မြန်မာတွေက ငံပြာရည် ကို ထိုင်းက နေ၀ယ်ယူနေပြီဆိုရင်သင်အံသြမလား။ ထိုင်းကရေသံဗူုးကို မြန်မာ ကိုတင်ပို့ နေကြတယ်ဆိုရင် သင့်အတွက် ထူးဆန်းမလား။ ဓညင်းဝက်ကို မလေးရှားကနေတင်ပို့ နေတယ်ဆိုရင် သင် တုန်လှုပ် မလား။ မကြာခင် အမေရိကန်က သူဌေးစားတဲ့ ရဲလိုးတေး ငါးကို မြန်မာပြည်ကို ပြန်လည်တင်ပို့ရမယ်ဆိုရင် ရော။
(အပြည့်အစုံဖတ်လိုပါက ခေါင်းစဉ်ကိုနှိပ်ပါ)
(အပြည့်အစုံဖတ်လိုပါက ခေါင်းစဉ်ကိုနှိပ်ပါ)
အာရပ် ကမ္ဘာမှာဖြစ်နေတဲ့ လူထုလှုပ်ရှားမှုတွေက ဂျူံ ဈေးတက်ရာက နေစလာတာ။ သူတို့ လှုပ်ရှားမှုတွေစတင်ဖြစ် လာတဲ့ ကြွေးကြော်သံက ကျနော်တို့  ၈၈ တုံးကနဲ့ တူတယ်။ ဘာလဲဆိုတော့ မင်းတို့ က နံပြားစားနိင်တယ်။ ကြက် သားနဲ့ ခိုသား ကိုစားတယ်။ ဒို့ က ဘာစားရမှာလဲတဲ့။ ၈၈ တုံးက - ဆန်တပြည် ၁၅ ကျပ် စိန်လွင့်ခေါင်းကိုဖြတ်- ဆန်တပြည် ၁၅ ပြား အောင်ကြီးလာမှ စားဆိုတဲ့ကြွေးကြော်သံနဲ့ စခဲ့တာလေ။
ငရန့်ခြောက်အကောင်းစား တကီလိုဟာ ကျပ် ၃ သောင်းကျော်ဖြစ်နေတယ်။ ဒါဟာ ဒေါ်လာနဲ့  ၄၇ ဒေါ်လာလောက် ရှိတယ်။ ဒီအချိန်မှာ အမေရိကန် မှာ လူချမ်းသာတွေစားတဲ့ ရဲလိုတေး ဆိုတဲ့ အကောင်းစားငါး တကီလို ဟာ ၂၂ ဒေါ်လာပဲ ရှိတယ်။ မြန်မာ လူငယ်တွေ အသိတရားရှိပါ။ မစားနိင်တဲ့ သူတွေကိုစာနာပါ။ မြန်မာလူငယ်တို့ နိုးထကြ လော့။
မကြာခင်မှာ -- သင်က မနက်စာ ကိုလဘက်ရည်နဲ့  နံပြား စားလာတယ် လို့ ပြောရင် လူအများစုကြီးကို စောကားတဲ့ သဘော ဖြစ်လာတော့မယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ဈေးနှုန်းမြင့်တက်နေတာ၊ ဒေါ်လာတန်ဖိုးကျနေတာ။ တကမ္ဘာလုံးမှာ လောင်စာအတွက် ပြောင်းကိုပိုစိုက်နေကြတာ။ စားသောက်ပင်တွေကို လျော့စိုက်နေတာ၊ မြေအောက် ရေပြတ်တာ၊ လူဦးရေတိုးလာတာ တွေ ကြောင့် မဟာရိက္ခာပြတ်တောက်မှု (Great Food Crisis) ကမကြာခင်လာ တော့မယ်။ မြန်မာလူငယ်တွေ နိုးထကြလော့။
No comments :
Post a Comment