Tuesday, 14 June 2011

ဘုရားသုံးဆူမြို့ထဲမှာ တိုက်ခိုက်မှုဖြစ်

ဘုရားသုံးဆူ ဈေးရှေ့ ကြံ့ဖွတ် စစ်အုပ်စု အစိုးရနဲ့ စီးပွားဖက် ကုန်သည်တဦး အိမ်ကို အမည်မသိ လက်နက်ကိုင် အဖွဲ့တခုမှ ဇွန်လ ၁၄ ရက် ဒီနေ့ ၁၂ နာရီ ခန့်မှာ ဝင်ရောက်တိုက်ခိုက်သွားကြောင်း သိရပါတယ်။ အခြေအနေကို ဘုရားသုံးဆူဒေသခံ တဦးက ခုလိုပြောပါတယ်။
“ခု မြို့ထဲမှာ လက်ကုန်မီးလောင်နေတာ မီးဝိုင်းသတ်နေကြတယ်။ လာလုပ်သွားတာတော့ ဘယ်အဖွဲ့ကမှန်မသိဘူး။ ပထမတော့ လက်နက်ကြီး ပေါက်ကွဲသံတွေ ၁၀ မိနစ်လောက် ဆက်တိုက်ကြားလိုက်ရတယ်။ ကလေးတွေ ကျောင်းသွားနေတဲ့ အချိန်ဆိုတော့ လက်ကုန်ပဲ စိုးရိမ်ရတယ်။ တမြို့လုံးလဲ ပဋ္ဌာန်းတွေရွတ်နေတယ်”

No comments :