Saturday, 25 June 2011

ယူနီဆက် ပစ္စည်းတွေ ဆရာမကြီး ဘုံး

အကိုတို့ ရေ - 

ပြီးခဲ့သောလက ကျွန်တော် နယ်ဘက်သို့ ခရီးထွက်ဖြစ်ရင်းအမှတ်မထင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်အခြေအနေလေးတစ်ခုကို သူငယ်ချင်းများနှင့်တာဝန်ရှိသူများသိအောင် ပြောပြချင်လို့ပါ။
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ၊ တက်သစ်ဆိုတဲ့ရွာလေးတစ်ရွာကို ကျွန်တော် သူငယ်ချင်းတစ်ယောက်ဆီ အလည်သွားရင်းရောက်ဖြစ်ခဲ့ပါတယ်။ ရောက်တုန်းရောက်ခိုက် ရွာထဲလှည့်ပတ်ကြည့်ရင်း ရွာလည်ပိုင်းရှိ အိမ်တစ်အိမ်ဆီမျက်စိရောက်သွားပါတယ်။ 



ဘာလို့လဲဆိုတော့ အဲ့ဒီအိမ်မှာ မိုးထားတဲ့သွပ်တွေက
Unicef တံဆိပ်နဲ့မို့ပါ။ ကျွန်တော်လည်း ထူးဆန်းတာနဲ့
သူငယ်ချင်းကိုမေးကြည့်တော့ တက်သစ်မူလွန်ကျောင်းက
ကျောင်းအုပ်ဆရာမကြီးရဲ့အိမ်ပါတဲ့။ ကျွန်တော်ကဘာဖြစ်လို့
သူ့အိမ်က Unicef တံဆိပ်နဲ့သွပ်တွေ မိုးထားရတာလဲလို့မေးတော့ သူငယ်ချင်းက
“ဆရာမကြီးအိမ်က သွပ်တင်မဟုတ်ဘူး တစ်အိမ်လုံး Unicef တံဆိပ်တွေနဲ့
မွန်းမံထားတာ” လို့ ရယ်ရင်းဖြေပါတယ်။ကျွန်တော်လည်း ကိုယ်နဲ့မဆိုင်ပေမယ့်
သိသင့်တာသိရအောင်၊ မဖြစ်သင့်တာမဖြစ်ရအောင် မေးမြန်း စပ်စုကြည့်တဲ့အခါ
“ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာရှိ
ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စိုးဟာ ကျောင်းပိုင်ပစ္စည်းများ၊
ကျောင်းသားပိုင်ပစ္စည်းများအား ကိုယ်ကျိုးအတွက်
သုံးစွဲမှုများပြုလုပ်လျှက်ရှိကြောင်း၊ နာဂစ်မုန်တိုင်းကြောင့်
ပြိုပျက်ခဲ့သည့် ကျောင်းတစ်ဆောင်အတွက် ပညာရေးဝန်ကြီးဌာနနှင့် Unicef
တို့မှ
ပူးပေါင်းလှူဒါန်းထားတဲ့ သစ်တစ်ချို့ဟာလည်း နာဂစ်လေနှင့်အတူ
ကျောင်းအုပ်ဆရာမကြီးအိမ်သို့ ရောက်ရှိသွားကြောင်း၊ ကျောင်းသားများအတွက်
Unicef မှ ကူညီထောက်ပံ့ထားသော ကျောင်းသုံးပစ္စည်းများဟာလည်း
ကျောင်းအုပ်ဆရာမကြီးအိမ်မှာ ထားစရာမရှိအောင်ကို အလျှံပယ်ရှိနေကြောင်း
သိရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူငယ်ချင်းနှင့်အတူ ဆရာမကြီးအိမ်ကို
ဝင်လည်တဲ့အခါ ဆရာမကြီးအိမ်ခန်းအတွင်း Unicef တံဆိပ်နှင့်
အသုံးအဆောင်များကို အများအပြားတွေ့ခဲ့ရပါတယ်။ ဒါကို ရွာက လူကြီးတွေနှင့်
ကျောင်းသားမိဘတစ်ချို့က သိရှိကြသော်လည်း
ဗုဒ္ဓဘာသာ၊ မြန်မာများပီပီ ကိုယ့်ရပ်သူရွာသားချင်းလည်းဖြစ်၊
ကျောင်းအုပ်ဆရာမကြီးလည်းဖြစ်နေ၍ ဆရာမကြီးအား အပြစ်မဆိုကြ၊
အရေးမယူကြပါဘူးတဲ့။ တစ်ရပ်ရွာသားဖြစ်သော ကျွန်တော်ကသာ
ဤသို့ဆရာမကြီးလုပ်နေတာကို Unicef မှတာဝန်ရှိသူများ သိရှိသွားခဲ့လျှင်
နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကိုထိခိုက်မည့်အပြင် ဆရာမကြီးအတွက်နဲ့
စိတ်ကွက်ပြီး Unicef ၏ ဒေသတွင်း ကူညီထောက်ပံ့မှုများကိုပါ
ထိခိုက်နိုင်မည်မို့ မနေနိုင်မထိုင်နိုင် ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။
တာဝန်မရှိပေမယ့် တာဝန်သိသူ ဖြစ်စေချင်လို့ပါ။

2 comments :

Anonymous said...

WHY CAN'T U SEE THAN SHWE AS A BIG /MEGA THIEF!!!!!!
SO, U MAY SEE HER AS A SMALLEST THIEF IN BURMA !!!!
BECAUSE BETWEEN THAT WOMAN & THAN SHWE , THERE ARE MANY MANY ALI BA BA:::::::;;;;;;; SUCH AS TEZA,ZAW ZAW, WELL KNOWN,UNKNOWN,IN BURMA , IN ABROAD, FAW LAN FAH, CHIANT PHAWINT,SWAM/N AHAR SHIN, &ETCCCCCCCCCCCCCCCC!!!!!
THEY ARE DOING DIFFERENT WAY TO STEAL BUT ONE THING IS THE SAME AMONG THEM!!!
IT IS LEADING TO HELLLLLLLLLLLLLL
*REPENT*
*REPENT*
*REPENT*
(BA WA ,BA WA TWE , AH THIN CHEEEEEE)
*YA MA MINN*
*YIN LAW WAN*

Anonymous said...

မဲဆောက်က တို့ဆ၇ာမကြီးကတော့ unicef တော့မဟုတ်ဘူး ဘာလာလာ အကုန်ဘုံးတာ ဒါလဲ လူတွေသိတယ် ဆိုတာ သူတို့က ဂရုမစိုက်တော့ဘူး ငါ့မိသားစု ကောင်းစားဖို့ဆိုတဲ့ သန်းရွေနဲ့ အမျိုးတော်လားမသိအောင် တော်တော်တူတာ.အော် ငါတို့ ဗမာတွေ ဘ၀ မကောင်းလိုက်တာ။ ကရင်ဖြစ် အောင် ကရင်မ တယောက်လောက် ယူအုံးမှ.ဒါမှ ဟဲဟဲ
ဝါးလို့ရမှာ