဒီတော့ ဒေါ်လာကို တောင်းဆိုမှု ကျဆင်းလာတယ်။ ဒီတော့ ဒေါ်လာ ဈေးဟာမြန်မာ့ငွေကြေးဈေးကွက်မှာကျဆင်းလာတယ်။ ဒါဟာကောင်းတဲ့လက္ခာမဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံမှုကျဆင်းလာတဲ့သဘောဖြစ်တဲ့အတွက် အလုပ်လက်မဲပိုများမယ်။ ၀င်ငွေနည်းလာမယ်။ ဒီတော့စားသုံးမှုကျဆင်းမယ်။ စီးပွားရေးကပ်ဆိုက်မယ်။
၃- မြန်မာ့ ငွေစက္ကူတွေက တဖြေးဖြေးစုတ်ပြတ်လာတယ်။ ဘဏ်တွေက ငွေစက္ကူအသစ်နဲ့အဟောင်းကိုပုံမှန်လဲမပေးနိင်တဲ့အတွက် တချို့ ငွေစက္ကူတွေက သုံးမရပဲပျက်ဆီးကုန်တာတွေလည်းရှိနိင်တယ်။ နောက်တခုက တော့ မြေဈေး။ ကုန်သည်ကြီးတွေက စစ်အစိုးရ စီးပွားရေးစနစ်ကိုမယုံကြည်ကြဘူး။ ငွေစက္ကူတွေကို အယုံကြည်မရှိဘူး။ ဒီတော့မြေဈေးတွေကို အဆမတန်တင်ထားတယ်။ ရန်ကုန်မြို့  ၀င်ဒါမီယာက မြေတကွက်တန်ဖိုးက နယူးယောက်ပြည်၊မက်ဟက်တန်က တိုက်ခန်းတခုထက်ဈေးပိုများနေတာတွေ တွေ့ ရတယ်။ ကုန်သည်တွေကြေားမှာ စတော့ဈေးကွက်တခုလိုသဘောထားပြီး မြေအ
ရာင်းအ၀ယ်လုပ်နေကြတယ်။ ဥပမာ - ထွန်းမြင့်နိင် က သိမ်ဖြူလမ်းက မြေနှစ်ကွက်ကိုဝယ်တယ်။ ဒေါ်လာ ၅၆ သန်းခန့် တန်တယ်။ ဒီငွေက မက်ဟက်တန်မှာ နေရာကောင်းကောင်းတခုရနိင်တယ်။
ဒီတော့ အဆမတန်များလှတဲ့မြန်မာ ငွေစက္ကူတွေဟာ ဈေးကွက်ထဲမှာမရှိပဲ ကုန်သည်ကြီးတွေလေးငါးဆယ်ယောက်လောက်လက်ထဲမှာစုပုံနေရာက မြန်မာ ငွေစက္ကူတွေ က ဈေးကွက်ကနေ နည်းလာတာမျိုးဖြစ်လာနိင်ပါတယ်။

ဒီတော့ ငွေကြေးဈေးကွက်မှာ မြန်မာ ငွေစက္ကူကနည်းလာတဲ့အတွက် ဒေါ်လာတန်ဖိုးကျဆင်းသလိုလဲဖြစ်လာနိင်တယ်။
ယေဘူယျအားဖြင့် ပြည်တွင်းငွေစက္ကူတန်ဖိုးတက်ပြီ။ ကမ္ဘာငွေကြေးစနစ်တခု က တန်ဖိုးကျဆင်းလာတာဟာ ၀မ်းသာရမဲ့ကိစ္စပါ။ ဒါပေမဲ့  ပုံမှန် တခါးဖွင့်စီးပွားရေး စနစ်တခုရဲ့  ထုတ်လှုမှု ( Supply ) နဲ့  စားသုံးမှု ( Demand) မျှခြေ- ( Equilibrium ) မရှိပဲ ငွေတန်ဖိုးကျတာပဲဖြစ်ဖြစ်၊ တက်တာပဲဖြစ်ဖြစ် ဟာ စီးပွားရေးကို ဒုက္ခပေးတော့မယ်ဆိုတဲ့လက္ခဏာပဲဖြစ်ပါတယ်။ ဒေါ်လာဈေးကျလာရင် ထည့်သွင်းစဉ်းစားရမဲ့အချက်တွေထဲမှာ ဘဏ်အတိုးနှုန်းနဲ့ ငွေကြေးဖေါင်းပွမှု ၊ ငွေလှည်းနှုန်း တွေဟာလဲ
သက်ရောက်နိင်တဲ့အချက်တွေဖြစ်နေပါတယ်။
ဒေါ်လာတန်ဖိုးဟာ ဒီထက်ဆက်ပြီးကျဆင်းလာပြီဆိုရင်တော့နာတာရှည်ဖြစ်နေတဲ့ မြန်မာ စီးပွားရေး ဟာ မကြာခင်မှာ မဟာတုန်လှုပ်မှုကြီး (Major Shock) တခု ဖြစ်လာတော့မယ်လို့ ယူဆနိင်ပါတယ်။ ကျနော်ယူဆချက်ကတခုကတော့ စာရေရိက္ခာပြတ်လပ်မှုကြီး - Food Crisis ဖြစ်လာနိင်တယ်။ ဒါကတော့ - ရာသီဥတုဖေါက်၊ သီးနှံထွက်ကျဆင်း၊လယ်တွေအများစုအသိမ်းခံရ၊ လူဦးရေတိုး၊ မြေအောက်ရေရှားပါ။ ရလဒ်က - စားနပ်ရိက္ခာပြတ်တောက်သွားနိင်တဲ့အနေထားမှာရှိနေတယ်။

သိန်းစိန်အစိုးရသစ် အနေတဲ့  ဒေါ်လာဈေးကျဆင်းနေတာကို ဘယ်လို မန်းမှုတ် ပြီး ကုစားမလဲ။ သမတအကြံပေးအဖွဲ့  က လူကြီးမင်းတွေက ဒီပြသနာဟာဘာကြောင့်ဖြစ်တယ်။ ဘယ်လို ကျားကန် ကာကွယ်ကြမယ်ဆိုတာ ဘာမှကိုမပြောသေးဘူး။ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့နည်းလမ်းတွေရှိပုံမရဘူး။
မြန်မာ့စီးပွားရေးက သွပ်မိုးခွာ အိမ်တိုင်ချွတ် စီးပွားရေးစနစ် မျှသာဖြစ်တယ်။ မြေပေါ်မှာရှိတာတွေခုတ်ပြီးရောင်းလို့ ကုန်ပြီ။ အခုမြေအောက်က သယံဇတတွေကိုထူးဖေါ်ရောင်းနေတယ်။ ဘာထုတ်ကုန်မှမရှိဘူး။ ဘာဆက်လုပ်မလဲ။ ဘယ်သူတွေက
အကြံပေးဦးမယ်လဲ။

မိုးသီးဇွန်
2 comments :
Saut Yuu! Min saut loat lar.
min nyi ma pha phit mar soe: lot pyaw tar kwa
Post a Comment